အတွေ့အကြုံ
"လူအိုကြီးပိုင်ရေ - - ဂရုထဲကနဲ့ သူငယ်ချင်းရပ်ဝန်းက သတင်းတွေကို ကြည့်ပြီးပြီလား" သူငယ်ချင်းက စိတ်လှုပ်ရှားလွန်းလို့ အသံတွေပါတုန်နေသည်။ " မင်း ငါတို့ကို အကြံပေးထားတဲ့ ပစ္စည်းကလေ အရမ်းhotနေပြီ"
ပိုင်ကောင်းကျီက မတုံ့ပြန်နိုင်သေးဘူး
"ဘာကြီးလဲ"" ဟို ဆေးမှုန့်လေးလေကွာ - - ငါတို့ကို ရောင်းထားတဲ့ဟာ" သူငယ်ချင်းက ပြောသည်။ "အဲဒီဟာက အသုံးဝင်မယ်လို့ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး။ လောင်လီနဲ့တစ်ခြားသူတွေက ဆံပင်တောင် ပြန်ပေါက်နေကြပြီ။ အရင်ကတည်းက သိခဲ့ရမှာ။ စားပွဲပေါ်ကဟာတွေအကုန်လုံး ဝယ်ခဲ့ရမှာကိုကွာ"
ရှုပ်ထွေးနေသည့် ပိုင်ကောင်းကျီက
သူ့သူငယ်ချင်းက ဘာအကြောင်းပြောနေလဲဆိုတာ သိသွားရသည်။ ဒီရလဒ်ကို မျှော်လင့်ထားပြီး ဖြစ်ပေမယ့်လည်း ဒီအချိန်မှာ သူ၏စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်သေးဘူး။ဒါ့အပြင် သူက တစ်ခြားသူများကို လမ်းညွှန်ပေးထားတာဖြစ်ပြီး ပိုက်ဆံတစ်ပြားမှ ကုန်စရာမလိုတဲ့ ကြင်နာမှုသက်သက်ပဲ။
ရလဒ်အနေနဲ့ကတော့ လူတွေက သူ့ကို ရေဆိုးရေညစ်တွေနဲ့ လောင်းလာကြကာ
သူ့နောက်ကွယ်မှာ အကျည်းတန်တဲ့ စကားပေါင်းများစွာကို ပြောဆိုနေကြတုန်းပဲ - - - သူက စူးချီရဲ့ငွေကိုယူပြီး မိတ်ဆွေတွေကို လိမ်လည်လှည့်ဖျားနေတယ် - - - သူက ဖြန့်ဖြူးရောင်းချဖို့ အငှားခံထားရတယ်လို့ပေါ့။ထိုစကားလုံးများက ပိုင်ကောင်းကျီနားထဲသို့ ပြန်ရောက်လာသည့်အခါ ပိုင်ကောင်းကျီမှာ စိတ်ဆိုးဒေါသထွက်လွန်းလို့ အဖွဲ့ထဲရှိလူတွေကို ဖုန်းခေါ်ကာ ဆူဆဲဖို့ မစောင့်နိုင်ဖြစ်ခဲ့ရသည်။
အခုတော့ အဆင်ပြေပြီလေ - - - သူ သက်ပြင်းချနိုင်ခဲ့ပြီ။
အတွေးပေါင်းမြောက်များစွာက လက်ရှိကို ဆွဲခေါ်လာခဲ့သည်။ ပိုင်ကောင်းကျီ အာရုံပြန်ရလာတဲ့အခါမှာ ဖုန်ဆက်နေတဲ့သူငယ်ချင်းက မဝံ့မရဲနဲ့ ဂရုတစိုက် ပြောလာခဲ့သည်။
" လူအိုကြီးပိုင် ----- မင်း အဲဒီနေ့က ဆေးမှုန့်အထုပ်နှစ်ဆယ်လောက် ဝယ်ခဲ့တာမလား။ ငါ့ကို ငါးအိတ်လောက် ဘာလို့ခွဲမပေးရမှာလဲ။ မစ္စတာစူးဆီကနေ ဝယ်လို့ရတဲ့အခါကျရင် မင်းကို ငါးထုပ်ပြန်ပေးမယ်လေ"
YOU ARE READING
လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်
Romanceလူချမ်းသာကြီးရဲ့ ကလေးလေးကို ငါလွယ်ထားရတယ် #myanmar translation,not my own Author :: Sweet and Greasy Millet Porridge Total chapter :: 114chapter