သနားညှာတာမှုအတွက် ဒူးထောက်တောင်းပန်ခြင်း
ရွှီကျူးက အားသိပ်မသုံးထားတာမို့ သူ့ပါးကို ဖျစ်ညစ်ထားခံရတဲ့အခါ ဘာနာကျင်မှုမှ မခံစားရဘူး။ ဒါပေမယ့် မိန်းမငယ်လေးတစ်ယောက်၏ပါးကို သန်မာတဲ့ယောက်ျားတစ်ယောက်က ဖျစ်ညစ်ထားသလိုပဲ။
ဒီခဏမှာ သူတို့ရဲ့ ကိုယ်နေဟန်ထားနဲ့ ပုံစံကို တွေးမိပြီးနောက်မှာ စူးချီက ဒေါသထွက်လာပြီး ရယ်ချင်သွားရသည်။
စူးချီက ရွှီကျူးလက်ကို ပုတ်ထုတ်လိုက်သည်။ နောက်စက္ကန့်မှာပဲ ရွှီကျူးအာရုံမရချိန်မှာ သူ့ပါးလေးကို လက်ဖမိုးနဲ့ ဖိထားပြီး ရန်စတဲ့ အမူအယာလေးနဲ့ လက်တစ်ဖက်မြှောက်လိုက်သည်။
"ဘယ်လောက်ပဲ ဆိုးဝါးပါစေ ကိစ္စမရှိဘူး။ ရဟန်းအိုကြီးလို နေထိုင်ပြုမူတတ်တဲ့ ခင်ဗျားထက် ချမ်းသာလာမှာ"
သူက တက္ကသိုလ်တက်ခဲ့တုန်းက ယောက်ျားလေးနဲ့ မိန်းကလေးသူငယ်ချင်းအချို့၏အကြောင်းများကို လျှောက်ပြောနေခဲ့ကာ ရွှီကျူးကတော့ EXလေးတစ်ယောက်တောင် ရှိခဲ့တာမဟုတ်ဘူးလေ။ထိုစကားလုံးများကို ကြားပြီးနောက်မှာ
ရွှီကျူး၏မျက်နှာက ပိုပြီးမဲမှောင်လာခဲ့သည်။ သူ စူးချီကို ခဏလောက် စိုက်ကြည့်နေမိပြီးနောက် ရုတ်တရက် သရော်သော အပြုအမူကို လုပ်လိုက်သည်။
"ရှီဟောက်လိုလူဆီကနေ ချမ်းသာကြွယ်ဝမှုကို ဖန်တီးတာမျိုးလား။ မင်း စမ်းကြည့်ပြီးနောက်မှာ အဲဒါက သိပ်မကောင်းဘူးမဟုတ်လား"စူးချီက စိတ်အနှောင့်အယှက် သိပ်မဖြစ်သွားဘဲ ပျော်ရွှင်နေသောအပြုံးလေးဖြင့် ရွှီကျူးပါးကို ဖျစ်ညစ်နေဆဲဖြစ်ပြီး အဲဒါက
ရွှီကျူး၏ခန္ဓာကိုယ်ဆီကနေ သတ်ဖြတ်ချင်စိတ်တွေ ထွက်လာသည်အထိပဲ၊ ထို့နောက်မှာတော့ သူ့လက်ကလေးကို အလျင်အမြန် ရုတ်သိမ်းလိုက်သည်။"ငါ့မှာ အဆိုးမြင်စိတ်ရှိတယ်ဆိုတာ ဝန်ခံတယ်" စူးချီက ပုခုံးတွန့်ကာ "ငါ့မှာ အကောင်းမြင်စိတ်ရှိခဲ့ရင် --------"
စကားပြောဆိုနေရင်း စူးချီက ခဏရပ်သွားသည်။
သူ့မျက်လုံးများကို ပင့်ကာ ဖိအားအပြည့်ပေါ်လွင်နေသည့် ရွှီကျူး၏မျက်နှာကိုကြည့်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းလေးများက မြင့်တက်လာကာ ရွှီကျူးနားဆီသို့ အေးဆေးစွာတိုးကပ်သွားပြီး လေတစ်ချက် မှုတ်ထုတ်ကာ
"ကျွန်တော်က ခင်ဗျားနဲ့ တစ်ခုတင်ထဲ အတူတူအိပ်ချင်နေတုန်းပဲလို့ထင်လား"
YOU ARE READING
လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်
Romanceလူချမ်းသာကြီးရဲ့ ကလေးလေးကို ငါလွယ်ထားရတယ် #myanmar translation,not my own Author :: Sweet and Greasy Millet Porridge Total chapter :: 114chapter