ခွန်းတုံ့ပြန်ခြင်း
စူးချီက အသံလားရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ဇာ၀တ်စုံအဝါရောင်တောက်တောက်ကို ၀တ်ဆင်ကာ သူမရဲ့ခါးသွယ်သွယ်မှာ အနက်ရောင်ဆလင်ဒါခါးပတ်ကြိုးကို တပ်ဆင်ထားပြီး ဖြည်းဖြည်းချင်းလျှောက်လှမ်းလာသည့် မိန်းမတစ်ယောက်ကို မြင်လိုက်ရသည်။ သူမက မိတ်ကပ်ကို သေချာလိမ်းခြယ်ထားကာ မျက်ခုံးမွှေးပါးပါး၊ ဖီးနစ်မျက်လုံးပုံစံနှင့် ချယ်ရီရောင်နှုတ်ခမ်းတစ်စုံ ရှိသည်။ ဘယ်အသက်အရွယ်ဆိုတာ သေချာမပြောနိုင်ဘူး။
ဒီလှပတဲ့မိန်းမက ရွှီယန်ကျင်းရဲ့ချစ်သူဆိုတာ ခြေထောက်သုံးပြီးခန့်မှန်းပြောရင်တောင် ပြောနိုင်သည်။
ခဏချင်းမှာပဲ စန်းဖေးက ထမင်းစားပွဲဆီသို့ လျှောက်လာသည်။ သူမက ထိုင်ခုံကိုဆွဲယူကာ သဘာ၀ကျစွာ ၀င်ထိုင်ပြီးနောက် မေးကို လက်ဖြင့်ထောက်ကာ စူးချီကို စိတ်၀င်တစားကြည့်သည်။
" မင်းက စူးချီမလား ?? _ _ ရှောင်ကျူးက ဟိုအရင်ကတည်းက ကောင်လေးရှိတာ ကြားထားတာ၊ ဒါပေမယ့် သူက အကြီးအကဲတွေဆီ ခေါ်လာဖို့ ငြင်းဆန်တာလေ။ ငါတောင် တွေးနေသေးတာ ---- "
စန်းဖေးရဲ့မှတ်ချက်က စကားလုံးအများကြီးမပါလှဘူး။ ထိုဟာကို ဂရုတစိုက်နားထောင်ကြည့်ရင် သူမပြောလိုက်တဲ့စကားလုံးတိုင်းက သူမက ရွှီမိသားစု၀င်တစ်ယောက်ဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြောနေတာပဲ။
၀တ္ထုဖတ်ထားပြီးနောက်မှာ စူးချီက စန်းဖေးနှင့်ရွှီဟောက်၏ကာရိုက်တာအကြောင်းကို သိထားတာကြောင့် သူမ ဘာကိုဆိုလိုသလဲဆိုတာကို သိတာပေါ့။
သို့သော်လည်း စူးချီက တုံးအယောင်ဆောင်ကာ အခုထိအေးစက်နေသည့်မျက်နှာနှင့် ဘာတွေးနေမှန်းမသိရသည့် ရွှီကျူးဘက်သို့လှည့်ကာ ကမောက်ကမအပြုံးလေးကို အတင်းထုတ်လိုက်သည်။
" ဒါက --- " စူးချီက အသံကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။
" မှန်းကြည့် ---" ရွှီကျူးက တိုတိုတုတ်တုတ်ပြောသည်။
စန်းဖေး၏အပြုံးမျက်နှာက ချက်ချင်းတောင့်ခဲသွားသည်။
YOU ARE READING
လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်
Romanceလူချမ်းသာကြီးရဲ့ ကလေးလေးကို ငါလွယ်ထားရတယ် #myanmar translation,not my own Author :: Sweet and Greasy Millet Porridge Total chapter :: 114chapter