ကျိုးရန်က သည်းထန်စွာငိုကြွေးနေသည့် ထန်းမုန့်ယင်းကို ငုံ့ကြည့်လိုက်သည်။ သူ့စိတ်နှလုံးသားက အေးစက်နေခဲ့သည်။ စူးချီကို စွန့်လွှတ်ပြီး ထန်းမုန့်ယင်းအပေါ် အလုံးစုံလောင်းကြေးထပ်ခဲ့တာက မှန်ရဲ့လားဆိုတာ သံသယ၀င်လာမိသည်။
သို့ပေမယ့် ထန်းမုန့်ယင်းက သူကိုယ်တွယ်နေရတဲ့လူတွေထဲက တစ်ယောက်ဖြစ်ပြီး သူတတ်နိုင်တဲ့ ဝှက်ဖဲဖြစ်နေသည်။ သူတို့က ကြိုးနဲ့အချည်ခံထားရသည့် နှံကောင်တွေလိုပဲ။ ထန်းမုန့်ယင်းကျဆုံးသွားလျှင် ဆိုလိုတာက သူ့ရဲ့၀င်ငွေတွေလည်း ပျောက်ကွယ်သွားမှာပဲ။
နှစ်ကြိမ်လောက်တွေးကြည့်ပြီးနောက် ကျိုးရန်က ထန်းမုန့်ယင်းကို သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ မကျေနပ်မှုတွေကို မျက်လုံးအောက်ခြေအထိ အတင်းဖိနှိပ်ကာ နူးညံ့စွာပြောလိုက်သည်။ "ဒီတစ်ခါတော့ ငါကူညီပေးနိုင်တယ် --- ဒါပေမယ့် မင်း ငါပြောတဲ့အတိုင်း လုပ်ရမယ်"
ထန်းမုန့်ယင်းက ဘာမှမတွေးတောဘဲ ပြင်းထန်စွာ ခေါင်းညိတ်လိုက်သည် ။
နှစ်ရက်ကြာပြီးနောက် ထန်းမုန့်ယင်းက ဝေ့ပေါ်မှာ တောင်းပန်ဖို့ ပထမဦးဆုံးအကြိမ် ထွက်ပေါ်လာခဲ့သည်။
သို့သော် ထန်းမုန့်ယင်းက သူနဲ့ရှီဟောက်က ရေတပ်၀ယ်ယူတာကို ငြင်းဆန်ပြီး ရှီဟောက်နဲ့ ချစ်သူဆက်ဆံရေးကိုလည်း ငြင်းဆိုထားသည်။ သူက ရိုးရှင်းစွာပဲ သူ့ကြောင့် ဖြတ်ခုတ်ခြင်းခံလိုက်ရသည့် အနုပညာရှင်တွေကို တောင်းပန်ထားသည်။ ဒီရက်ပိုင်းအတွင်း မကောင်းတဲ့သတင်းတွေကြောင့် တောင်းပန်ထားသည် ။
တောင်းပန်စာတစ်ခုလုံးက အလွန်တရာကို ရိုးသားလှပုံပေါ်ပေမယ့် တကယ်ဆို သူက ပြင်းထန်တဲ့ စွပ်စွဲမှု၊ လျစ်လျူရှုမှုတွေကို ရှောင်ရှားနိုင်ဖို့ ပြင်ဆင်ထားကာ သူ့အမှားတွေကို ဘေးဖယ်ထားလိုက်ပြီး ရှီဟောက်အပေါ် အပြစ်ပုံချလိုက်ခြင်းဖြစ်သည်။
ဒါပေါ့ -- အင်တာနက်အသုံးပြုသူတွေကလည်း အရူးမဟုတ်ဘူး။ ထန်းမုန့်ယင်းရဲ့တောင်းပန်မှုက လူတိုင်းအတွက် ခွင့်လွှတ်ပေးချင်စရာ မဖြစ်ခဲ့ဘဲ နောက်ထပ် လှောင်ပြောင်မှုတွေ၏ ဦးတည်ရာဖြစ်လာခဲ့သည်။
YOU ARE READING
လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်
Romanceလူချမ်းသာကြီးရဲ့ ကလေးလေးကို ငါလွယ်ထားရတယ် #myanmar translation,not my own Author :: Sweet and Greasy Millet Porridge Total chapter :: 114chapter