Part-11

2.1K 249 4
                                    

ရဲဘော်စုဆောင်းခြင်း

နောက်ဆုံးမှာတော့ ပန်းပွင့်တွေ၏ရနံ့အတွက် ယွမ်သုံးသောင်းနီးပါး ပေးခဲ့ရတာဖြစ်ပြီး ပိုင်ကောင်းကျီမှာ သူတို့ကို ဂရုမစိုက်ဘဲ မနေရဲဘူး။

သူက အလှပဆုံးနဲ့ အကြီးမားဆုံးသော ပန်းအိုးကို အခန်းထဲမှာတွေ့လိုက်ရပြီး ထိုဟာကို ဆေးကြောအခြောက်ခံကာ ရေလောင်း ထည့်ပြီး ဂန္ဓမာပန်းများကို ထုပ်ပိုးထားသည့် သတင်းစာကို ဆုတ်ဖြဲကာ ပန်းအိုးထဲသို့ ဂရုတစိုက်ထည့်လိုက်သည်။

ဂန္ဓမာပန်းလေးတွေက အကျိုးသက်ရောက်မှုရှိရဲ့လားဆိုတာ စစ်ဆေးဖို့ ဒီနေ့မှာတော့
ပိုင်ကောင်းကျီက အစောကြီး အိပ်ယာဝင်ခဲ့သည်။ ခဏလောက် TVကြည့်ပြီးနောက် ရေချိုးကာ အိပ်စက်မှုတွေရောက်ရှိလာဖို့အတွက် ခုတင်ပေါ်သို့ လဲလျောင်းလိုက်သည်။ ဒါပေါ့ --- ဂန္ဓမာပန်းရိုင်းလေးတွေကို အိပ်ရာဘေးမှာထားဖို့လည်း မမေ့ပါဘူး။

အချိန်တွေသာ ကုန်သွားတယ်၊
ပိုင်ကောင်းကျီမှာ လန်းဆန်းနေဆဲဖြစ်ပြီး အနည်းငယ်သော အိပ်ချင်စိတ်လေးတောင် မခံစားရဘူး။

ဂန္ဓမာပန်းရိုင်းလေးတွေ၏ရနံ့က လေထုထဲ လွင့်ပျံနေပေမယ့် ပိုင်ကောင်းကျီ၏ မျှော်လင့်ချက်တွေကတော့ မသိလိုက်မသိဘာသာ ကျဆင်းသွားရပြီး သူ့ရဲ့စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်က မှန်ရဲ့လားလို့ သံသယဝင်လာသည်။

ဒီကိစ္စကြီးတစ်ခုလုံးက နားလည်မှု လွဲသွားတာများလား??

တကယ်တော့ မနေ့ညက သူပတ်ပြေးပြီးနောက် ပင်ပန်းပြီး အိပ်ပျော်သွားတာများလား။ သူ အိပ်ခေါင်းအုံးတွေ ထပ်ယူလိုက်ကာ ထပ်မံတွေးသည်။ ကျိုးကြောင်းဆက်စပ်မှုအရ ပင်ပန်းရင် အိပ်ပျော်သွားသင့်တယ်ဆိုပေမယ့် အရင်တုန်းက ဒီလို အိပ်မပျော်ဖူးဘူးလေ။

ပိုင်ကောင်းကျီက အများကြီး လျှောက်တွေးနေပြီး သူပိုတွေးလေလေ ပိုပြီး စိတ်ပျက်လာလေပဲ။ ဒီအချိန်မှာ စူးချီဆီကနေ ဂန္ဓမာပန်းရိုင်းတွေကို ယွမ်နှစ်သောင်းကျော်သုံးပြီး စိတ်လှုပ်တရှားနဲ့ ဝယ်ခဲ့ရတာကို နောင်တရနေပါပြီ။

လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်Where stories live. Discover now