နေရာလွတ်
စာအုပ်ထဲ ဝင်ရောက်သွားတာလိုမျိုး အံ့အားသင့်စရာတွေ ကြုံတွေ့ပြီးနောက်မှာ စူးချီက ဒီအချိန်မှာ အံ့သြမှုကို လျော့ချသွားနိုင်တယ်။
သူက စိတ်အေးအေးထားပြီး ဘေးနားတစ်ဝိုက်က ရှုခင်းကို ကြည့်လိုက်တဲ့အခါ သူတွေ့လိုက်ရတာက အဆုံးမဲ့တဲ့ ကောင်းကင်အနားသတ်အထိ ချဲ့ထွင်ထားတဲ့ အနှိုင်းမဲ့မြက်ခင်းပြင်ကြီးပေါ့။ ပထမအကြည့်တစ်ချက်မှာ ထိုဟာက လေပြေလေညင်းလေးတောင်မရှိတဲ့ ဆေးပန်းချီချယ်ထားသော ရှုခင်းတစ်ခုလို့ ထင်ရတယ်။
သိပ်မဝေးတဲ့နေရာက ရေစီးဆင်းသံကို ကြားလိုက်ရတယ်။ စူးချီက အသံလာရာကို ကြည့်လိုက်တဲ့အခါ ဘယ်အချိန်ထဲက သူ့ရှေ့မှာ ပေါ်ပေါက်လာမှန်းမသိတဲ့ အတော်လေးလှိုင်းထန်နေတဲ့ မြစ်တစ်စင်းကို တွေ့လိုက်ရပြီး မြစ်ကမ်းပါးနှစ်ဖက်မှာ အဝါရောင်ပန်းပွင့်များက အပြွတ်လိုက် ပေါက်ရောက်ဖူးပွင့်နေသည်။
စူးချီ ချဥ်းကပ်လာပြီး အနီးကပ်ကြည့်ရှုလိုက်သောအခါတွင် အလွန်အမင်းပွင့်လန်းနေသော ဂန္ဓမာပန်းရိုင်းပင်လယ်ကြီး ဖြစ်နေသည်။
စူးချီ မှတ်မိတာက ဂန္ဓမာပန်းရိုင်းပွင့်ချိန်ကာလက ဆောင်းဦးရာသီကာလ စက်တင်ဘာလကနေ အောက်တိုဘာလထိပါ။ ခုဟာက ဆောင်းဦးအစပိုင်းတောင် မရောက်သေးဘူး။ ယူဆချက်တွေအရ ဂန္ဓမာပန်းရိုင်းတွေက ဒီလို ထူထပ်ပေါများစွာ ပွင့်မနေသင့်ဘူး။
အခုမှာတော့ - - မဖြစ်နိုင်တဲ့ကိစ္စတွေ - - -
မကြာမီမှာပဲ လေထဲမှာ ပျံနှံ့နေသော လုချီ၏လန်းဆန်းသောရနံ့က စူးချီကို
ဆွဲဆောင်သွားခဲ့တယ်။ဗိုက်ကိုကိုင်ထားပြီး ငုတ်တုတ်ထိုင်ချကာ တောရိုင်းဂန္ဓမာပင်နားကို မှီကာ ပြင်းပြင်းထန်ထန် ရှူရှိုက်လိုက်သည်။ရုတ်တရက် ထူးဆန်းသောအနံ့တစ်ခုက သူ့နှာခေါင်းထဲသို့ လျင်မြန်စွာ စိမ့်ဝင်သွားပြီး
စူးချီသည် သမ်းဝေသွားကာ ရုတ်တရက် သူ့ခေါင်းထဲတွင် ကမောက်ကမဖြစ်သွားပြီး
မထင်မှတ်ပဲ ထိုနေရာမှာ တစ်ရေးတစ်မော အိပ်ချင်စိတ်များ တိုးပွားလာသည်။
YOU ARE READING
လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်
Romanceလူချမ်းသာကြီးရဲ့ ကလေးလေးကို ငါလွယ်ထားရတယ် #myanmar translation,not my own Author :: Sweet and Greasy Millet Porridge Total chapter :: 114chapter