မော်တယ်က ကုတင်ပေါ်လှဲရင်း သူမ ဒီလိုဘာမပြော၊ညာမပြော ကောင်လေးကိုထားခဲ့တာ မှားပြီလားစဉ်းစားမိသည်။ သူမက အခုမှ အတောင်အလက်စုံလို့ လောကကြီးထဲပျံသန်းကြည့်မလို့။ ကောင်လေးကအခုမှ အထက်တန်းတောင်မပြီးသေး။ ဘယ်လိုလုပ် သူမတို့က ကလေးတစ်ယောက်ကို ပျိုးထောင်နိုင်မှာလဲ။ မိသားစု တစ်ခုတည်ထောင်ဖို့ဆိုတာ မလွယ်မှန်း သူမ အဒေါ်မိသားစု ၊ ဖေဖေတို့မိသားစုကိုကြည့်ပြီး သူမ သိထားတာမို့ ဒီကိစ္စကိုဖြေရှင်းရမှာတွေးပူပန် ခေါင်းကိုက်မိသလို
ကာကွယ်ဖို့ မေ့နေတာကိုလည်း ဒေါသဖြစ်မိသည်။
ကောင်လေးကလည်း အသက်သာငယ်တာ အချစ်ကြမ်းချက်က သူနဲ့အိပ်ပြီးတိုင်း သူမမှာ မက်တပ်တောင် မရပ်နိုင်ပေ။ ခန္ဓာကိုယ်တောင့်ပြီးရုပ်လေးချောလို့ အားကိုးကြည့်မိတာ ခုတော့။
သူမရဲ့ဗိုက်ပြားပြားလေးကိုကိုင်ရင်း သက်ပြင်းအခါခါချမိသည်။ ကောင်လေးကို ဒီအတိုင်းပစ်ပယ်ထားလို့ မသင့် တခုခုပြောပြီး ခိုင်ခိုင်မာမာပြောပြီးလမ်းခွဲရမည်။
သူမိဘတွေကရော? ဒေါ်လေးရဲ့သားအနေနဲ့စဉ်းစားမိရင်တောင် သူမဒေါ်လေးသာဆိုရင် ပန်းကောင်းအညွှန့်ချိုးရတာ ဘာညာပြောပြီး လံုးဝသဘောတူမည်မဟုတ်ပေ။
အဘက်ဘက်ကစဉ်းစားပြီးသည့်နောက် သူမ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချကာ လက်ချောင်းတွေက ဖုန်းပေါ် တတောက်တောက်ရိုက်လိုက်သည်။....................................................................................
ဒွီ .....
လင်းထက် ရုတ်တရပ်ဖုန်းမှမတ်ဆေ့ကိုကြည့်လိုက်တော့
မ ဆီက။
" မနက်ဖြန် မနက် ညနေ ၅နာရီ အလင်းရိပ်ကော်ဖီဆိုင်ကစောင့်နေမယ်"စာကိုဖတ်ပြီး သူ့ရဲ့မျက်ခုံးထူထူတွေ တွန့်ချိုးသွားရသည်။ ဘာဖြစ်တာလည်း သူစဉ်းစားမရ။ ဖက်အိပ်နေကြ ကိုယ်လုံးအိအိချိုချိုမွှေးမွှေးလေးမရှိတော့ တခုခုလစ်ဟာသလိုခံစားမိရင်း။ ဘာတွေဖြစ်နေနေ သူမကိုလွှတ်မပေးဘူး ဆုံးဖြတ်ရင်း အိပ်ပျော်ဖို့ကြိုစားလိုက်တော့သည်။
....................................................................................ညနေ ၅:၃၀ သူမရောက်တော့ထောင့်ကျကျ စားပွဲဝိုင်းမှာ ထိုင်ရင်းဖုန်းကြည့်နေတဲ့လင်းထက်ကို သူမတွေ့လိုက်သည်။ သူမခပ်တည်တည်နဲ့ သူရဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်ကို သူက မော့ကြည့်ရင်း ။