သူအနမ်းတွေကိုရပ်လိုက်ပြီး သူမလက်ကိုဆွဲကာ ဧည့်ခန်းထဲခေါ်လာလိုက်သည်။
"Order ဖိုးပိုက်ဆံပေး ပြန်တော့မယ် ကလေးတွေအတွက်ညစာပြင်ရဦးမှာ။ ကျောင်းကြိုရဦးမယ်""အကြောင်းပြချက်တွေပေးပီး ထွက်သွားချင်နေတာလား။ အစောကြီးရှိသေး ။ ငွေတွင်းကြီးရှေ့မှာရှိနေတာကို ဟင်းဖိုးပဲတောင်းနေတယ်"
"အဲ့ဒီငွေတွင်းကြီးက ကိုယ်နဲ့မှမဆိုင်တာ။ "
"ဘာလို့မဆိုင်ရမှာလဲ ဒီငွေတွင်း လင်းထက်က မပန်းငုဝါအပိုင်ဟုတ်ပြီလား"
"ငါတို့က မဆိုင်ပါဘူး လင်းထက်ရယ်၊ ငါလည်း ငါ့ဘဝနဲ့ငါ နေသားကျနေပါပြီ။ နင်လည်း နင့်လမ်းခရီးကိူ ဆက်လျှောက်ပါ"
" မောင့်ရဲ့ ခရီးက မ နဲ့ ကလေးတွေလေ"
"လင်းထက် အရာရာကို ပေါ့ပေါ့လေးတွေးတတ်တာ ကလေးတွေပဲရှိတာ"
" မောင့်အသက် ၂၃ ကလေးမဟုတ်ဘူး ကလေးတွေကမောင့်ကလေးတွေဆိုတာ သိသိချင်း မ တို့နဲ့ မိသားစုတခုတည်ဆောက်ဖို့ ကြိုးစားခဲ့တယ်။ မောင့်ရဲ့ ဖိုးဖိုးကိုလည်းသေချာပြောပြခဲ့ပြီ။ စန်ဒီနဲ့ကိစ္စကလည်း စန်ဒီမေ့မေ့ရော စန်ဒီနဲ့ရော သေချာဆွေးနွေးခဲ့ပြီးပြီ။ မနက်ဖြန် စန်ဒီတို့ဘက်က စေ့စပ်ထားတာ ဖျက်သိမ်းကြောင်း ကြေငြာမှာ ။ အလုပ်မှာ ဖြစ်ပျက်ခဲ့တာတွေ အားလုံးလည်း သိခဲ့ပြီးပြီ။ မနဲ့ သားတွေသမီးတွေနဲ့အတူနေချင်လို့ လေးလေးနက်နက်ထားပြီး ကိစ္စတွေဖြေရှင်းခဲ့ပြီးပြီ။ အလုပ်ထွက်ပြီး ဘာတွေလုပ်နေလဲသိချင်လို့စုံစမ်းတာ ဟင်းချက်ပြီးရောင်းနေတာသိလို့ ဒီအတိုင်းချိန်းရင် လာမယ်မထင်လို့ ဟင်းမှာတာ လိပ်စာတောင် ဒီအိမ်ကို ခြောက်လစာ ငှါးပြီး လုပ်ထားတာ။ အဲ့တာ လေးနက်တာမဟုတ်လို့ဘာလဲ။"
သူမတို့အတွက် သူကြိုးစားခဲ့တယ်ဆိုတော့ ကျေနပ်မိပါသည်။ ဒါပေမယ့် ချက်ချင်းကြီးလက်ခံဖို့ကြပြန်တော့လည်း သူမစိတ်က အဆင်သင့်မဖြစ်သေး။
"လင်းထက်"
"မောင် လို့ခါ်ပါ့လား"
" မခေါ်ချင်ပါဘူး ရေးကြီးတာပြောမလို့နားထောင်ပေးဦး"