အခန်း(၁၁) ယောင်္ကျားတယောက်ရဲ့အစီအစဉ်

11.5K 294 14
                                    


     ငုဝါ နိုးလာတဲ့အချိန် ထဖို့ လုပ်တော့ တစ်စုံတစ်ယောက်ရဲ့သန်မာတဲ့လက်တွေက သူမရဲ့ ခါးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားသည်။ ဘာတွေဖြစ်နေတာလဲဆိုတာ စဉ်းစားဖို့ ဦးနှောက်ကိုအလုပ်ပေးလိုက်လေသည်။ ညက သူမစာရင်းအင်းတွက်ပြရင်းကော်ဖီသောက်လိုက်သည်။ သူမမျက်လုံးတွေဘယ်လိုမှထိန်းမထားနိုင်စွာလေးပင်လာလို့ အိပ်ပျော်သွားခဲ့သည်။ပြီးတော့ ပြီးတော့ ။ အခြေအနေကိုအတည်ပြုဖို့ စောင်အောက်က သူမခန္ဓာကိုယ်ကိုတချက်စစ်လိုက်သည်။ ဘာအဝတ်အစားမှမပါသည့်အပြင် သူမရဲ့အောက်ပိုင်းတနေရာဟာ နာပြီးအောင့်နေလေသည်။
သူမတိတ်တိတ်လေးထွက်သွားရမည်လား ဒီအခြေအနေကိုသူ့ကို ရှင်းပြခိုင်းရမည်လား။ သူမတွေးနေတုန်းရှိသေး လင်းထက်ရဲ့လက်တွေသူမဆီမှ လွှတ်သွားသည်။ သူမ ကျောက်ရုပ်တရုပ်လိုအိပ်ယာထဲကျန်ခဲ့သည်။ သူမကျောပေးထားသော အနောက်ဆီမှ
     "နိုးရင်လည်း ထတော့လေ"
  သူမရုတ်တရပ်တစုံတရာကိုသတိရသွားကာ
စောင်ကိုသူမတစ်ကိုယ်လုံးပတ်ပြီးထလိုက်သည်။
       " နင် နင် မဟုတ်မှ ညကငါ့ကိုဆေးခတ်လိုက်တာမလား။ လူယုတ်မာ နင်က"
လင်းထက်ကရေဘူးမှရေကို တဂွက်ဂွက်သောက်ရင်း သူမကိုလှမ်းကြည့်နေလေသည်။ ရေသောက်ပြီးတော့ ရေဘူးကိုပြန်ပိတ်ရင်း သူမကိုရုပ်တည်ကြီးဖြင့်ကြည့်နေက
          " အိပ်တဲ့ကိစ္စက မင်းငါ့ကိုအရင်မြူဆွယ်တာနော် ခဏလေး"
သူအိပ်ယာဘေးက မီးခံသေတ္တာထဲမှ ငွေအထပ်လိုက်ကိုထုတ်ယူနေတာ ငုဝါမြင်လိုက်သည်။ ငွေထပ်ကို စားပွဲပေါ်တင်လိုက်ရင်း သူမဆီလှည့်လာကာ
          "မိုးတောင်မလင်းသေးဘူးဆိုတော့ မင်းစိတ်ပါသေးရင် အချိန်ပိုကြေးပေးနိုင်ပါသေးတယ်။
ညက မင်းငါ့ကို ခံစားမှုကောင်းအောင်တော်တော်လေးလူပ်ပေးနိုင်လို့ ပိုက်ဆံပိုပေးထားတယ်"
သူပြောနေတာတွေကို ငုဝါ နားလည်တာလိုလို မလည်တာလိုလို သူ့ကိုငေးစိုက်ကြည့်နေပြီး ဘာကိုဆိုလိုတာလည်း သိနိုင်ဖို့အတော်လေးကြိုးစားရလိုက်သည်။ တချိန်ခဏကြာစဉ်းစားလိုက်တော့ သူမ တခုခုကိုသဘောပေါက်သွားသည်။ လင်းထက်က သူမကိုပြည့်တန်ဆာလိုသဘောထားနေတာပဲ။ ရုတ်တရပ်သူမအဖြစ်ကို ပြန်တွေးပြီး စိတ်တွေတင်းထားပေမယ့်လည်း ဝမ်းနည်းကာ မျက်ရည်တို့က ပိုးပိုးပေါက်ပေါက်ကျလာသည်။
     လင်းထက် အိပ်ယာပေါ်က ရှိုက်ကြီးတငင်ငိုကြွေးနေသော ဒေါ်ငွေချစ် (ပန်းငုဝါ) ကို အနည်းငယ် မုန်းတီးစွာဖြင့်ကြည့်နေလေသည်။ တကယ်ပဲ သူမ သရုပ်ဆောင်ချက်တွေကတော့လက်လန်တယ်။ သူမအကြောင်းမသိတဲ့သူဆိုရင်တော့ အားနည်းသူဖြူစင်သူလေးပေါ့။ ကံကောင်းထောက်မစွာ လင်းထက် ငုဝါအကြောင်းကိုသိနေတော့ နည်းနည်းတော့ ချဉ်သွားသည်။
        ငုဝါ ဟိုဒီကျနေသော င်္အကျီတွေကောက်ယူကာ ရေချိုးခန်းထဲဝင်သွားသည်။ အင်္ကျီဝတ်ပြီး ပြန်ထွက်လာသော ငုဝါက
       "နင့်ပိုက်ဆံတွေ ငါမလိုဘူး လူယုတ်မာ"
သူမပြောပြောဆိုဆို သူ့ရှေ့ဆီရောက်လာကာ သူ့ပါးကိုရိုက်လိုက်သည်။ သူမလက်က ပါးဆီမရောက်ခင်မှာပဲ လင်းထက်က ဖမ်းဆုတ်လိုက်ပြီး
       " မင်းပဲငါ့ကို အရင်စ မြူဆွယ်ပြီး ၊ ငါက အနိုင်ကျင့်သလိုမျိုးနဲ့ ငါ့ကိုလာမထိပါးနဲ့။ ဘာလဲ ပေးတဲ့ငွေကနည်းလို့လား ဘယ်လောက်လိုချင်တာလည်း မင်းဘယ်လောက်မှန်းထားလဲ။ ဧကံန ငါ့ကိုလိုချင်လို့တော့မပြောနဲ့နော် ။ မင်းခန္ဓာကိုယ်သာနှီးနှောချင်နှီးနှောမယ် မင်းစိတ်ဓာတ်ကိုတော့ရွံတယ်"

ဒုတိယအကြိမ်ချစ်ဖို့ မဖြစ်နိုင်တော့ဘူးOpowieści tętniące życiem. Odkryj je teraz