အခန်း(၁)ဝေးခန်း

2.6K 13 1
                                    


မဟုတ်ပါစေနဲ့ ဆုတောင်းခဲ့လည်း ဆီးစစ်တံပေါ်က
မျဉ်းနီနှစ်ကြောင်းက ကိုယ်ဝန်ရှိကြောင်း သံသယဖြစ်စရာမလိုတော့။ ဒီတခုက သုံးကြိမ်မြောက်စစ်ကြည့်တာပဲ။
"ငါ့ဘဝက အခုမှ လွတ်လွတ်လပ်လပ်ဖြစ်တော့မယ်လို့တွေးကာမှ ကျစ်..."
နည်းနည်းတော့ စိတ်လှုပ်ရှားပူပန်ရပေမယ့် ဒီကိစ္စကို သူ့ကို ဘယ်လိုဖွင့်ပြောရမလဲဆိုတာ ပိုခက်ခဲကာမစဉ်းစားတတ်တော့။
ပိုဆိုးတာက သူမတို့တွဲတာ သုံးလပင်မပြည့်သေးသလို သူ့အကြောင်းလည်း ဘာမှသူမ မသိသေးပါ။

လွန်ခဲ့တဲ့သုံးလ သူမ အလုပ်တခုရပြီး သူမ အဒေါ်အိမ်မှ ခွဲထွက်ခဲ့သည်။ သူမ မေမေက သူမကိုမီးဖွားပြီးဆုံးသွားခဲ့တော့ ဖေ့ဖေ့ညီမ အဒေါ်ကပဲ ပြုစုစောင့်ရှောက်ခဲ့သည်။ ဖေဖေက သူမငါးနှစ်အရွယ်မှာပဲ ဒုတိယ အိမ်ထောင်ပြုကာ တခြားနိုင်ငံမှာ အခြေချသည်။ အဲ့ဒီမှာ ခက်ခက်ခဲခဲ အခြေချနေရသည်မို့ သူမက အဒေါ့်မိသားစုနဲ့ပဲနေခဲ့ရသည်။

အရမ်းအဆင်ပြေကြီး မဟုတ်သောအဒေါ်က သူမအပေါ်သီးခံကာ စောင့်ရှောက်ထားပါသည်။သူမကလည်း အလိုက်တသိဖြင့် အိမ်မှုကိစ္စကူညီလုပ်ကိုင်ပေးရပါသည်။ အိမ်သေးသေးလေးထဲ မိသားစု ခြောက်ယောက်နေရသည်မှာ ကျဉ်းကျဉ်းကျပ်ကျပ်မို့ သူမဘွဲ့ရ အလုပ်ရသည်နှင့် အဆောင်ပြောင်းခဲ့သည်။

ဘဝကို ကိုယ်ပိုင်ပျံသန်းနေပြီဆိုတာဂုဏ်ပြုဖို့ ဘားတခုမှ တစ်ယောက်ထဲ သွားသောက်ခဲ့သည်။
မူးမူးဖြင့် ဘားမှာ သီချင်းဆိုသော ကောင်လေးကို သူစင်ပေါ်က ဆင်းတော့ စကားသွားပြောခဲ့သည်။
ပြီးတော့ မူးမူးဖြင့် အတူအိပ်ခဲ့ကြသည်။
နှစ်သားအတူဆွေးနွေးပြီး တွဲဖို့ဆုံးဖြတ်ကြသည်။
ချစ်တာတွေဘာတွေမပြောဖြစ်ကြပေမယ့် နှစ်သားအဆင်ပြေပြေ အတူနေနိုင်ခဲ့ကြသည်။
သူမက ကုမ္ပဏီဝန်းထမ်းဖြစ်ကာအလုပ်ချိန်ပုံသေရှိသော်လည်း သူက ဘာအလုပ်လုပ်မှန်းသေချာမသိပေ။ မနက်စောစောထွက် ည အချိန်တိတိကျကျ ပြန်မလာတတ်ပေ။ အချိန်ပိုင်းအလုပ်ပဲပြောထားတော့ သူမလည်း သိပ့်မစပ်စုမိပေ။

ခုတော့ ကိုယ်ဝန်ကိစ္စက ဆွေးနွေးမှ ရမှာမို့ ညစာစားရင်း ပြောပြဖို့စိတ်ကူးထားလိုက်သည်။
"ညစာ ကောင်းကောင်းလေးချက်ပြီး ဖွင့်ပြောရမှာပဲ အား    ရှက်လိုက်တာ ၊ ငါဘာလို့ကာကွယ်ဖို့ကိုမေ့နေတာလဲ ၊ စိတ်လှုပ်ရှားလွန်းလို့ မေ့သွားတာဖြစ်မယ်"
သူမ လောလောဆယ်ဟင်းချက်ဖို့ ဈေးဝယ်ထွက်မှ ဖြစ်မယ်။

ဒုတိယအကြိမ်ချစ်ဖို့ မဖြစ်နိုင်တော့ဘူးOpowieści tętniące życiem. Odkryj je teraz