ငုဝါ ညက ပင်ပန်းထား၍ မနက်ခါတိုင်းထက် အတော်ပင်နောက်ကျမှ နိုးလေသည်။ နိုးနိုးချင်း သတိရသည်က ကလေးတွေအတွက် ကျောင်းသွားဖို့ပြင်ဆင်ပေးရမည်။ ဝုန်းကနဲ့အိပ်ယာမှထကာ မီးဖိုထဲ အပြေးသွားလိုက်တော့သည်။ အလောတကြီးဝင်လာသော ငုဝါတစ်ယောက်
" Morning မေမေ"
ကလေးသုံးယောက်အသံကြာရသည်မို့ ကြည့်လိုက်တော့ မကျအထထိုင်ကာ မနက်စာစားနေကြသည်။ ပြီးတော့ Apronကြီး ဝတ်ပြီး ခေါက်ဆွဲတွေပြင်နေသော လင်းထက်။ ဝက်ဝံရုပ်တွေပါတဲ့ Apron ပန်းရောင်က အရပ်မြင့်မားထွားကြိုင်တဲ့ သူ့ကိုယ်နဲ့ဆိုတော့ သေးသေးဖြစ်နေကာ ကြည့်ရသည်မှာ ရယ်စရာကောင်းသလို ချစ်စရာလည်း ကောင်းနေပြန်သည်။လင်းထက် သူ့ကိုကြည့်ကာ ရယ်ချင်တာကို အတင်းမျိုသိပ့်ထားပြီး ပြုံးစိစိဖြစ်နေသော ငုဝါကို
"Morning မိန်းမ ရယ်ချင်လည်း ရယ်လိုက်ပါ။
မောင်က မရှက်ပါဘူး။ မိန်းမရယ်ရင် ချစ်ဖို့ကောင်းလွန်းလို့ ခနခန ရယ်စေချင်တာ "သူ့စကားကိုကြားတော့
"ကလေးတွေရှေ့ စကားကြည့်ပြော"
"ဟောဗျာ ချစ်စရာကောင်းလို့ကောင်းတယ်ပြောတာ
မောင့်မိန်းမ ကိုချစ်တယ်ဗျာ။ ကလေးတွေရှေ့ ပိုပြောပေးရမှာ ဒါမှ သူတို့မေမေနဲ့ဖေဖေက ချစ်ခင်ကြတာသိမှ သူတို့လည်းစိတ်ချမ်းသာမှာ။ "တကယ်ကို ပြန်ချေပဖို့ပင် မတတ်နိုင်သော အကြောင်းပြချက်ကောင်းရယ်ပါ။ လင်းထက်ပြောတာလည်း အဟုတ်ပါပဲ။ မိသားစုတော်တော်များများက ကလေးတွေရှေ့ မေတ္တာ အကြင်နာ စကားပြောဖို့ကြတော့ရှက်စရာလို့မြင်ပြီး ရန်ဖြစ်တာ စကားများတာ ဆဲဆိုတာတွေကြ ကလေးတွေရှေ့လည်းမရှောင် ပြုမူတတ်ကြသည်။ ဒါတွေက တကယ်တော့ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာထိခိုက်စေတတ်လေသည်။
"မနက်စာ စပါကတီ အချိုနဲ့ လိမ္မော်ရည်
မောင့်လက်ရာ မျာရများစားနော် ။
ကလေးတွေတောင် နှစ်ပန်းကန်စီကုန်ပြီ"ပြောပြောဆိုဆို သူမပုခုံးကိုကိုင်ကာ ထိုင်ခုံပေါ်ထိုင်စေလိုက်သည် ။ ပြီးတော့ ပန်းကန်းပြားထဲ လှလှပပ ပြင်ဆင်ထားသော စပါကတီ ခေါက်ဆွဲက အနံနဲ့တင် သွားရည်ကျစရာ။ ကလေးတွေကတော့ စားလက်စကို လက်စသတ်နေကြပြီ။ ကျောင်းလိုက်ပို့ပေးရမှာလည်းရှိသည်မို့ သူမ အမြန်စားဖို့ပြင်လိုက်သည်။
" သမီးနဲ့သားတို့ စားပြီးသွားရင် လိမ္မော်ရည် သောက်ရမယ်နော်။ ကုန်အောင်သောက်နိုင်သူက အားများများရှိပြီး ကျန်းမာမယ် အသားအရည်တွေဝင်းဝါမယ်"