အခန်း(၁၄)နောက်ထပ်တစ်ကြိမ်

12.7K 274 15
                                    

          ကလေးထိန်းအန်တီဒေါ်စိုးစိုးဦးမပြန်ခင်ကတည်းက တပတ်ကြိုပြီး ငုဝါ ကလေးတွေကို မူကြိုထားဖို့ ပြင်ဆင်ရတော့သည်။ သူမရဲ့ဝင်ငွေက သူမတစ်ဦးစာနှင့် ကလေးတစ်ယောက်ကျောင်းထားဖို့လုံလေလာက်ပေမယ့် ကလေးကသုံးယောက်ဆိုတော့ သူမစုငွေလေးတွေပါထုတ်ရတော့သည်။
လင်းထက်ထည့်ပေးလိုက်တဲ့ငွေကိုတော့ ပါဆယ်သေချာထုတ်ပြီး deliနှင့်သာ ပြန်ပို့လိုက်တော့သည်။
              ခါတိုင်း ၇ နာရီမှထသော သူမ ကလေးတွေကျောင်းပို့ရသည်မို့ ၅နာရီမထိုးခင်ကထပြီး ကလေးတွေအတွက် မနက်စာနှင့် ထမင်းထုတ်ကို ပြင်ဆင်ပေးရတော့သည်။ မနက်စာကိုတော့ ပဲပြုတ်ထမင်းဆီဆမ်း နဲ့နွားနို့။ သူမတော့အတွက်ကော်ဖီနှင့်။ နေ့လည်စာအတွက် အဝါရောင်ကြောင်ပုံလေးပါသော ထမင်းဗူးထဲ အထမင်းအနည်းငယ်ဖြန့်ပြီးထည့်လိုက်သည်။ထို့နောက် ငါးအသားကို အရိုးမပါအာင် သေချာလုပ်ပြီး အသားပြားကြော်ကိုသစ်ပင် ပင်စည်ပင်လုပ် broccoli 🥦 ကိုသစ်ကိုင်းပုံစံပြင်ပြီးတင်လိုက်သည်။ ကြက်ဉပြုတ်ကို ယုန်ရုပ်ပုံစံပြုလုပ်ပြီး သစ်ပင်အောက်မှာထားလိုက်သည်။ ပန်းသီးနှင့် သစ်တော်သီးကိုလည်း အသဲပုံ အတွန့်ပုံလေးတွေပေါက်အောင်စိတ်လှီးပြီး ဗူးသတ်သတ်တခုထည့်လိုက်သည်။ အဝါရောင်ရေဗူးဆင်တူသုံးဗူးကိုရေထည့်လိုက်သည်။ သူမပြင်လို့မပြီးခင် ကလေးတွေအိပ်ယာနိုးလို့ မနက်စာအရင်စားခိုင်းလိုက်သည်။ အားလုံးပြင်ဆင်ပြီးတော့ သူမရေချိုးလိုက်သည်။ သူမပြင်ဆင်ပြီးတော့ မနက်စာ စားပြီးသော ကလေးတွေကိုမျက်နှာသစ်ရေချိုးခိုင်းပြီး သူမက ကလေးတွေအတွက်အဝတ်ရွေးနေလိုက်သည်။ အာလုံးပြင်ဆင်ပြီးသွားတော့ရှစ်နာရီခွဲတော့မှာမို့ ကလေးတွေ လွယ်အိတ် ထမင်း ရေဗူး သေချာစစ်ကာ မူကြိုအရင်ပို့ထားလိုက်သည်။ သူမမှာ မနက်စာပင် မစားနိုင်ခဲ့တော့ပါ။ ကလေးတွေကို မူကြိုဆရာမစီ သေချာအပ်ခဲ့တာမို့ စိတ်ချလက်ချပင် အလုပ်ကိုထွက်လာခဲ့လိုက်သည်။

          လင်းထက်တစ်ယောက် စန်ဒီမောင်နှင့်အတူ မူကြိုကျောင်းကိုရောက်နေလေပြီ။ ကလေးတွေအတွက် နေ့လည်အဆာပြေ Sandwiches နဲ့ Miloကိုပြင်ဆင်လာပြီး အခြားသွားရည်စာများပါပါလေသည်။  သူတို့ရောက်တဲ့အချိန်က ကလေးတွေ နေ့လည်စာစားပြီး တရေးအိပ်ပြီးချိန်ဖြစ်သောကြောင့် ကလေးတွေကို မုန့်အရင်ဝေကြသည်။ သူက မုန့်တွေပေးနေရင်း
         " ဦးဦး နေကောင်းတယ်နော်။မုန့်ပေးရို့ကျေးဇူးဘာ" သူ့ကိုသိသလိုနှုတ်ဆက်နေသော ကောင်မလေးကို ကြည့်လိုက်တော့ ဟိုတခါ စျေးဝယ်စင်တာမှာတွေ့တဲ့ ကလေးမလေး။ သူမလေးနောက်မှာ သူနဲ့တိုက်မိသော အငယ်ဆုံးပေါက်စလေး နောက်မှာတော့ သူ့ကို ပိုက်ဆံအရော်ပေးသည့်ကောင်လေး။
        "နေကောင်းပါ့ဗျာ။ ကလေးတို့လည်း များများစားပြီး ဆော့နော် ဒါမှ အားရှိပြီး သန်မာမှာ"
       "ဟုတ်ကဲ့"

မုန့်ရပြီးသော ကလေးတွေက နေရာတကျထိုင်ပြီး မုန့်တွေစားနေကြသည်။ သူလည်း မုန့်စားနေသော ကလေးသုံးယောက်ကို ဘာရယ်မဟုတ်ငေးကြည့်နေမိသည်။ ဒါကို သတိထားမိသော စန်ဒီက
 
      "လင်း အဲ့ဒီကလေးတွေက နင့်ကလေးတွေမဟုတ်တာ သေချာပါတယ်နော်။ ရုပ်တွေက ကြည့်ရင်းကြည့်ရင်း အရမ်းဆင်လာတယ်"

ဒုတိယအကြိမ်ချစ်ဖို့ မဖြစ်နိုင်တော့ဘူးTempat cerita menjadi hidup. Temukan sekarang