အခန်း(၁၉)
လင်းထက်ရဲ့ကွန်ဒိုကိုပြောင်းလာတော့ ကလေးတွေကအရမ်းပျော်နေကြသည်။ အရင်တိုက်ခန်းထက် အဆများစွာကျယ်ပြီး ပစ္စည်းတွေကလည်း ဇိမ်ခံအကောင်းစားတွေချည်းမို့ ကလေးတွေက တအံတဩ ကြည့်နေကြသည်။ ကလေးတွေအကြိုက်ဆုံးက ရေခဲသေတ္တာပင် အဝတ်ဗီဒိုထက်ပင်ကြီးမည်။ ငုဝါအရင်လာတုန်းကပင် မရှိသေးပါ။ ကလေးတွေအိမ်ရောက်လာမည်ဆိုသောကြောင့် လင်းထက်က ဝယ်ထားခြင်းဖြစ်သည်။
ဒီနေ့က ကျောင်းပိတ်ရက်မို့ လင်းထက်က ကလေးတွေနဲ့အတူ မိုနိုပိုလီဆော့နေကြသည်။
ကမ္ဘာလေးက ဆော့နေရင်း"ဖေဖေ တားလည်း လေယာဉ်ကြီးစီးချင်လိုက်တာ"
"စီးရမှာပေါ့ ဖေဖေက အခု ခရီးတခုစီစဉ်နေတာ မိသားစုလိုက် လေယာဉ်နဲ့သွားကြမှာ"
"ဟေး......ဒါမှ တို့ဖေဖေကွ"
"ဖေဖေက အကောင်းဆုံးပဲ"
"မဟူတ်ပါဖူး မေမေက ကောင်းဆုံး"
ဒါဒါလေးကပြောရင်း ဘေးကဆိုဖာမှာ စာအုပ်ဖတ်နေတဲ့ ငုဝါ့ကိုလည်း လှမ်းကြည့်နေသေးသည်။ သည်ကောင်မလေးကဆို လူကြီးတွေအသည်းဘယ်လိူချွေရမလဲသိတယ်။
"တားက ဖေဖေတွေထဲ ဖေဖေက အကောင်းဆုံရပြောတာ""ဟုတ်ပါပြီ အတတ်လေးရာ စကားကိုတတ်ကြတယ်။ နေ့လည်စာ ချိန်နီးနေပြီဆိုတော့ နေ့လည်စာပြင်ကြရအောင်"
"ဟုတ် ဖေဖေ။ ကမ္ဘာလေးနဲ့ ဒါဒါက ဆော့ထားတာတေ သိမ်းလိုက်မယ်။ မေမေဖေဖေနဲ့ကိုကိုက စားဖို့ပြင်လိုက်နော်"
" ကြည့် ဒီသမီးလည်းဟာ သွက်လက်တယ် အလိုက်သိတယ် စကားပြောလည်းတတ်တယ် ငါတော့ သမီးကြီးလာရင် ခြံခုနှစ်ထပ်ကာရတော့မှာပဲ။ ဒီချစ်သမီးလေးကိူ ဘယ်သူလက်ထဲမှ မထည့်နိုင်။
ပြီးတော့ ကလေးတွေအများကြီးနဲ့ မိသားစုတွေနွေးနွေးထွေးထွေးနေချင်မိသည်။ ယခုအချိန်က လင်းထက်ဘဝရဲ့ အကောင်းဆုံးတွေပါပဲ။ စဉ်းစားနေရင်း ငုဝါကိုလည်း ကျေးဇူးတင်မိသည်။ ဒီချစ်စရာ ကလေးတွေကို မွေးဖွားပေးပြီး ကောင်းကောင်းပျိုးထောင်ပေးခဲ့လို့။ "
လင်းထက် တွေးနေရင်းကနေ ငုဝါဆီသွားပြီး ပါးလေးကို ဖွဖွလေးနမ်းလိုက်သည်။
လင်းထက်ကို ကလေးတွေရှေ့မှာလို့ ရှက်ကန်ကန်ပြီးပြောနေဖို့မလိုတော့ သူပြောမှာက ချစ်ခြင်းမေတ္တာကိုပြသတာဟာ ရှက်စရာမဟုတ် ကလေးတွေက ဒါကိုမြင်ပြီး နွေးထွေးတယ် ခံစားရမှာဟုသာ။
လင်းထက် သူမကိုနမ်းနေတာမြင်တော့ ကလေးတွေလည်း သူမဆီပြေးလာကာ
"ဖေဖေတယောက်ထဲ နမ်းနဲ့ ဒါဒါလေးတို့လဲနမ်းမယ်"
"တားတားရောပဲ အူးမွ"
"အူးမွ အူးမွ"
"ဖေဖေ့ကိုလည်း နမ်းမယ် "
"မွ "
"အူးမွ"