အခန်း(၁၂)ရှောင်လွဲမရတဲ့ကံကြမ္မာ

11.3K 295 18
                                    


        ငုဝါ အိပ်ယာကနိုးလာတော့ လင်းထက် ဘေးမှာမရှိတော့။ သူမလည်းအဝတ်အစားတွေကောက်ဝတ်ပြီး အားအင်ချိနဲ့စွာဖြင့် အိမ်ပြန်ဖို့ပြင်လိုက်တော့သည်။
        "ဟေ့ မနက်စာစားသွားဦးလေ"
   
ငုဝါ လင်းထက်ကို စူးစူးရဲရဲတချက်ကြည့်ကာ ဘာမှမပြောစိတ်မရှိတော့လို့ ထွက်သာလာခဲ့တော့သည်။

         ငုဝါအိမ်ရောက်တော့ ကလေးတွေမနက်စာစားနေကြပြီ။ အန်တီကလည်း သူမကိုစိတ်ပူစွာကြည့်ရင်း
       "ငုဝါ အလုပ်ကညလုံးပေါက်လုပ်ရတာလား
မျက်နှာကညှိုးနေတာပဲ။ အန်တီမနက်စာပြင်ပေးထားမယ် ရေမိုးချိုးလိုက်ဦး အရင်"

အန်တီကပြောတော့ ကလေးတွေအားလုံးလည်း သူမဆီလှည့်ကြည့်သည်။ အမေကိုမြင်သည်နှင့် ကလေးတွေက သူမဆီပြေးလာဖို့ ပြင်နေတာမြင်တော့
      
      " မေမေ ရေအရင်ချိုးလိုက်ဦးမယ်။ မနက်စာပဲသေချာစားနေကြနော်။ ပြီးမှ အာဘွားပေးမယ်နော် "

ကလေးတွေကိုမြင်လိုက်သည်ခဏ သူမ အနည်းငယ်ပျော်ရွှင်သွားရပြန်သည်။ ရေချိုးပြီး အလုပ်တခါထဲသွားဖို့ပါ ပြင်လာလိုက်သည်။ ထမင်းစား စားပွဲပေါ်မှာတော့ ဆန်းဝှစ်နှင့်ကော်ဖီ သူမအတွက်ပြင်ဆင်ထားသည်။ ကလေးတွေကတော့ နွားနို့နှင့် မုန့်ကို အားပါးတရစားနေကြသည်။ ငုဝါ ကမ္ဘာလေးဘေးမှာထိုင်ပြီး အများကြီးကျန်နေသေးသော နွားနို့ဖန်ခွက်ကိုယူကာ
    
      " ကမ္ဘာလေးက နို့ကုန်အောင်သောက်ရမယ်နော် " ပြောရင်း သူမကိုယ်တိုင်တိုက်လိုက်သည်။

        "အန်တီ မနေ့ညက ကလေးတွေသေချာအိပ်ရဲ့လား။  မမျှော်လင့်ဘဲ အလုပ်မှာအိပ်လိုက်ရတယ် ။ ဖုန်းဆက်ဖို့လည်း အခွင့်မသာလို့ " သူမ မုသားသုံးကာဆိုလိုက်လေသည်။
        " နောက်ဆို ဖုန်းဆက်နော် အရင်ကတခါမှ ဒီလိုအလုပ်မှာ အိပ်ရတယ်မရှိတာ။ ကလေးတွေလည်း စိတ်ပူ အန်တီလည်းစိတ်ပူတာပေါ့။ "

      "တောင်းပန်ပါတယ် အန်တီ။ ပြီးတော့ ကလေးတွေကိုလည်း ကြည့်ပေးထားလို့ ကျေးဇူးတင်ပါတယ်နော် "

"မေမေ နောက်ခါအလုပ်မှာအိပ်ရမာဆို ဒါဒါလေးတို့လည်းလိုက်မယ် မေမေနဲ့မခွဲနိုင်ဘူး"  ပေါင်မူန့်စလေးတွေက နှုတ်ခမ်းမှာပေနေပြီး ချွဲချွဲလေးပြေဋနေသော ဒါဒါလေးကို ချစ်မဝစွာကြည့်လိုက်သည်။ နှုတ်ခမ်းမှ ပေါင်မုန်စလေးတွေခွါ ပေးရင်း

ဒုတိယအကြိမ်ချစ်ဖို့ မဖြစ်နိုင်တော့ဘူးTempat cerita menjadi hidup. Temukan sekarang