သူမအိပ်ယာကနိုးတော့ နေတော်တော်မြင့်နေပြီဖြစ်သည်။ ကုတင်ပေါ်မှထ ထိူင်လိုက်တော့ ဗိုက်ထဲစူးကနဲ့အောင့်မြက်သွား၏။ ဗိုက်ကိုအသာကိုင်ရင်း မျက်နှာကိုရှုံမဲ့ကာ ကောင်လေးကို စိတ်ထဲကနေ ကြိမ်ဆဲလိုက်သည်။
အိပ်ယာကမှအသာထရင်းရေချိုးခန်းဆီသွားကာ ရေမိုးချိုးသန့်စင်လိုက်သည်။ လင်းထက် ကိုရှာကြည့်တော့ မတွေ့တော့။ အစောကြီးထွက်သွားပြီထင်သည်။
အခန်းထဲက စားပွဲပေါ်မျက်စိရောက်သွားတော့ ပိုက်ဆံအထပ်လိုက်နှင့် စာတစ်စောင်ကိုတွေ့လိုက်သည်။
ပိုက်ဆံက ဆယ်သိန်းကျော်လောက်တော့ရှိမည်။ စာထဲရေးထားသည်က
" ဒေါ်ငွေချစ် ......
ကျနော့် ကျေနပ်မှုအတွက် "
စာကိုဖတ်ပြီးသည်နှင့် သူမ ဒေါသထွက်လွန်းပြီး ခန္ဓာကိုယ်တခုလုံး တဆတ်ဆတ်နေယင်နေသည်။ တချိန်ထဲမှာ ရင်ဘတ်ထဲ နာကျင်အောင့်သက်မှုကိုခံစားရင် " ငါကငွေချစ်တာ ငွေမက်တာမဟုတ်ဘူး ။ အဆင်သင့်မဖြစ်သေးတဲ့ငါတို့နှစ်ယောက်အတွက် တွေ့တဲ့အချိန်ကမှားနေသေးလို့ အဆင်မပြေမှုတွေမကြုံရအောင် ငါ့ဦးနှောက်သေးသေးလေးနဲ့တွေးတတ်သလောက်ရွေးချယ်ရုံတင်" တိုးတိုးလေးဆိုရင်း တရှိုက်ရှိုက်ငိုမိလေသည်။
ငိုလိုအားရတော့ ထိုင်ခုံပေါ်ထိုင်ရင်း ဘာဆက်လှုက်မှာလည်းဆိုတာ အစီအစဉ်ဆွဲရပါတော့သည်။ အလုက်ပိတ်ရက်လည်းဖြစ်တာမို့ အေးအေးဆေးဆေး ဆေးခန်းသွားပြဖို့ပြင်လိုက်သည်။ ငုဝါ ဗိုက်လေးကိုအသာကိုင်ရင်း "ကလေးရေ မေမေတောင်းပန်တယ်နော် ကလေးကိုကောင်းကောင်းမွန်မွန်စောင့်ရှောက်ဖို့ ယုံကြည်ချက်မရှိသေးလို့ မေ့မေ့ဆီကနေ ကောင်းကောင်းမွန်မွန်ထွက်သွားနော်။ ပြီးတော့ ကလေးကို ကလေးကို.......... အင့် ဟင့်ဟင့်။ .......ဟီး ... ဟီး..... " ဘာကြောင့်မှန်းမသိ သူမအရမ်းဝမ်းနည်းလာကာ ရှိုက်ကြီးတငင်ငိုကြွေးမိတော့သည်။............................................................
ကျောင်းတန်းအတွင်း ဘက်စကတ်ဘော ကစားကွင်းအတွင်း။ လင်းထက်တယောက်ထဲ ၂ နာရီတိတိမနားပဲလေ့ကျင့်နေသည်။ ချွေးတွေရွဲနစ်နေပေမယ့် ြမင့်မားတဲ့အရပ် တောင်တင်းပြီး ကျစ်လစ်တဲ့ကြွက်သားတွေကိုလစ်ဟာပြနေတဲ့ ဘတ်စကတ်ဘော အားကစားလိမ္မော်ရောင်ဝတ်စုံက သူရဲ့အရွယ်ရောက်မှုကိုခမ်းခမ်းနားနားပြသလို့နေသည်။ တချို့က ကစားကွင်းထဲ တချို့က ကစားကွင်းအပြင်ဘက်မှ အခြားအတန်းက ဂျူနီယာကျောင်းသူလေးတွေက သူ့ကို လာငမ်းရင်း အားပေးနေကြသသည်။
ခနနေတော့ သူရဲ့ စနေနေ့လေ့ကျင့်ရေး အတန်းဖော် ကစားသမားတွေ ရောက်လာသည်။
"ဟျောင့် လင်းထက်မြတ်မင်း........
တကယ်ကစားပွဲမှ လက်ပမ်းကြနေမယ်နော်
အားအင်တွေချန်ထားဦး"
ဟူး .... သူ သက်ပြင်းရှည်ကြီးတချက်ချရင်း သူ့သူငယ်ချင်းအာကာကို မျက်ခံုးပင့်ကြည့်လိုက်ကာ
" ဘာလည်း ငါ့ရဲ့ကိုယ်ခံစွမ်းအားနဲ့ ကစားနိုင်တဲ့skillကိူအထင်သေးတာလား "
အာကာက သူ့ကိုရေဗူးလှမ်းပေးရင်း
" မဟုတ်ပါဘူး မင်းမျက်နှာကြည့်ရတာ တခုခုကိုဒေါသထွက်နေသလိုပဲ ။ တခုခုမေ့ချင်တာဒေါသဖြေဖျောက်ချင်တာရှိရင် မင်းဒီလိူပဲ အချိန်အကြာကြီးတယောက်ထဲ လာကစားနေကြကို။ ဘာလဲ ဟိုဂျူနီယာအတန်းက ကပ်ပါးကောင်မလေး မင်းကိုတွယ်ကပ်နေပြန်ပြီလား"
" အဲ့လောက်လေးနဲ့ငါက ဒေါသဖြစ်စရာလား သူတို့ကို စိတ်ထဲမှာတာင်မထည့်ဘူး"
"ဒါဆို မင်း fatherကြီးနဲ့ ကွိင်တက်ပြန်ပြီလား "
လင်းထက်အာကာ့ကို ခပ်ရဲရဲတချက်ကြည့်လိုက်တော့
" sorry ကွာ အဲ့အကြောင်းမပြောတော့ဘူး ။တခြားအဖွဲ့လည်းအဆင်သင့်ြဖစ်ပြီဆိုတော့ကစားကြစို့"