အခန်း(၇) တစ်ကိုယ်တော်မေမေ

9.7K 201 9
                                    


                         (၅)နှစ်ခန့်ကြာပြီးနောက်

       အလုပ်ကအပြန် ငုဝါ ညစျေးတန်းဝင်ပြီး ဖရဲသီးတစ်လုံးဝယ်လိုက်သည်။
         "ကလေးတို့ရေ မေမေပြန်လာပြီ "
ဖိနပ်စဉ်မှာ ဖိနပ်ချွတ်လိုက်ရင်း သူမလှမ်း​ပြောလိုက်တော့ ကလေးသုံးယောက် တတုတ်တုတ်ပြေးထွက်လာကြသည်။ သူမထိုင်လိုက်ကာ ကလးတွေကိုဆီးပွေ့ရင်း
           " မေ့မေ့ကို အာဘွားပေးပါဦး"
        အူးမွ သူမ နှုတ်ခမ်းလေးထော်ပြီး ပါးလေးကိုထိုးပေးတော့
           "မွ"
          "မွ"
         "မွ"
ကလေးတွေက သူမအလုပ်မှပြန်လာတိုင်း အမြဲအာဘွားပေးတတ်ပြီး တနေ့တာ သူတို့မောင်နှမတွေဘာတွေလုပ်လည်း ပြောတတ်လေသည်။ သားကြီး မဟာက အေးအေးနေတတ်ပြီး စကားနည်းသည်မို့ သူမမေးခွန်းမေးမှ ပြောတာဖြစ်သည်။ သမီးလတ် သဒ္ဒါက စကားတတ်ပြီးလည်သည်စွာသည်။ ဆံပင်ကောက်ကောက်လေးနဲ့ သားငယ် ကမ္ဘာကတော့ အငယ်ဆုံးပီပီ ချွဲတတ်ပြီး အမြဲဖြူစင်တဲ့ယုန်ပေါက်စလေးလို။ တနေ့ထဲအတူတူမွေးလာပေမယ့် သူတို့ရဲ့ personalityတွေက ထူးခြားစွာကွဲပြားနေသည်။ တခုသိသာလာသည်က သားတွေကကြီးလာသည်နှင့်အမျှ လင်းထက်နှင့်ပိုတူလာသည်ဟုထင်သည်။ သမီးလေးက သူမ လိုမျက်ဝန်း ဝိုင်းဝိုင်းလေးတွေပိုင်ပြီး နှုတ်ခမ်းပါးပါးလေးနှင့်မျက်ခုံးနက်တန်းတန်းလေးက သူ့အဖေနှင့်ပိုတူသည်။ ဒါကြောင့် မျက်နှာမြင်သည်နှင့် ထက်မြတ်ပြီး ဉာဏ်ကောင်းပုံပေါ်နေသည်။စိတ်ကလည်း လင်းထက်လို တဇွတ်ထိုးဆန်ပြီးခေါင်းမာသည်။
        သူမ ဘယ်လိုပဲကလေးတွေအတွက် အကောင်းဆုံးကြိုးစားပြီး မေတ္တာအချစ်တွေ အပြည့်ဝပေးပေးတခုခုကလစ်ဟာနေသည်ဟု အမြဲခံစားရသည်။ မိသားစု တစ်ခုအတွက် "အဖေ"ဟူသော နာမ်စားဖြင့်ပင် လုံခြုံနွေးထွေးစေမှုကို သူမဘယ်လိုမှ ဖြည့်ဆည်းပေးလို့ရမည်မဟုတ်။ သူမကိုယ်တိုင် ကလေးတွေငယ်စဉ်က ညသန်းခေါင်ကြီးဖျားတုန်းကဆိုရင်လည်း လင်းထက်သာ ရှိရင်ဘယ်လောက်ဆောင် အားကိုးရပြီး ကောင်းလိုက်မလဲတွေးမိသည်။ ငုဝါဘယ်လောက်ပင် သန်မာသည်ဟုဆိုဆို တခါတရံ ပင်ပန်းလာတဲ့အချိန်၊ သူမကိုယ်တိုင်နေမကောင်းဖြစ်သည့်အချိန်ဆို မှီခိုအားကိုးစရာ ရင်ခွင်တခုလိုခဲ့သည်။ ကလေးတွေက လေးနှစ်ရှိကြပြီမို့ သိတတ်လာလို့တော်သေးသည်။ သားကြီး မဟာ ကသူမ မျက်နှာရိပ်ကို တကြည့်ကြည့်နေတတ်ပြီး စကားနည်းပေမယ့်ကူညီတတ်သည်။ သူမ မနက်စာချက်နေသည်ဆို သူလည်းစောစောထလာပြီး ဘေးမှ ပန်ကန်ယူ ဇွန်းဆေး ကူညီတတ်သည်။ အစက ကလေးကို အိပ်ချိန်များများရစေချင်လို့ ပြန်အိပ်ခိုင်းပေမယ့် သားကပြန်မအိပ်ပေ။ နောက်တော့ ကလေးရဲ့မေမေ့ကို ကူညီချင်စိတ်ကို အသိအမှတ်ပြုချင်တာကြောင့် လွှတ်ထားလိုက်တော့သည်။
       ခုလည်း သူမကို အနမ်းပေးပြီးသည်နှင့် မီးဖိုထဲပြေးထွက်သွားကာ ရေခပ်လာသည်။ သူမကိုကမ်းပေးလာသော ရေခွက်ကိုယူ သောက်ပြီးသည်နှင့်
      "ဝါး အမောကိုပြေသွားတာပဲ သားကြီးကိုကျေးဇူးတင်တယ်နော်" သူမဆိုတော့ မဟာက ပြုံးပြီးကြည့်နေလေသည်။ ဒါကို သူမကိုမချီးကျူးသော စွာတေးမလေးက
" ဒါဒါလဲ တနေကုန် ကမ္ဘာလေးကိုထိမ်းပေးထားရတာပါနော် ။ အခုမောပန်းနေတာပဲ ။ ဟူး"
သူမ လက်သေးသေးတုတ်တူတ်လေးဖြင့် မျက်နှာဖောင်းဖောင်းလေးကို ယက်ခပ်သလို ဟန်ပန်လေးလုပ်ပြီး  မောပန်းနေရန်ဟန်ဆောင်နေသည့် သဒ္ါလေးကိုကြည့်ရင်း
        "ဟုတ်တယ် ဒါဒါလေးကလည်း မောင်လေးကိုကူထိမ်းတယ်။ ကမ္ဘာလေးကလည်း ခန္ဓာကိုယ်ကြီးထွားဖို့ဆော့ပေးတယ်ဆိုတော့ မေ့မေ့ကလေးတွေက
အရမ်းလိမ္မာကြလို့ မေမေကလည်း ဖရဲသီးဝယ်လာတယ်နော် " ကလေးတွေကိုတချက်ကြည့်ရင်း

ဒုတိယအကြိမ်ချစ်ဖို့ မဖြစ်နိုင်တော့ဘူးWhere stories live. Discover now