အခန်း (၂၀) ပေါင်းစည်းခြင်း ( Final Part)

17.4K 279 10
                                    


     ငုဝါ သတိရလာတော့ ဘေးမှာ သူ့မလက်ကို ဆုပ်ကိုင်ပြီး ငေးကြည့်နေသော လင်းထက်ကို တွေ့လိုက်သည်။

       " ငုဝါ ဘာဖြစ်သွားတာလဲဟင် မောင်"

       " စိုးရိမ်စရာမဟုတ်ပါဘူး မိန်းမမှာ ကိုယ်ဝန်ရှိနေတယ်တဲ့ ပျော်လိုက်တာကွာ ဒီတခါတော့ ကလေး မောင့်မျက်စိအောက်မှာတင်ကြီးလာမှာကိုမြင်ရတော့မှာ"

တကယ်ပဲ ပျော်ရွှင်နေသော လင်းထက်ကိုကြည့်ပြီး သူမလည်းပျော်ရွှင်မိပါသည်။ တဆက်ထဲ အရင်နေ့က ဖိုးဖိုးက လင်းထက်အကြောင်းပြောပြတော့ လင်းထက် ကလေးတွေအများကြီးလိုချင်တာကို ပိုလို့နားလည်ခဲ့သည်။

လွန်ခဲ့သောနှစ်ရက်ခန့်က

လင်းထက်က  ကလေးတွေခေါ်ပြီးစျေးဝယ်ထွက်သွားသည်။ သူမနှင့်ဖိုးဖိုးအတွက် အချိန်ပေးချင်ဟန်တူသည်မို့ သူမလည်းနေခဲ့ကာ ဖိုးဖိုးနဲ့ စကားလက်ဆုံပြောနေကြသည်။ ကလေးတွေအကြောင်းမှသည် လင်းထက် ငယ်ဘဝအကြောင်းပြောကြသည်။
          "မြေးလေးက သမီးအပေါ်ဆိုးလား"

" မဆိုးပါဘူး ဖိုးဖိုး"

"အင်း မြေးကပြောပြပါတယ် သမီးကိုပိုက်ဆံမက်တယ်လို့ အထင်လွဲခဲ့တယ်လို့"

"အဲ့လိုလေးတွေတော့ ဖြစ်သွားတယ် ဖိုးဖိုး"

"မြေးလေးကို နားလည်ပေးပါကွယ် သူငယ်ငယ်က သူ့အဖေ ငါ့သားရဲ့ အတွင်းရေးမှူးမက သူဌေးကို အပိုင်ဖမ်းတယ်လေ မြေးလေးမိဘတွေ အဲ့တာကြောင့် ကတောက်ကဆဖြစ်ပြီး အိမ်ထောင်ရေးအေးစက်ခဲ့တယ် အဆိုးဆုံးကတော့ မြေးလေးနဲ့ သူ့မေမေကို  စည်းစိမ်တွေ တယောက်ထဲပိုင်ချင်တော့ ကားဘရိတ်ဖောက်ပြီးလုပ်ကြံတာပဲ။ မြေးလေးမေမေက မြေးလေးကိုကယ်ရင်းပဲ အသက်ပေးလိုက်ရတယ်။ အမှုရင်ဆိုင်ဖို့ မြေးလေးကလည်းငယ် ဖိုးဖိုးကလည်း ဒီမှာ စီးပွါးရေးလုပ်ငန်းတွေအခြေချအောင်လုပ်နေရလို့ ပြန်မလာနိုင်ခဲ့ဘူး။ ကြားထဲလည်းနှလုံးရောဂါဖောက်ပြီး သေလူလိုဖြစ်သွားခဲ့တဉ်။ဟိုအတွင်းရေးမှူးမကလည်း ကလေးရနေတာဆိုတော့ မြေးဖေဖေကလည်း လက်ခံဖို့ပြင်ရတော့တာ။ ခုထိ သူ့ဖေဖေကို မခေါ်တော့ဘူး ။ ငယ်ငယ်ထဲက အထီးကျန်ကျန် ကြီးပြင်းလာခဲ့တယ် သူ့အမေကလည်း ငွေမက်တဲ့ သူကြောင့် သေခဲ့ရတာဆိုတော့ အဲ့လိုလူတွေဆို မုန်းနေတာ"

ဒုတိယအကြိမ်ချစ်ဖို့ မဖြစ်နိုင်တော့ဘူးWhere stories live. Discover now