အခန်း(၄) ကံကောင်းမှုတွေ

9.9K 223 2
                                    

       လင်းထက် အချိန်ပိုင်းအလုပ်ပြီးတော့ apartmentကိုပြန်လာလိုက်သည်။ သူမ မရှိတဲ့အခန်းငယ်လေးက တိတ်ဆိတ်ခြောက်ကပ်ပြီး သူရဲ့ အထီးကျန်ဘဝကို ပြန်ရောက်သွားပြန်သည်။ ဒီလစ်ဟာမှုတွေ ဖြေဖျောက်ဖို့ ဘီယာသောက်ရန် လက်အကမ်းလိုက်တွင် ဗူးခွံပေါ်မှ အသက်၁၈နှစ်ပြည့်မှ သောက်ရန်ဆိုတာတွေ့လိုက်တော့ ခပ်ထေ့ထေ့ပြုံးရင်း ဗူးကိုဖောက်လိုက်ကာ တကျိုက်ထဲ သောက်ပစ်လိုက်သည်။  သူမရဲ့အသက်မပြည့်သေးဘူးပြောသံနှင့် ပိုက်ဆံမရှိဘူးပြောသံကိုပြန်ကြားယောင်ရင်း ။ အသက်ပြည့်တာမပြည့်ဘူးက လူတယောက်ရဲ့ရင့်ကျက်မှုနှင့် တာဝန်ယူနိုင်မှုအပေါ် သက်ဆိုင်သည်ဟု သူထင်မိသည်။ သူက သူမအပေါ် တာဝန်ယူမှုအပြည့်ရှိသည်ဟု ယုံကြည်ချက်ရှိသည်။ ထပ်ပြီး ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်ရမည်ဆို လင်းထက်မြတ်မင်း ဆိုသော သူက အရာရာစဉ်းစားတွေးခေါ်နိုင်စွမ်းရှိသည် ကာကွယ်ပေးတတ်ပြီး သူမအပေါ်လည်းအတူနေသည့်အချိန်ကစပြီး ကြင်နာဂရုစိုက်ပေးသည်။  ယောကျာ်းဖြစ်သည်ဟုသော ဖြစ်တည်မှုအပေါ်အခြေခံပြီး အိမ်မှုကိစ္စမလုပ်ဟု သူမခံယူဘဲ ဒီတိုက်ခန်း၏ သန့်ရှင်းရေး ၊ နှစ်ယောက်စာအတွက်ချက်ပြုတ်ရေး ၊ အဝတ်လျှော် အမှိုက်ပစ်ကအစ သူမနှင့်အတူ တာဝန်ခွဲယူပြီးလုပ်ဆောင်ပေးခဲ့သည်။ ရေပိုက်ပြင် မီးပြင်မှုအတွင်ပါ သူလုပ်ဆောင်ပေးခဲ့သည်။ apartmentငှါးခကအစ သူမအပေါ် ဝန်တခုမပိစေရ။ ဒါကိုဘာကြောင့်များ သူမကလာဘတတ်နေတာလည်း မိန်းကလေးတွေရဲ့ လိုချင်တက်မတ်မှုရေချိန်က သူပင် မခန့်မှန်းနိုင်တော့။ လင်းထက်ခံယူထားသည်က ငွေကြေးချမ်းသာမှုက လူတွေရဲ့ စိတ်ဓာတ်ကိုဖျက်ဆီးတယ် မောက်မာစေတယ်။
မိသားစုနွေးထွေးမှုတွေပျောက်ဆုံးစေပြီး သားသမီးတွေ အထီးကျန်စေတယ်လို့။ ဒီ ဉစ္စာပစ္စည်းတွေကြောင့်ပင် လူသားဆန်မှုပျောက်ဆုံးကာ အသက်တွေကိုခြိမ်းခြောက်စေတယ် မဟုတ်လား။
ဖုန်းကိုတချက်စစ်ကြည့်တော့ သူမခေါ်ထားသည် call က black list contactတွင်ပေါ်နေသည်။ ဒါကရော ဘာအထာလည်း သူမ ခေါ်ချင်တိုင်းခေါ်ရမယ်ထင်နေတာလား။ ပစ်ချင်ပစ်ထားပြီး ခေါ်ချင်မှခေါ်တတ်သောသဘောထားကိုလည်း သူမုန်းသည်၊ ငွေမက်သော သူမစိတ်ထားကိုလည်း သူမုန်းသည်မို့ နောက်ထပ် ဆက်သွယ်မှုမရှိစေရန်ကော သူမအပေါ် စိတ်ပြတ်သားချင်တာရောကြောင့် ဖုန်းကဒ်ကိုထုတ်ပစ်လိုက်ပြီး အိမ်သာခွက်ထဲထည့် ရေဆွဲချလိုက်သည်။ ပြတ်သားမှာဆိုရင်လည်း ငါလိုပြတ်သားလိုက် ပန်းငုဝါ ငွေချစ်မ စိတ်ထဲက ကြုံးဝါးရင်း ရှိသမျှပစ္စည်းတွေကိုသိမ်းကာ သူမမငွေ့အသက်တွေလွှမ်းနေတဲ့တိုက်ခန်းထဲလည်း မနေချင်တော့။
(လင်းထက်က ရင့်ကျက်တယ်လို့ ကိုယ်ကိုယ်ထင်နေပြီး inner childက စိတ်အသေကောက်တတ်နေတာပါ။ ရင့်ကျက်ချင်ယောင်ဆောင်နေသော ဆယ်ကျော်သက်လူပျိုလေးပေါ့ 🤭)
......................................................................................
  လက်ထဲမှ ultrasound အဖြေလေးကို ခဏခဏကြည့်ရင်း ဗိုက်လေးကိုအသာကိုင်ကာ သူမ ကလေးတွေအပေါ် အထပ်ထပ်အခါခါတောင်းပန်နေမိသည်။
     " ကလေးတွေရေ မေမေတောင်းပန်ပါတယ် ကလေးတွေကို စွန့်လွှတ်ဖို့ တွေးမိတဲ့မေ့မေ့ကို ခွင့်လွှတ်ပေးပါ။ ခုချိန်ကနေစပြီး ကလေးတို့ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာဖိူ့ မေမေ အစွမ်းကုန်ကြိုးစားမယ်နော်။ ကလေးတို့ဖေဖေကိုလည်း ကလေးတို့ရဲ့ဖြစ်တည်မှုကို ဖွင့်ပြောမယ်။ ဘာဖြစ်နေနေ သူနဲ့အတူရင်ဆိုင်ပြီး ကလေးတို့မိစုံဖစုံနဲ့ကြီးပြင်းစေရမယ်နော်။ "
သူမ သူ့ဆီကိုထပ်ဆက်သွယ်ဖို့ကြိုးစားတော့ ဖုန်းက ဆက်သွယ်မရတော့ပေ။ မနက်ဖြန်မှ တိုက်ခန်းဆီလိုက်သွားကာ သူ့ကိုပြောပြမည်။ လောလောဆယ် ဗိုက်ဆာလာလေတော့ ဗိုက်လေးကိုအသာကိုင်ရင်း
" ကလေးတို့လည်းဗိုက်ဆာနေပြီမလား ဘာစားချင်လည်း
အော် ......ဟော့ပေါ့ လား ။ ဟော့ပေါ့က စျေးနည်းနည်းကြီးလို့ ပုံမှန်ဆိုမစားဖြစ်ပေမယ့် ကလေးတို့စားချင်ရင် မေမေကစားရမှာပေါ့" ခပ်တိုးတိုးလေးပြောလိုက်ကာ
ခြေလှမ်းတွေက ဟော့ပေါ့ဆိုင်ဆီသို့။

ဒုတိယအကြိမ်ချစ်ဖို့ မဖြစ်နိုင်တော့ဘူးTempat cerita menjadi hidup. Temukan sekarang