အခန်း(၁၅) လေပြေမလာခင် မုန်တိုင်းလား

12.7K 288 14
                                    


       လင်းထက် ကလေးတွေကို ပဲနို့ထပ်ဝယ်တိုက်ကာ ကလေးတွေသောက်ပြီးလွှင့်ပစ်မယ့် ပိုက်တွေကိုယူလာခဲ့သည်။ ကလေးတွေ ကနေသော videoနှင့် ကလေတွေကိုခွင့်တောင်းပြီး အတူရိုက်လာခဲ့သော ဓာတ်ပုံများကိုထူတ်ကြည့်ပြီး တပြုံးပြုံးဖြစ်နေသည်မှာ ရေသောက်လည်းပြုံးရ၊ အိမ်သာတတ်လည်းပြုံး၊ ရေချိုးရင်းလည်းပြုံး တချိန်လုံးပြုံးနေမိသည်။ ညစာစားပြီးချိန်မှာတော့ အိမ်တော်ထိန်းကြီးဆီ ဖုန်းလှန်းခေါ်ကာ မနက်ဖြန် အမေရိကားကိုလာမည်ဖြစ်ကြောင်း လှမ်းအကြောင်းကြားထားလိုက်သည်။ ကလေးတွေရဲ့အမေက ပန်းငုဝါဆိုသည်နှင့် သူ့မှာ သွေးတွေပေါက်ထွက်ကုန်မတတ် အံဩပြီးစိတ်လှုပ်ရှားလွန်းလှသည်။ ကလေးတွေက သူ့ကလေးတွေဆိုတာ သူအသေအချာယုံကြည်ပေမယ့် ပန်းငုဝါကလျှို့ဝှက်ထားတာမို့ သူ့အချက်အလက်နှင့် ပြောပြနိုင်ရန်အတွက် DNA စစ်ဖို့ အကြံရသည်။ဒါကြောင့် ကလေးတွေရဲ့အသုံးပြုပြီးတဲ့ပိုက်တွေယူလာခဲ့သည်။ DNAစစ်ရင်း ဘိုးဘိုးကို သူ့မှာ ချစ်ရာကောင်းသည့် မြေးသုံးယောက်ရှိကြောင်းလည်း လူကိုယ်တိုင်ပြောပြချင်သည်တစ်ကြောင်း စန်ဒီဖေ့ဖေ့ ဦးဥက္ကာမောင်ကိုလည်း တောင်းပန်ချင်ရောမို့ နေ့ညမဆိုင်းပဲ US သွားဖို့မြန်မြန်စီစဉ်လိုက်သည်။ စန်ဒီကတော့ သူ့ကိုနားလည်မည်ဖစ်ကြောင်းတော့ သူယုံကြည်သည်မို့ ပြန်လာမှပြောမည်ဖြစ်သည်။ သူ့မှာတွေးရင်း ရင်ခုန်ရလွန်းလို့ရူးမတတ်ဖြစ်နေသည်။

.................................................................................

                 ညစာ ကလေးတွေသိပ့်မစားသည်မို့ ငုဝါကလေးတွေကိုကြည့်ရင်း
       " မေမေချက်ထားတာမကောင်းလို့လားဟင်။
          ခါတိုင်းလို အများကြီးမစားကြဘူး။ နေမကောင်းဖြစ်နေကြတာလား"

         "ဟုတ်ဖူး မေမေ ကျောင်းကိုလာတဲ့ ဦးဦးက ကျောင်းဆင်းခါနီးထိ မူန့်တေ များကြီးဝယ်ကျွေးရို့"

        "ဘယ်ကဦးဦးလည်း သူစိမ်းတွေဝယ်ကျွေးတာမစားရပါဘူးလို့မေမေမှာထားတယ်လေ ဒါဒါနဲ့ မဟာရော စားခဲ့ကြတာလား"

သူမ တည်တည်လေးနဲ့မေးလိုက်တော့ ကလေးသုံးယောက်လုံး ခေါင်းတွေငုံ့ကာ ငြိမ်နေလိုက်ကြသည်။

ဒုတိယအကြိမ်ချစ်ဖို့ မဖြစ်နိုင်တော့ဘူးWhere stories live. Discover now