အခန်း(၆) သတိရတဲ့စိတ်

9.5K 271 16
                                    



       ကိုးလထဲရောက်ပြီး မွေးဖွားခါနီးတာရော၊ သံုးမွှာပူးဖြစ်တဲ့အတွက် ဗိုက်ကပုံမှန်ထက်ပိုကြီးပိုလေးနေတာကြောင့် ငုဝါအလုပ်ကိုမသွားတော့ပဲ work from home လုပ်နေရသည်။ အလုပ်က သူမကိုခွင့်ယူဖို့ပြောပေမယ့် သူမအတွက်အခွင့်အရေးတွေပေးထားတာများတာကြာင့် အိမ်မှအလုပ်လုပ်နိုင်ကြောင်းပြောပြီး တတ်နိုင်သလောက်လုပ်ပေးနေရသည်။ မန်နေဂျာ မမရဲ့တိုက်တွန်းမှုကြောင့် မွေးဖွားခါနီးမို့ အဖော်တစ်ယောက်ငှါးထားရသည်။ အတွေ့အကြုံရှိသော အန်တီတယောက်ကိုငှါးထားလို့သာတော်တော့သည်။ ကိုယ်ဝန်ဆိပ်တတ်နေစဉ်က သူမအလူးအလဲခံစားရပြီး သတိထားမိသော အန်တီကြောင့် ဆေးရုံအချိန်မှီတတ်ခဲ့လို့သာတော်တော့သည်။ ယခုလည်း ကွန်ပျူတာတလုံးနှင့်အလုပ်ရှုပ်နေသော သူမအား နွားနို့ ပန်းကန်လာပေးရင်း
" တူမကြီး အချိန်လည်းမနည်းတော့ဘူး နွားနို့လေးသောက်ပြီး အိပ်ဖို့ပြင်တော့နော် "
"ဟုတ်ကဲ့ အန်တီ ဒါလေးပြီးရင်တော့ အိပ်တော့မယ်"
အလုပ်တွေလက်စသပ်ကာ ဘုရားကန်တော့ပြီး အိပ်ရန်ပြင်လိုက်စဉ် ဗိုက်ထဲမှ တဆစ်ဆစ်နာကျင်လာသည်။ တဖြည်းဖြည်းနာကျင်လာတာကြောင့်  အန်တီ အိပ်ယာနေရာဆီအားတင်းလျှောက်ကာ နှိုးလိုက်သည်။
" အား အန်တီ အရမ်းနာတာပဲ နာလွန်းလို့သေမတတ်ပဲ မွေးတော့မယ်ထင်တယ် due date တောင်မရောက်သေးဘူး"
" စောလည်းမွေးတတ်တယ်၊ အားတင်းထားတူမကြီး တက္ကဆီခေါ်လိုက်မယ် "
" အား ကျွတ်ကျွတ် မေမေရေ ဒေါ်လေးရေ ကယ်ပါဦး အား နာလိုက်တာ"
သူမအံကြိတ်ရင်းဟော်ဟစ်ညီးတွားနေမိသည်။
နာတာကြောင့်ထင်သည် ကားလာဖို့က ပိုကြာသလို။
အန်တီကြီးက လိုအပ်တဲ့ပစ္စည်းတွေတဖက် သူမကိုတဖက်တွဲရင်း တိုက်ခန်းအောက်ဆီ ဆင်းလာခဲ့ကြသည်။
ကားအလာစောင့်နေစဉ် သူမမှာမနေနိုင်တော့။
" အား အန်တီ မလာသေးဘူးလား ကားက ဒီမှာသေတော့မယ် နာလိုက်တာ"
" လာတော့မယ် လာတော့မယ် အားတင်းထား "
သူမကိုတွဲရင်း စီးကျလာသော ချွေးတွေသုတ်ပေးနေစဉ် ကားရောက်လာသည်။ ဆေးရုံရောက်တော့ သူမမှာ ညှစ်ဖို့ပင်အားမရှိတော့ နာလွန်းလို့ မြော့မြော့လေးသာရှိတော့သည်။ သူနာပြုတွေရဲ့ကလေးတွေထွက်လာတော့မယ် အားတင်းထားဖို့ ပြောသံတွေကကြားတချက်မကြားတချက်။ ခွဲခန်းထဲမှာ ကလေးတွေရဲ့ "အူဝဲ"ဆိုတဲ့ငိုသံကြားရမှ သူမမှာ စိတ်ချစွာမျက်လုံးလေးမှိတ်လိုက်တော့သည်။
"တူမကြီး သတိရလာပြီလား တော်သေးတာပေါ့"
"ကလေးတွေရော အန်တီ ဘယ်မှာလဲဟင် ကလေးတွေကိုကြည့်ချင်တယ်"
"ကလေးတွေအိပ်နေကြတယ် ရှိတယ် တူမကြီးသတိမေ့နေတာ တရက်ရှိပြီ အရမ်းပင်ပန်းသွားလို့ထင်တယ်။ ခဏနေ ကလေးတွေနိုးလာရင်နို့တိုက်ဖို့ပြင်ထားလိုက်နော် "
တပြွတ်ပြွတ်ဖြင့်အငမ်းမရနို့စို့နေသော ရင်ခွင်ထဲမှ ကလေးနီတာရဲလေးကိုကြည့်ကာ သူမမှာ ပိတိတွေဖြာနေလေသည်။ နောက်ဆုံးတော့ မေမေ့ကလေးလေးတွေ တွေ့ရပြီပေါ့။ အကြီးဆုံးသားလေးကို နို့တိုက်နေစဉ် ပုခက်ထဲမှ အလတ်မလေးက တဝါးဝါးငိုနေလေပြီ။ အန်တီကြီးမှ ကလေးကို ပုခက်ထဲမှ ထုတ်ကာ သူမဆီကိုငြင်သာစွာကမ်းပေးလေသည်။
နဂိုကမှ နီရဲနေပါတယ်ဆို ငိုထားသောကြောင့် တကိုယ်လုံး ရဲရဲတောက်နေလေပြီ။
"အလတ်မ ကောင်မလေးက ကြီးရင်လဲစွာမယ်ထင်တယ် ငိုတဲ့အသံ အောင်ချက် အကျယ်ကြီးပဲ ခဏခဏလည်း ငိုတယ်။ ယောကျာ်းလေးနှစ်ယောက်ကတော့ တအဲ့အဲ့ပဲညီးတာ အေးတယ်တော့"
အန်တီကြီးမှပြောတော့ အလတ်မလေးကိုငုံကြည့်ရင်း "သမီးလေးက အစွာလေးဆို" သူမတိုးတိုးလေးဆိုလိုက်သည်။
.................................................................................
          (ပန်းငုဝါ ကလေးမွေးသောညတွင်)
လင်းထက်တယောက် အလုပ်လုပ်ရာရာတွေရော စာသင်ခန်းထဲမှာရော တနေ့လုံး အလုပ်လုပ်လို့မရပါ။ ဘာကြောင့်မှန်းမသိ သူတခုခုကိုစိတ်လှုပ်ရှားမှုဖြစ်နေသည်။ ပုံမှန်မဟုတ်ဘဲ ြဖစ်နေသော သူ့ကို စန္ဒိမှ
"လင်း ဒီနေ့ဘာဖြစ်နေတာလည်း။ မတည်ငြိမ်ဘူးဖြစ်နေတယ်။"
"ဟုတ်တယ် ကိုယ်လည်းသေချာမသိဘူး ၊ တခုခုကိုစိုးရိမ်နေသလို ပျော်နေသလိုဖြစ်နေတာ ခံစားချက်ကြီးက ဘာမှန်းမသိဘူး"
" ဘာလဲ အတန်းထဲက တယောက်ယောက်ကိုသဘောကျနေတာလား" စန္ဒီကဆိုတော့
" အာ အဲ့လိုမဟုတ်ပါဘူး ကိုယ်သဘောကျတဲ့သူ မရှိပါဘူး ဒီမှာ"
" အဲ့ဒါဆို ဒီ ကိုရော သဘောမကျဘူးလား"
ပွင့်လင်းစွာဆိုလာသော စန္ဒီကိုသူစိုက်ကြည့်ကာ
"ဒီက ကိုယ့်ရဲ့ တစ်ဦးထဲသော မိန်းကလေးသူငယ်ချင်း အရမ်းထက်မြတ်တဲ့လုပ်ဖော်ကိုင်ဖက်"
"ဒီထက်ပို မမြင်တော့ဘူးလား လင်း"
"ကိုယ်ကဘာကိုပိုမြင်စရာလိုလို့လည်း ဒီ"
" စနေတာပါလင်းရယ် လင်း ဘယ်မိန်းကလေးမှ စိတ်မဝင်စားတာမှန်းသိတယ် ဧကန်တ ယောကျာ်းလေးတွေကိုပဲစိတ်ဝင်စားနေတာလား"
စန္ဒီစကားကြားတော့ သူခပ်ဟ ဟရယ်ရင်း
"ကိုယ်က ကိုယ်သဘောကျတဲ့သူဆို စောင့်နေမှာမဟုတ်ဖူး ပွင့်ပွင့်လင်းလင်းပဲလိုက်မှာ၊ အတန်းထဲက အသစ်ရောက်လာတဲ့ Canadian လေးဆို မဆိုးဘူး ကိုယ်ထင်တယ် တွဲကြည့်ဖိူ့ပြောမလားလို့"
" အဟား။  ကမ္ဘာကြီးက ပြားသွားသလားလို့ လင်းရေ ဒီလိုမျိုးမကြားဘူးလို့လေ ဘာဖြစ်ဖြစ် သဘောကျရင် တွဲသာတွဲ အားပေးတယ်"
စန္ဒီက ဒီလိုမျိုး ပွင့်လင်းရိုးသားတတ်သည် ဒါကြောင့်လဲ သူ သူမအပေါ် ခင်မင်မိတာထင်ရဲ့။

ဒုတိယအကြိမ်ချစ်ဖို့ မဖြစ်နိုင်တော့ဘူးWhere stories live. Discover now