အခန်း(၁၀) ယောင်္ကျားတယောက်ရဲ့အစီအစဉ်🫣

11.4K 292 15
                                    


        "ဘယ်လိုလဲ အလုပ်ကလက်ခံမှာမလား"
မန်နေဂျာမမက သူမကို လင်းထက်ရဲ့ ပရောဂျက်မှာ အချိန်ပိုင်းလုပ်ပေးဖို့ပြောနေခြင်းဖြစ်သည်။ အလုပ်က သူမကျွမ်းကျင်တဲ့နယ်ပယ်ဖြစ်လို့ အခက်အခဲသိပ်မရှိ။ သူမ တွေဝေနေသည့်အကြောင်းက လင်းထက်နှင့်တွေ့ရမည်မို့။ တကယ်ဆိုငွေရှာဖိူ့လိုအပ်နေသည့်သူမအတွက်တော့ဒီအလုပ်က အရမ်းအဆင်ပြေသည်။အခြားလူနှင့်သာဆို သူမဝမ်းသာအားရလက်ခံမိမှာအမှန်ပင်။ အခုတော့ အရင်ကမသေချာခဲ့သည့် ရင်ခုန်သံက ဧည့်ခံပွဲမှာလင်းထက်ကိုတွေ့လိုက်တော့ သူမတကယ်တုန်လှုပ်မိသည်။ သူမလည်း မိန်းမသားတွေထဲက မိန်းမသားတစ်ယောက်မို့ ပိုပြီးခန့်ငြားလာသည့်လင်းထက် တည်ငြိမ်လာသည့်လင်းထက်ကို ရင်ခုန်မိတာတော့အမှန်ပင်။ ပြီးတော့ သူရဲ့ကလေးတွေကိုမွေးထားသေးသည်မဟုတ်လား။  တဖက်မှာလည်း သူ့မှာ ဂုဏ်ရည်တူသည့်မိန်းကလေးနှင့်စေ့စပ်ထားသေးသည်။ အခု သူမနှင့်သူ့အခြေအနေက မိုးနှင့်မြေလိုကွာခြားလွန်းနေပြီ။ သူမကိုစိတ်ရှုထွေး တွေးဝေမိစေသည့် လူအနားမှာ အလုပ်လုပ်ရမည်က တကယ်ခက်ခဲပေလိမ့်မည်။
       "မမကတော့ ငုဝါလုပ်သင့်တယ်လို့ထင်တယ်။
     ကလေးတွေအတွက်လည်း မုန့်ဖိုးပိုရတာပေါ့။
     ကလေးသုံးယောက်စာဆိုတာနည်းတာမဟုတ်ဖူး။
    ကလေးတယောက်ပဲရှိတဲ့ မမတောင် ကလေးအတွက် အရမ်းအကုန်အကျများတယ်။ ဒါတောင် မမအမျိုးသားကလည်းအလုပ်လုပ်လို့နော် "
မမပ ရဲ့စကားကြားတော့ သူမကလေးတွေမျက်နှာမြင်ယောင်မိသည်။ ကလေးတွေလိုချင်တာ စားချင်တာဝယ်ပေးဖို့ဆို အမြဲအချိန်ကြာစဉ်းစားနေရသည်။ ဒါတောင် သူမ ကလေးတွေက သိတတ်လိမ္မာနေလို့ သူမအရမ်းမမောရခြင်းပင်။ ဖြစ်နိုင်မည်ဆို ဒီအရွယ်လေးတွေနှင့် လိုချင်တာကို မတောင်းရဲကြသည့်ကလေးမျိုးမဖြစ်စေချင်ပါ။ ယခု သူမကလေးတွေက လူကြီးတွေလိုပူပင်နေရသည်။ မေမေ မဝယ်နိုင်တာ၊ မေမေအလုပ်တွေအရမ်းလုပ်ရတာ၊ မေမေမှာပိုက်ဆံမရှိတာ စတာတွေကလေးတွေတွေးနေကြတာ သူမ တကယ်မကြိုက်ပါ။ ကလေးတွေကို အပူပင်ကင်းကင်းနှင့်ကြီးပြင်းစေချင်သည်။ တနေ့အရွယ်ရောက်တဲ့အခါ ခုလိုတွေးပူရတာတွေကကြုံလာရလိမ့်မည်။
      ကလေးတွေက မူကြိုထားသင့်နေပြီမှန်းသိပေမယ့် သူမမှာ သုံးယောက်စာမတတ်နိုင်သေးသည်မို့ ကလေးထိန်းအန်တီနှင့်သာ ထားနေရသည်။ သူမဗိုက်ကြီးထဲက စောင့်ရှောက်ပေးနေသည်မို့ ကလေးတွေအပေါ်သံယောဇဉ်လည်းရှိပြီး သူမအခြေအနေကိုလည်း သိနေသည်မို့ လခ အများကြီးမတောင်းပါ။ ဒီအခြေအနေတွေကိုလည်း မမကနားလည်ထားသည်မို့ တွေဝေနေသည့်သူမကိုတိုက်တွန်းနေခြင်းဖြစ်သည်။ နောက်ဆုံး သူမ အလုပ်ကိုလက်ခံလိုက်ဖို့ဆုံးဖြတ်လိုက်သည်။
            "ဘယ်တော့စရမှာလည်းဟင် မမ"
           "တတ်နိုင်ရင်တော့ ဒီညနေဆင်းရင်ကောင်းတာပေါ့။ ကလေးတွေကိုလည်း သေချာပြောပြထားဦးနော်။ တော်ကြာ မေမေကသူတို့ကိုပစ်ထားတယ်ဆိုပြီးစိတ်ကောက်နေဦးမယ်"
           "ဟုတ်ကဲ့မမ ရုံးဆင်းရင် အိမ်ကိုပြန်ပြီး ကလေးတွေနဲ့ အန်တီ့ကိုပြောထားလိုက်မယ် ပြီးမှပဲ မောင်လင်းထက်မြတ်မင်းဆီသွားလိုက်မယ်"
    ကလေးတွေကတော့ သူမကိုဂရုစိုက်ဖို့ပဲပြောသည်။ အလတ်မလေးဒါဒါက မောင်လေးကမ္ဘာကိုသူမထိန်းပေးထားမည် marshmallow ကိုတော့ ဝယ်ပေးပါပူဆာနေသည်မို့ သူမဝယ်ခဲ့မည်လို့ကတိပေးလိုက်သည်။ အန်တီကလည်း ကလေးတွေသေချာကြည့်ထားပေးပါမယ် ဂရုစိုက်သွားရန်ပြောသည်။ ရေချိုးအဝတ်လဲပြီးသည်နှင့် တခုခုဆို သူမကို ဖုန်းဆက်ရန် အန်တီနှင့် သားကြီးမဟာကိုပြောကာ တက္ကဆီဖြင့် ပေးထားသည့်လိပ်စာအတိုင်းထွက်လာခဲ့သည်။

ဒုတိယအကြိမ်ချစ်ဖို့ မဖြစ်နိုင်တော့ဘူးМесто, где живут истории. Откройте их для себя