အခန်း(၁၆) နေ့ရက်ကောင်းတွေ အစ

12.5K 286 10
                                    


      လင်းထက် ၉၉.၉%သားအဖတော်စပ်သည်ဆိုသော စာရွက်ကိုကြည့်ရင်း အကျေနပ်ကြီးကျေနပ်နေမိသည်။ မနက်စာစာပွဲအတွင်းမှာတော့ ဖိုးဖိုးရှေ့အသေအချာထိုင်ရင်း
       "ဖိုးဖိုး "
       "ဟေ"
      " ဖိုးဖိုး မြစ်တွေမလိုချင်ဘူးလား"
       "ဟေ  ဒီဒီမှာ ကလေးရှိနေပြီလား ။ မင်းတို့ကလည်း မြန်ပါ့ကွာ"
       " အာ။ အဲ့လိုမဟုတ်ဘူး  ဒီဒီနဲ့မဟုတ်ဖူး"
သူ့စကားကြောင့် သောက်လက်စ လက်ဖက်ရည်ခွက်ကို ချပြီး သူ့ကိုအသေအချာစိုက်ကြည့်နေလေသည်။
          " ဒီဒီနဲ့မဟုတ်ရင် ဘယ်သူနဲ့လည်း ဒီဒီနဲ့ကစေ့စပ်ပြီးသားလေ မြေး။ ယောကျာ်းကောင်းတယောက်က ဘယ်တော့မှ မိန်းကလေးတစ်ယောက်ကို ဒီလိုမကစားရဘူး။ ဒိဒီဘက်က တွေးကြည့်ဦးလေ။ ခုကိစ္စကိုတော့ ဖိုးဖိုးသဘောမတွေ့ဘူး ။ မြေးကို ယုံကြည်ခဲ့တာ ဆုံးမခဲ့တာ ခုလိုတာဝန်မဲ့ဖို့မဟုတ်ဖူး"

" ဖိုးဖိုး ထင်သလိုလည်းမဟုတ်သေးပြန်ဘူး။ ကျွန်တော်ပြောတာလည်း နားထောင်ပေးပါ။ ကလေးတွေ အမေနဲ့ ကျွန်တော်နဲ့က ရခဲ့တာ လွန်ခဲ့တဲ့ ငါးနှစ်က ။ ဖိုးဖိုး ဒီက ဆေးရုံမှာသတိလစ်နေတဲ့အချိန် ကျွန်တော် ဖေဖေတို့နဲ့ အတူမနေနိုင်လို့ အိမ်ကဆင်းခဲ့ပြီး ကိုယ်ဝမ်းကိုယ်ကျောင်းနေတဲ့အချိန် ကျွန်တော့မိန်းမနဲ့တွေ့တာပါ။ နောက်တော့ အကြောင်းကြောင်းတွေကြောင့် လမ်းခွဲခဲ့တာ ကျွန်တော့မိန်းမမှာ ကိုယ်ဝန်ရှိနေမှန်းမသိခဲ့ဘူး။ ကျွန်တော်လည်း ဒီကိုထွက်လာခဲ့တာလေ။ အခု မြန်မာပြည်ပြန်တော့ ကလေးတွေနဲ့ ကျွန်တော့မိန်းမကိုတွေ့ခဲ့တာ။ ဒါပေမယ့် ဒီ နဲ့စေ့စပ်ထားတာသိတော့ ကလေးတွေက ကျွန့်တော် ကလေးတွေဆိုတာမပြောဘူး။ ဒါကြောင့် ဒီမှာ သေချာအောင် DNAလာစစ်တာ။ "

သူပြောလည်းပြော စာရွက်ကိုလည်း ဖိုးဖိုးရှေ့ပြလိုက်တော့ ဖိုးဖိုးကသေချာဖတ်ကြည့်နေသည်။

     "ဆိုတော့ ကလေး သုံးယောက်လား"

     "ဟုတ်တယ် ဖိုးဖိုး။ သုံးမွှာပူးလေးပါ။ ဒီမှာ ဖိုးဖိုးရဲ့မြစ်တွေ ကြည့်ကြည့်။ အရမ်းချစ်စရာကောင်းပြီး ဥာဏ်လည်းကောင်းကြတယ်"

ကလေးသုံးယောက်ရဲ့ ကနေတဲ့videoကို ဖိုးဖိုးက မျက်တောင်မခတ်သေချာကြည့်နေလေသည်။  videoကိုကြည့်ပြီးတော့ လင်းထက် သူနဲ့အတူရိုက်ထားတဲ့ ပုံတွေပါပြလိုက်သည်။

ဒုတိယအကြိမ်ချစ်ဖို့ မဖြစ်နိုင်တော့ဘူးWo Geschichten leben. Entdecke jetzt