အခန်း(၉) ယောကျာ်းတစ်ယောက်ရဲ့ အစီအစဉ်

10.9K 328 20
                                    


           စေ့စပ်ပွဲမှအပြန်တော့ ငုဝါ့ စိတ်အခြေအနေမကောင်းသေးပါ။ ကလေးတွေကိုလည်း ဘာကြောင့်မှန်းမသိ လောလောဆယ် ရင်ဆိုင်ရန် အဆင်သင့်ဖြစ်မနေသေးချေ။ ဒါကြောင့် သူမကိုယ်သူမ ပြန်ရှာတွေ့စေရန်အတွက် မြစ်ကမ်းဘေးနားက လမ်းလျှောက်စျေးတန်းမှာ အချိန်ဖြုန်းဖို့ မန်နေဂျာမမကို အဲ့ဒီမှာလမ်းလျှောက်ချင်လို့ ရပ်ပေးခိုင်းလိုက်သည်။
တဖြူးဖြူးနဲ့တိုက်ခတ်နေသောလေအေးအေးလေးက လန်းဆန်းသွားကာ သူမစိတ်ကိုပြန်လည်စုစည်းနိုင်လေသည်။
       ရိုးသားစွာနဲ့သူမကိုယ်သူမဝန်ခံရရင် လင်းထက်ကို ပြီးခဲ့တဲ့နှစ်တွေအတွင်း သူမနဲ့ကလေးတွေအနား ပြန်ရောက်လာဖို့တိတ်တဆိတ်မျှော်လင့်မိသည်။ သူမတို့သားအမိတွေ သူ့ကိုလိုအပ်သည်လို့ထင်ခဲ့သည်။ တနေ့နေ့တော့ လင်းထက်နဲ့ပြန်လည်တွေ့မည်ဟု ယုံကြည်ချက်ရှိခဲ့ပေမယ့် ယခုလိုတွေ့ဆုံခြင်းမျိုးနဲ့တော့ မဟုတ်ခဲ့ပေ။ လင်းထက်ရဲ့မိသားစုဟာလည်း အခုလို အရမ်းချမ်းသာတဲ့ အသိုင်းအဝိုင်းကလို့ ငုဝါလုံးဝထင်မှတ်မထားပေ။ အကယ်၍ လင်းထက်သာသတိထားမိမည်ဆိုလျှင် သူမပိုက်ဆံမက်လို့မဟုတ်မှန်းအလွယ်တကူသိနိုင်မည်လေ။ သူမသူ့ကို ဘားတခုမှာသီချင်းဆိုပြီး ပိုက်ဆံရှာတဲ့ကောင်လေးတစ်ယောက်အဖြစ်သာ တွဲခဲ့လေသည်။ ပြီးတော့ သူ့ဝင်ငွေ မိသားစုအခြေအနေ ဘာမှစပ်စုလိုစိတ်မရှိခဲ့တာဟာနှစ်ယောက်အတူ ကြင်နာခြင်းတွေနဲ့ရုန်းကန်ဖို့ အနည်းငယ်မျှော်လင့်ခဲ့တာကြောင့်။ သူအထက်တန်းကျောင်းသားမှန်းသိတော့လည်း သူ့အနာဂတ်လမ်းကို မိသားစုဆိုတဲ့ တာဝန်တွေထမ်းပိုးရင်း လမ်းမပျောက်စေချင်ခဲ့လို့ ဖျက်ချဖို့အထိပါ သူ့အတွက်ပိုလို့ စဉ်းစားပေးခဲ့တာ သူမကိုယ်တိုင်တောင် အရင်ကသတိမထားမိခဲ့ပေ။ အမွှာပူးသုံးယောက်ဆိုတော့ သူမနှလုံးသားက ဘယ်လိုမှ မရက်စက်နိုင်တော့ပေ။ ဘာနေနေ တာဝန်ယူမည် ၊ လင်းထက်လည်း သိသင့်သည် သိသွားရင်လည်းပျော်မယ်ဆိုတာ မျှော်လင့်ချက်ထားခဲ့မိလို့ဘသူ့ကိုလည်းလိုက်ရှာခဲ့သေးသည်။ လင်းထက်ကတော့ သူမလောက် သံယောဇဉ်ရှိခဲ့ဟန်မတူပေ။ သူမနဲ့လမ်းခွဲပြီးတာနဲ့ ပျောက်ခြင်းမလှပျောက်သွားခဲ့တာ။ ဒါလဲ သူ့အပြစ်လို့မဆိုသာပါလေ။ သူမတို့တွဲခဲ့တာ သုံးလ သူ့အသက် ၁၈နှစ်ဆိုတာ သံယောဇဉ်တွေ အချစ်တွေကိုလေးလေးနက်နက်ဘယ်သိလိမ့်မလဲ။ သူမကစိတ်ကစားမှုသက်သက်ပဲဖြစ်ခဲ့မှာပါလေ။ အခုဆို လင်းထက်ဘေးမှာ ပြီးပြည့်စုံပြီးလိုက်ဖက်လွန်းလှတဲ့ကောင်မလေးရှိနေပြီမလား။ အဲ့ဒီကောင်မလေးမပေါ်မှာလည်း ကြင်ကြင်နာနာပြောဆိုဆက်ဆံပေးနေသည်မဟုတ်လား။
             ငုဝါ လင်းထက်မရှိပဲ ၅နှစ်တောင် ကလေးတွေနဲ့ပင်ပင်ပန်းပန်းဖြတ်ကျော်လာခဲ့ပြီးပြီပဲ။ ဒီအတိုင်းဆက်သွားဖို့ဘာလို့မဖြစ်နိုင်ရမှာလဲ။ အရင်က လက်းထက်ကိုပြန်ရှာပြီး နွေးထွေးပျော်စရာကောင်းတဲ့ မိသားစုလေး ပြန်တည်ဆောက်ဖို့ စိတ်ကူးယဉ်ခဲ့ဖူးသည်။ ခုတော့ အဲ့တာက လုံးဝဖြစ်နိုင်တော့မည်မဟုတ်ပါ။ လင်းထက်ကိုပြန်တွေ့ပေမယ်လည်း ကလေးတွေအကြောင်းတော့ လုံးဝပြောတော့မည်မဟုတ်။ တော်ကြာ ကလေးတွေကို သူမဆီကနေခေါ်ထုတ်သွားရင်ဘယ်လိုလုပ်မလဲ။ ကလေးတွေသူမဆီမှာမရှိတော့ရင်ဆိုတဲ့အတွေးက ပိုလိုပင် စိတ်ပင်ပန်းဆင်းရဲစေသည်။ သူမသေသွားနိုင်လောက်သည်။ ကလေးတွေက သူ့ကလေးမဟုတ်ဘူးလို့ မငြင်းနိုင်လောက်အောင်ချစ်ဖို့ကောင်းလွန်းသည်မဟုတ်လား။ရုပ်ရှင်ဇာတ်ကားတွေထဲကလို ငွေနဲ့ပေါက်ပြီး ကလေးတွေခေါ်သွားရင် ကလေးတွေကလည်း လိုချင်တာရတဲ့နေရာကိုလိုက်သွားရင်။ အို အတွေးနဲ့တင် သူမရူးသွပ်မတတ်။ ငုဝါ သန္ဓိတ်ဌာန် ချလိုက်သည်က သူမ ကလေးအမေဖြစ်ကြောင်း လင်းထက်သိရင်သာသိစေမည် ကလေးတွေနှင့်လင်းထက် သွေးသားတော်စမ်ကြောင်းလုံးဝမသိစေရ။
ထပ်ပြီးသူမတွေးမိသည်က ပိုက်ဆံပိုပြီးကြိုးစားရှာဖို့ ကလေးတွေက ကြီးလာသည်နှင့်လိုချင်တာပိုများမည်။ ကျောင်းစားရိတ်တွေရှိသေးသည်။ ပြီးတော့ ကမ္ဘာလေးရဲ့ ကျန်းမာရေးအတွက်လည်း စုဆောင်းထားရဉီးမည်။ ယခုအလုပ်အပြင် နောက်ထပ်သူမဘာတွေလုပ်နိုင်သေးလဲ လုပ်ရသေးလဲဆိုတာ သေချာစဉ်းစားရဦးမည်။
            ငုဝါ အိမ်ပြန်ရောက်တော့ ကလေးသုံးယောက်က ညဝတ်င်္အကျီလဲပြီးလို့ကာတွန်းကားကြည့်ရင်း သူမကိုစောင့်နေကြပုံပေါ်သည်။ ကလေးတွေမြင်တော့ သူမ ကမန်းကတမ်းသူတို့လေးတွေဆီပြေးကာ အာဘွားတွေ တဝကြီးပေးပစ်လိုက်သည်။
          " မေမေ ဘာဖြစ်လို့ ဒီနေ့ တအားနောက်ကျနေတာလည်း ။ တီတီကြီးကို TV ဖွင့်ပေးဖို့ပြောပီး ဒါဒါ ပြန်ခိုင်းလိုက်ဘီ။ မောင်လေးကိုလည်း ပရပ်ပေါက်တေ မကိုင်ဖို့ ကြည့်ထားဒယ်။ ကိုကိုကလဲ မောင်လေး ညစာ တေချာစားအောင် ကျွေးဒယ်"
         "မေ့မေ့ ကလေးတွေက အရမ်းသိတတ်ကြတာပဲ။ ဒီမေမေကတော့ ကလေးတို့ကို အရမ်း အရမ်းချစ်နေရတော့မှာပဲ"
          " တားတားတို့လဲ မေ့ကို ရမ်း ရမ်း ရမ်းချစ်တာ" ကမ္ဘာလေးက သူမရင်ခွင်ထဲပြေးဝင်ပြီးဆိုသည်။
           " ကဲ အချစ်လေးတို့ ကာတွန်းကားကြည့်ရင်းစားဖို့ တီတီပပ ဝယ်ပေးလိုက်တဲ့အသီးတွေမေမေခွဲပေးမယ်နော်"
            သူမ အသီးထုတ်ကိုဆွဲပြီး မီးဖိုထဲဝင်လာတော့ သားကြီး မဟာက နောက်ကနေလိုက်လာခဲ့သည်။ ပြီးတော့ ခုံတခုံယူကာ ဘေးစင် နားချလိုက်သည်။ ခုံပေါ်တတ်ပြီး အသီးဆေးနေကြဇလုံကို ရေပင်အောက်ချလိုက်သည်။
            "သားကြီးက အသီးတွေကူဆေးမယ်မဟုတ်လား ။ မေမေက လှီးပေးမယ်"
သူမပြောရင်း ပန်းသီးနှင့်သစ်တော်သီးအချို့ကို သားကြီးဆေးမယ့် ဇလုံးထဲထည့်လိုက်သည်။ သားကြီးဆေးပြီးတဲ့အသီးတွေကို သူမလှီးရင်းတွေးမိသည်က သားကြီးမဟာရဲ့ ယခုလို အပြုအမူတွေက လင်းထက်လိုပါပဲ။ လင်းထင်အကြောင်းတွေးမိတာ ကိုယ့်ကိုယ်ကိုဒေါသဖြစ်သွားကာ နောက်ထပ်မတွေးမိဖို့ သူမခေါင်းကိုသူမရိုက်လိုက်လေသည်။
            " မေမေ ဘာလို့လဲ နေမကောင်းလို့လားဟင်"
မဟာလေးရှိနေတာ မေ့သွားတဲ့သူမကိုယ်သူထပ်အပြစ်တင်ရင်း
          "မဟုတ်ပါဘူး ။ ခေါင်းယားလို့။ မေ့မေ့ကို ကူညီပေးတာကျေးဇူးပဲ။ ညီလေးနဲ့ညီမလေးကို ကြည့်ထားလိုက်ဦး မေမေအသီးတွေလှီးပြီးလာခဲ့မယ်နော် "
       ဖင်လုံးလုံးကျစ်ကျစ်လေး တရမ်းရမ်းဖြင့်ထွက်သွားသည့် သားလေးကိုကြည့်ကာ သူမမှာ အသဲတယားယားဖြင့် ချစ်မဝနိုင်တော့ပေ။ ဒီလောက်ချစ်စရာ ရတနာလေးတွေရှိနေတာ သူမဘဝဘာလိုအပ်ဦးမည်လဲ။ ကလေးတွေအတွက်သာ သူမအကောင်းဆုံးကြည့်တော့မည်။

ဒုတိယအကြိမ်ချစ်ဖို့ မဖြစ်နိုင်တော့ဘူးDove le storie prendono vita. Scoprilo ora