Part 9

2.1K 397 45
                                    

B earthပြန်မည့် ယာဉ်က ထွက်ခွာတော့မည်
ဖြစ်သည်။တပ်သားအားလုံး စုံနေပြီဖြစ်ပေမဲ့
နောက်မကျတတ်သော ရှောင်းကျန့်ကဖြင့်
ရောက်မလာသေး။ယာဉ်ပေါက်ဝမှနေ စောင့်နေသည့် ရိပေါ်မှာ စိတ်မရှည်တော့သဖြင့် အနားက
ဖြတ်သွားသည့် တပ်သားကို လှမ်းဆွဲကာ

"တပ်မှူးရှောင်းကျန့်ကို ဆက်သွယ်လိုက်"

တပ်သားကို အမိန့်ပေးလိုက်လျှင်ဖြင့်
ကြောင်အအနှင့် အကြည့်ခံလိုက်ရသည်။

"ဘာကြည့်တာလဲ၊ငါပြောတာ နားမလည်ဘူးလား"

ပိတ်ဟောက်လိုက်တော့ တပ်သားလေးက
ပျာပျာသလဲဖြင့် ထဖြေ၏။

"တပ်မှူးရှောင်းကျန့်က ထွက်စာတင်သွားပါပြီ
တပ်မှူး။သူ B earthကို လိုက်လာတော့မှာ
မဟုတ်ဘူး"

"ဘာ!!!"

ရိပေါ် ၏ အာမေဋိတ်သံသည် အတော်ကျယ်သည်။ယာဉ်ထဲက လူတွေအကုန်လုံး လှည့်ကြည့်
ရလောက်တဲ့အထိပင်။

"ဘယ်နေ့က တင်တာလဲ၊ငါလည်း ဘာမှမသိရ
ပါလား"

"မနေ့က တင်လိုက်တာပါ တပ်မှူး။အကြီးပိုင်း
အရာရှိတွေ ဒီမနက်ပဲ အစည်းအဝေးထိုင်နေ
ကြတယ်။တပ်မှူး ရှောင်းကျန့်က ရုတ်တရက်ကြီး
ထွက်စာတင်ပြီး အဆက်အသွယ်ဖြတ်သွားလို့
B earthအတွက် အရံတပ်မှူး အမြန်ရွေးနေ
ကြရတယ်"

"အဆက်အသွယ်ဖြတ်တယ်!!?"

ရိပေါ်မှာ ပိုပြီး နေမထိ ထိုင်မသာ ဖြစ်လာရသည်။သူ ဆေးရုံသွားကြည့်တဲ့နေ့ကပဲ
အကောင်းကြီးကို ဘာလို့ အခုလို ထွက်စာတင်
ရတဲ့အထိ ဖြစ်သွားရတာလဲ နားမလည်။

ရိပေါ် လက်အောက်မှာ မနေချင်လို့များလား။

မဖြစ်နိုင်ပေ။ရှောင်းကျန့်ဆိုတာ အဝေးပြေးပြီး
အရှူံးပေးမဲ့အစား ရိပေါ်ကိုနင်းချေဖို့ အနားမှာ
အမြဲအသင့်ရှိနေမည့်လူ။အခုလို ပျောက်ကွယ်
သွားတာက အကြောင်းအရင်းတစ်ခုခုတော့
ရှိကို ရှိရမည်။

မဟုတ်မှ...ရိပေါ် ပြောခဲ့သလို ရှောင်းကျန့်မှာ
ရောဂါဝေဒနာ တစ်ခုခု ရှိနေခဲ့တာလား။
အဲ့တာ အဖြစ်နိုင်ဆုံးပင်။

မဆင်မခြင် ပြောမိသည့် သူ့ပါးစပ်သူ နာနာ
ရိုက်ရင်း သက်ပြင်းမောကြီး ချလိုက်မိသည်။

𝐀𝐫𝐞𝐚 𝟗𝟓 Donde viven las historias. Descúbrelo ahora