Part 23

2.7K 342 40
                                    

"မင်း တပ်ထဲသွားပြီး ဘာသွားလုပ်နေတာလဲ
ငါသိလို့ ရမလား"

ရှောင်းကျန့်က သူ့ကိုမသင်္ကာသော အသံနှင့်
မေးလာသည်။ရိပေါ်တစ်ယောက် အိတ်ထဲမှ
ရှောင်းကျန့်စားဖို့ ဝယ်လာသည့် မုန့်တွေကို
ထုတ်ပေးနေရင်း ထိုမေးခွန်း အမေးခံလိုက်ရတော့ လှုပ်ရှားမှုတွေ အနည်းငယ် တုံ့ဆိုင်းကုန်၏။

"ဒီတိုင်း သူတို့ အလုပ်ရှုပ်နေလို့။ပြီးတော့
အခုတစ်လော အရေးကြီးတဲ့ Mission တစ်ခု
လုပ်ဖို့ ရှိနေတာလေ။B earth မှာ ရှိနေတဲ့
တပ်မှူးတွေက အသစ်တွေဆိုတော့ သူတို့ကို
ညွှန်ကြားသင်ပြဖို့လည်း လိုအပ်နေတာနဲ့
ခဏခဏ သွားနေရတာ။မျက်နှာလွှဲ ခဲပစ်
မလုပ်ချင်လို့ ကူညီတဲ့ သဘောပါ"

"ဪ…အရေးကြီးလို့လား"

"အင်း…အရေးကြီး…မဟုတ်ပါဘူး။အဲ့လောက်
အရေးမကြီးပါဘူး"

ရှောင်းကျန့်သည် သူ့ထက်အရေးကြီးသည်ဟု
ထင်သွားမှာကို ရိပေါ် လန့်နေရတာကြောင့်
စကားပြော မမှားရဲပေ။တော်ကြာ ‌ကိုမုန်လာဥ
စိတ်ထိခိုက်မှ နှစ်ဆ သောကများရမည်မို့
အခုတလော ရှောင်းကျန့်ကို သူချော့ပေါင်း
နေရသည်။

"ငါ မနက်က လက်ဆစ်လွဲသွားတယ်နဲ့တူတယ်။
အခု လက်ကထောက်လိုက်တာနဲ့ နာနေရော…"

ထိုစကားစုလေးပဲ ရှောင်းကျန့်က ပြောသည်။
နောက်ဆက်တွဲကတော့ဖြင့် ရိပေါ် အလိုက်တသိ
နှိပ်ပေးဖို့ပင်။

"ပြ…ကျွန်တော် နှိပ်ပေးမယ်"

ရှောင်းကျန့်က သူ့ရှေ့ လက်ဆန့်တန်းပေး
လာသည်နှင့် ရိပေါ် မျက်လုံးပြူးသွားရသည်။
အကြောင်းမှာ ရှောင်းကျန့်လက်ပေါ်တွင်
အတန်းလိုက်ကြီး ရှိနေသော ပုတီးတွေကြောင့်…

"မားမားက ငါစိတ်ငြိမ်အောင်လို့တဲ့…
အခုတလော ပုတီးစိပ်ခိုင်းနေတာနဲ့ ပတ်ထားတာ"

ပုတီးတွေကို ချွတ်ပေးပြီး အင်္ကျီလက်အား
လှန်ကြည့်လိုက်တော့ တကယ်လည်း ရှောင်းကျန့် လက်ဆစ်က အနည်းငယ် နီရဲနေသည်။
ရှောင်းကျန့်၏ ဗိုက်က ခုနှစ်‌ကျော်၊ရှစ်လထဲ ရောက်ပြီမို့ အထိုင်အထမှာ လက်နှင့်ထောက်ကာ အကူအညီယူရသည်ကြောင့် အနည်းငယ် အဆစ်လွဲသွားပုံပင်။

𝐀𝐫𝐞𝐚 𝟗𝟓 Where stories live. Discover now