"ငါ့ကလေးကို လွယ်ထားရတဲ့ Alpha ကောင်ကို
မမြင်ဖူးရင် အဲ့မှာ ကြည့်ထားကြ။မေ့လို့…သူက
အခု Alphaမဟုတ်တော့ဘူး။Omegaဖြစ်သွား
ပြီလေ။ဘာလို့ အဲ့လို ထူးခြားဖြစ်စဉ်မျိုး သူ့ဆီ
သွားဖြစ်တာလဲ သိကြလား။သူ့အဖိုးဝဋ်တွေ
လည်နေလို့ပေါ့ကွ"တပ်သားများသည် ရှောင်းကျန့်၏ ပတ်ပတ်လည်တွင်။ရိပေါ်က သူ့ရှေ့တည့်တည့်မှာ ရပ်နေပြီး အာပေါင်အာရင်းသန်သန်နှင့်
ဝမ်းသာအားရ ပြောနေခဲ့သည်။၎တို့ ရယ်သံတွေ ပိုကျယ်လာလေလေ၊ရှောင်းကျန့်
ခြေချစရာ မြေနေရာလေး သေးနုပ်သွားလေလေပင်။လှောင်ရယ်သံများနှင့် လူအုပ်ကြီးသည် ရှောင်းကျန့်အား ပတ်ဝန်းရံထားပြီး တဖြည်းဖြည်း
တိုးလာကြသည်။ပြေးပေါက်မဲ့စွာ အရပ်ရှစ်မျက်နှာလုံးမှာ သူ့အပေါ် ရှူံ့ချမည့် လူတွေချည်း။"ခင်ဗျား ဝဋ်လည်နေတာ"
"မဟုတ်ဘူး"
"ခင်ဗျား ဝဋ်လည်နေတာ"
"မဟုတ်ဘူး"
"ခင်ဗျား ဝဋ်လည်နေတာ ရှောင်းကျန့်"
"အား!!!"
အော်သံသည် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ထဲ ဆူညံသွားသည်။ဇောချွေးတွေ ပျံနေသော
နဖူးအား သုတ်ရင်း ဘေးပတ်ပတ်လည်မှာ
ရိပေါ်ရှိလား ကြည့်မိ၏။ထိုသူမရှိတာ သေချာမှ စိတ်ချလက်ချ သက်ပြင်း
ချမည် ပြင်တုန်း"နိုးပြီလား"
စွပ်ပြုတ်ပန်းကန်ကိုကိုင်လို့ ရိပေါ်က အခန်းထဲ
ဝင်လာသည်။သူ့မျက်နှာမှာ တည်ကြည်နေပြီး
ဘာခံစားချက်မှ မရှိသယောင်။"ငါ ဘယ်ရောက်နေတာလဲ"
"Hotel မှာ။ခင်ဗျား ကားထဲမှာ အိပ်ပျော်သွားလို့
ဒီခေါ်လာတာ။အခု စကားပြောရအောင်"ဖြစ်သမျှ ကိစ္စတွေက အခုမှ ပြန်ဆက်စပ်မိသည်။သူ ရိပေါ်ကို ဖွင့်ပြောလိုက်ရပြီလေ။
အဆိုးဆုံး အခြေအနေထိ ရောက်နေမှတော့
အားလုံးကို ရင်ဆိုင်လိုက်ဖို့ပဲ ကျန်တော့သည်။"မင်းပြော…"
ရိပေါ်အတွက် စကားလမ်းစ ဖွင့်ပေးလိုက်သည်။
ပြောသင့်ပြောထိုက်တာတွေ အကုန် ရှောင်းကျန့်
ဘက်က လက်သီးတစ်ချက်နှင့် ထုတ်ပြောပြီးပြီဆိုတော့ ရိပေါ်စကားကို နားထောင်ကြည့်ရုံသာ ကျန်တော့၏။
