ရှောင်းကျန့် အိပ်ရာမှ နိုးတော့ အခန်းတစ်ခုလုံး
သူ့ Pheromone အနံ့များ ကြိုင်လှိုင်လျှက်။
သတိမလစ်ခင် ဘာတြွေဖစ်သွားလဲ တွေးမိတော့
ဘေးပတ်ဝန်းကျင်ကို အလန့်တကြား ကြည့်မိသည်။ခုတင်ခြေရင်းရှိ ထိုင်ခုံတွင် ရိပေါ်က Inhibitor ထိုးနေသည်။သူ့ကိုယ်ပေါ်မှာ ဘာအဝတ်အစားမှ
မရှိဘဲ ရှောင်းကျန့်နိုးနေတာ သိသွားတော့
လက်ပြကာ နှုတ်ဆက်၏။"ခင်ဗျား ဘယ်လိုဖြစ်တာလဲ။Rut ဝင်တာ
သတိပါ လစ်ရတယ်လို့"ရှောင်းကျန့်လည်း ဘာဖြစ်မှန်းမသိ။ဒီမှာ
ဆက်နေလို့ မသင့်တော့တာကြောင့် အိမ်အမြန်
ပြန်ဖို့သာ တွေးလိုက်၏။ကိုယ်ပေါ်မှ စောင်ကို
ဖယ်လိုက်ချိန်မှာပင် သူ့ကိုယ်ပေါ်၌ အဝတ်အစား
ဆိုလို့ လက်သုံးလုံးလောက်တောင် မရှိတာကို
သတိထားမိသွားပြီး"မင်း!!!"
ရိပေါ်သည် သူ့ လက်ပတ်နာရီကို လှုပ်ခါပြသည်။
Blue Light screenက လက်ပတ်နာရီထဲမှ
ထွက်ပေါ်လာပြီး ရှောင်းကျန့်၏ ဝစ်စလစ်
ပုံရိပ်များကို ရိုက်ယူထားတာ မနည်းမနောပင်။ရိုးရိုးဝစ်စလစ်ပုံမဟုတ်ဘဲ Rutဝင်နေချိန်
ရိုက်ထားတာ ဖြစ်ကာ ရှောင်းကျန့်၏ Glandကို
ပွတ်သပ်ပြနေသည့် ရိပေါ်လက်တို့ကြောင့်
Alphaတစ်ယောက်နှင့် ချစ်တင်းနှော
နေသည့်အလား။"ဝမ်ရိပေါ်...မင်း...မင်း သောက်ကျင့်ယုတ်လှ
ချည်လား!!"မျက်ခမ်းစပ်တွေ နီရဲလာသည့် ရှောင်းကျန့်က
ရိပေါ်အား ဒေါသတကြီး မာန်မဲသည်။ရိပေါ်
လက်ထဲက နာရီကို လုလိုက်ချင်ပေမဲ့
သူ့ခြေထောက်မှာလည်း အလူမီနီယံလက်ထိပ်
အခတ်ခံထားရသည်။"အရမ်းစိတ်မပူပါနဲ့။ကျွန်တော် လိုချင်တာက
တရားမျှတမှုလေးပါပဲ။ကျန့်ကောသာ နည်းလမ်း
ကျကျ ခေါင်းဆောင်ဖြစ်ပေးမယ်ဆို ဒီလောက်
ဖြစ်လာစရာ အကြောင်းကို မရှိတာ""မင်း ဘာလုပ်မို့လဲ!!"
"ကျန့်ကော ပါးပါးဆီ ပို့ပေးမို့လေ။အဲ့လို
မဖြစ်ချင်ဘူးဆိုရင်လည်း ကျွန်တော့်ကို
Missionတွေ မျှပေးပေါ့"ပေါ့ပေါ့ပါးပါးပင် ပြောနေသည့် ရိပေါ်က
နာရီကို လှုပ်ပြကာ ခဏခဏ သတိပေး၏။
ရှောင်းကျန့်က သူ့ပါးပါးကို သိပ်ဂုဏ်တက်ချင်သူ
ဆိုတာ ရိပေါ်လည်း အနည်းအကျဉ်း သိထား၏။
အပိုင်တွက်ကာ သူချုပ်လိုက်နိုင်ပြီဟု ထင်နေ
တုန်းမှာပင် ရှောင်းကျန့်က ခပ်မဲ့မဲ့ရယ်လို့
အပူအပင်မရှိ ပြောလာခဲ့သည်။
![](https://img.wattpad.com/cover/340333453-288-k377516.jpg)