"အယ်…တပ်မှူး ရှောင်းကျန့်တို့ပါလား"
ပွဲစဉ်ပြီးလို့ ပြန်မည်လုပ်ခါမှ အကြီးအကဲ
တပ်မှုးကြီးဇီက သူတို့ နှစ်ယောက်ကို မြင်သွားပြီး
လာနှုတ်ဆက်သည်။တပ်မှူးကြီးဇီ၏ လက်ကို
Omega တစ်ယောက်က ချိတ်ဆွဲထားပြီး
ထိုသူကဖြင့် ယုကွမ့်ပင်။ယုကွမ့်က ရိပေါ်ကို မြင်တော့ ခပ်ရေးရေး
ပြုံးလို့ နှုတ်ဆက်သည်။ရိပေါ်၏ မျက်နှာမှာ
စိတ်မရှည်မှုတွေ ပြည့်သွားပြီး ရှောင်းကျန့် လက်မောင်းကို ထိန်းကိုင်ပေးထားလျှက်မှ မျက်နှာလွှဲပစ်၏။"ခြေထောက်ကဘာဖြစ်လို့လဲ တပ်မှူးရှောင်းကျန့်"
"အာ...ဒီတိုင်း ချော်လဲတာပါ တပ်မှူးကြီးဇီ။ဒါနဲ့
အခုတစ်လော နေကောင်းတယ် မဟုတ်လား"တပ်မှူးကြီးဆိုပေမဲ့ အသက်က လေးဆယ်ကျော်ရုံသာ ရှိသေးပြီး ရူပကာလည်း မဆိုးလှပေ။
Omegaတပ်သားတွေ G earthပြန်လာလျှင်
တပ်မှူးကြီးဇီနားမှာ ဝိုင်းနေတတ်သည်။သို့ပေမဲ့
ထိုလူကလည်း ဘာလို့များ ယုကွမ့်ကိုမှ
ရွေးကြိုက်ရသလဲ ရိပေါ် နားမလည်။၎တို့
တွဲနေတာ ရိပေါ် သင်တန်းသားဘဝကတည်းက
ဖြစ်သည်။"နေလို့ကောင်းပါတယ်။ဒီကြားထဲ တပ်မှူး
ရှောင်းကျန့် တပ်ထဲက ထွက်သွားတော့ အလုပ်
ရှူပ်ပြီး ပင်ပန်းရတာဖြင့် ရှိတာပေါ့"ရှောင်းကျန့်က အားနာစွာ ပြုံးလိုက်ပြီး
"စိတ်မကောင်းပါဘူးဗျာ။ကျွန်တော် အဆင်ပြေရင် ပြန်လာခဲ့မှာပါ"
ထိုစကားမှာ ရိပေါ်ရော တပ်မှူးကြီးဇီပါ တအံ့တဩ ဖြစ်သွားရသည်။ရှောင်းကျန့်က တပ်ထဲ
ပြန်ဝင်မည့် ကိစ္စနှင့် ပတ်သတ်လို့ ဘာမှ
မပြောဖူးပေ။အခုတော့ ဆိုင်းမဆင့် ဗုံမဆင့်ကြီး
ပြန်ဝင်မည့်အကြောင်း အရိပ်အမြွက် ပြောလာ၏။"အဲ့လိုဆိုရင်တော့ ဝမ်းသာစရာပေါ့ တပ်မှူး
ရှောင်းကျန့်။အမြဲတမ်း ကြိုဆိုနေပါတယ်။
ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်။ဒါ ကျွန်တော့်
ဇနီးလောင်းပါ။ယုကွမ့်တဲ့"ယုကွမ့်က လက်ကမ်းလို့ ရှောင်းကျန့်အား
နှုတ်ဆက်သည်။ဟန်ဆောင်ကောင်းချက်ကတော့ ရှောင်းကျန့်အပေါ် မနှစ်မြို့ဟန်
သေးသေးလေးတောင် မတွေ့ရ။