ရှောင်းကျန့် အိပ်ရာမှ နိုးတော့ နေမြင့်နေပြီ
ဖြစ်၏။သူက အိပ်ရာထဲမှာပဲ အကြာကြီးလှဲနေ
ရင်းက မျက်နှာကြက်ကို ကြည့်လို့ အတွေးများ
နေသည်။အခု သူ့ဘေးနားမှာ ဘယ်သူမှ မရှိပေ။ခပ်လှမ်းလှမ်းမှာတော့ သူကိုယ်တိုင် အသက်နဲ့
ရင်းပြီး မွေးထားရသည့် ကလေးလေး ရှိနေ၏။
သို့ပေမဲ့ ရှောင်းကျန့်က ခွဲမွေးထားရသူမို့ ထလို့
မရပေ။ကလေးလေးထည့်ထားသော စက်ရုပ်
ပုခက်လေးသည် ညင်ညင်သာသာပင် လွှဲနေ
ခဲ့ပြီး အထဲမှ ကလေးကို ရှောင်းကျန့် မမြင်ရ။သူ့ ရေအရမ်းသောက်ချင်နေတာကြောင့်
တစ်ယောက်ယောက်များ ဝင်လာမလားဟု
မျှော်လင့်တကြီးနှင့် တံခါးမဆီ ကြည့်နေမိသည်။
အတန်ကြာချိန်မှာတော့ အခန်းတံခါးသည် ပွင့်ဟ
သွားခဲ့ပြီး တစ်စုံတစ်ယောက် ဝင်လာတာမို့
သူပျော်သွား၏။တစ်လှမ်းချင်း အခန်းထဲ လျှောက်လာသည့်
ရိပေါ်က သူ့ထံ မကြည့်ဘဲ ကလေးပုခက်ကိုသာ
အာရုံရလျှက်။အသံထွက်ကာ ရေတောင်းသောက်ဖို့ ပြင်လိုက်ချိန်မှာပင် ရုတ်တရက်
ရိပေါ် လက်ထဲမှ အရာကို တွေ့လိုက်ရသည်နှင့်
ရှောင်းကျန့်တွေးဆဆ ဖြစ်သွားတော့သည်။"Golf clubက…ဘာလုပ်မို့လို့လဲ ရိပေါ်"
ရိပေါ်က သူ့ထံ တဖြည်းဖြည်းချင်း လှည့်ကြည့်
လာပြီး မဲ့ပြုံးကို ပြုံး၏။ထို့နောက်မှာတော့
အေးစက်လွန်းသော အသံနှင့်"ကျွန်တော့်ကို ဒုက္ခရောက်အောင်လုပ်တဲ့
အရာတွေ ရှင်းပစ်မို့လို့"ရှောင်းကျန့် နားမလည်ပေ။သူက ရိပေါ်ကို
ထပ်မေးဖို့ ပြင်လိုက်ချိန်မှာပဲ ရိပေါ်က ကလေး
ပုခက်နားကို ပြေးသွားပြီး Golf clubနှင့်
ကလေးထည့်ထားသော ထိုပုခက်ကို အားရပါးရ ရိုက်ချလိုက်တော့သည်။"မလုပ်နဲ့!!!!!"
ရှောင်းကျန့် အသံကုန်အော်ဟစ်ပါသော်လည်း
ရိပေါ်က မရပ်တန့်ပေ။သူက ပုခက်၏ အပေါ်ဖုံး
မှန်ကလေး ကွဲအက်လာသည်အထိ မနားတန်း
ရိုက်နေဆဲ။မှန်ကွဲသွားပြီး အထဲက ကလေးကိုပါ
ရိုက်ဖို့ ပြင်နေတာကြောင့် ရှောင်းကျန့် သတိ
လက်လွတ်ပင် ခုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။
သူ့နားထဲ ကလေး၏ ငိုသံနှင့် ရိပေါ်၏ ထုရိုက်သံ
တို့က ဆူးချွန်ဖြင့် ထိုးနေသည့်အလားပင်။
