ရိပေါ်၏ ကားပျံလေးသည် အမြန်ဆုံးနှုန်းဖြင့်
လမ်းမထက် တစ်ပေခန့်အမြင့်မှနေ မောင်းနှင်
လာသည်။သူသည် နှစ်မိနစ်အတွင်း ရှောင်းအိမ်တော်ကို ပြန်ရောက်ဖို့ မှန်းထားပြီး ဒီအချိန်ဆို
ရှောင်းကျန့် ထိန်းချုပ်ခံနေရပြီဆိုတာ သိလိုက်၏။စိုးရိမ်စိတ်တို့ကြောင့် သူ့နဖူးထက်မှ ချွေးစေးတို့
ထွက်လာသည်ကား မနည်းမနော။ရှောင်းအိမ်တော်ကို ဆက်သွယ်ပြီး ရှောင်းကျန့်ကို
စောင့်ကြည့်ထားဖို့ ပြောထားပေမဲ့ ၄တို့ကလည်း ဒီတိုင်းရိပေါ်က အသိပေးသည် ဟုသာ
ထင်မှာဖြစ်သည်။ထိန်းချုပ်ခံရသော ကိစ္စကို
ရှောင်းကျန့်နှင့် သူသာသိပြီး မိသားစုတွေအား
မပြောဖြစ်ကြသေး။အဓိကကတော့ ရှောင်းကျန့်
ကိုယ်တိုင်က ပြောဖို့ငြင်းဆန်ခြင်းကြောင့်ပင်။သူ့ကြောင့် ဘယ်သူ့ကိုမှ စိတ်မပူစေချင်ဘူးတဲ့။
ဘာပဲဖြစ်ဖြစ် ရိပေါ်တစ်ယောက်တည်းကိုပဲ
အားကိုးချင်သည်ဟု သွယ်ဝိုက်ဆိုလာတာမို့
သူ့ဘက်ကလည်း လှိုက်လှိုက်လှဲလှဲ လက်ခံမိ
ထား၏။သူ့ ရှောင်းကျန့်ကို ဘယ်လိုနည်းနဲ့မှ
အထိခိုက်မခံနိုင်ပါ။ရိပေါ် ရှောင်းအိမ်တော်ကို ရောက်တော့ အိမ်ထဲ
မိသားစုတွေ ဧည့်ခန်းမှာ စုနေသည်ကို အပြင်
ကနေ လှမ်းမြင်လိုက်ရသည်။သူ အိမ်ထဲဝင်ဖို့၊
ကားပေါ်ကနေ လမ်းဆင်းလျှောက်နေလျှင်
အချိန်ကြာဦးမှာမို့ ကားပျံကို အိမ်နောက်ဘက်
ရှောင်းကျန့်အခန်းဆီ မောင်းလာလိုက်သည်။
ကားပျံ၏ အမိုးကို ဖွင့်ကာ မြင့်သည်ထက် မြင့်အောင်ပျံသန်းပြီး ရှောင်းကျန့်၏ ပြတင်းပေါက်
ကနေပဲ အခန်းထဲ တန်းဝင်လိုက်တော့မည်။သူ အိမ်နောက်ဘက်ကို ကွေ့လိုက်သည်နှင့်
ရှောင်းကျန့်အခန်းပြတင်းပေါက်မှနေ တစ်စုံတစ်ခု ပြုတ်ကျလာသည်ကို ရိပ်ခနဲ
မြင်လိုက်ရသည်။ကားအမိုးဖွင့်ကာ မော့ကြည့်မိတော့"ရှောင်းကျန့်!!!"
တရိပ်ရိပ် ပြုတ်ကျလာသော အရိပ်ဖြူလေးကို
မြင်လိုက်ရသည့် ထိုတစ်ခဏမှာ ရိပေါ်အသွေး
အသားတွေ တောင့်ခဲသွားရ၏။ဦးခေါင်း
တစ်လျှောက် ထုံကျဉ်သွားကာ ကားပျံကို
အမြန်ဆုံးအရှိန်နှင့် မောင်းနှင်လိုက်ပြီး အမြင့်ဆီ
ပျံသန်းလို့ ပြုတ်ကျလာသည့် ရှောင်းကျန့်အား ခါးမှနေ လှမ်းဆွဲဖမ်းလိုက်ရသည်။
