ည ဆယ်နာရီထိုးတာနှင့် ရှောင်းကျန့်သည်
သူ့အိပ်ရာလေးပေါ်မှာ ခွေခွေလေး အိပ်နေပြီ
ဖြစ်၏။ရိပေါ်တို့ ပထမဆုံး နှစ်ယောက်တစ်ခန်း
အိပ်ရမှာဆိုတော့ ရင်တောင်တုန်လာသလိုပင်။
ရှောင်းကျန့်ကတော့ ဘာမှမသိတော့ဘဲ
ဟောက်သံတောင် ထွက်တော့မည်။ညအိပ်မီးလေးတစ်လုံးသာ ဖွင့်ထားပြီး
ရေမွေ့ယာပေါ် ထိုင်ချလိုက်သည်နှင့် တစ်ဖက်မှ
ရှောင်းကျန့်ကိုယ်ပါ အနည်းငယ် လှုပ်သွားသည်။
နိုးသွားမှာစိုးလို့ ညင်ညင်သာသာလေး လှုပ်ရှား
နေရပြီး ရှောင်းကျန့်သာ လန့်နိုးသွားရင် ဒီည
သူတို့နှစ်ယောက်လုံး တစ်ယောက်မျက်နှာ
တစ်ယောက် မြင်ပြီး အိပ်ကောင်းခြင်း
အိပ်ရတော့မှာ မဟုတ်မှန်း ရိပေါ်သိတာကြောင့်။စောင်ကိုအသာလေးလှပ်လို့ ဖြည်းဖြည်းချင်း
ဝင်အိပ်လိုက်သည်။ရှောင်းကျန့် မနိုးတာ
သေချာသည်နှင့် သူသည်လည်း ခေါင်းဦးပေါ်
ခေါင်းချလိုက်၏။ရုတ်တရက်...ရုတ်တရက် သူ့အတွေးထဲ ဝင်လာသည်က
မမြင်ရတာကြာပြီဖြစ်သော ရှောင်းကျန့်
ဗိုက်ကလေး အကြောင်းပင်။သုံးလကျော်ပြီဖြစ်သော ထိုဗိုက်ကလေးက ဘယ်လောက် အရွယ်အစားဖြစ်နေမလဲ။ပြီးတော့ ဘယ်လိုပုံလေး ဖြစ်နေမလဲ…
ရိပေါ် အကြံတွေတစ်သီကြီးနှင့် အောက်နှုတ်ခမ်းကို ဖိကိုက်မိလိုက်သည်။ရှောင်းကျန့်ကို
ကြည့်တော့ အတော်လေး အိပ်မောကျနေတာမို့
ဗိုက်လေး လှန်ကြည့်ရုံနှင့်တော့ မနိုးလောက်ပေ။အတတ်နိုင်ဆုံး အသံလုံအောင် လှုပ်ရှားရင်း
ရှောင်းကျန့် ကိုယ်ပေါ်မှ စောင်ကို ခါးအောက်
ရောက်သည်အထိ လှန်ချလိုက်သည်။တုန်ရင်
နေသော သူ့လက်တို့က Hoodie အောက်ခြေစ
လေးကို ကိုင်ဖို့ ကြောက်ရွံ့လျှက်။အသက်ဝအောင်ရှူပြီး ခပ်ဖြည်းဖြည်းပင်
Hoodie စကို လှပ်ကြည့်လိုက်သည်။တစ်စတစ်စ ပေါ်လာသော ဖြူဖြူဖွေးဖွေး
ဗိုက်လုံးလုံးလေး၏ မြင်ကွင်းကြောင့်နှင့်
ရိပေါ်မှာ အသက်ရှူဖို့ပင် မေ့ရသည်အထိ။သိသိသာသာ လုံးအိနေသော ရှောင်းကျန့်
ဗိုက်ကလေးမှာ အမြင်နှင့်တင် နူးညံ့နေသည်။
အရင်က ရှိခဲ့သော ဝမ်းဗိုက်မှ ခပ်ရေးရေး
ကြွက်သားတို့နေရာမှာ သူ့ကလေးလေးက
နေရာယူထား၏။
