Part 19

2K 382 57
                                    

"ခင်ဗျား ပြန်မလိုက်ဘူးလား"

ရိပေါ်၏ အသံက အနည်းငယ် ခြိမ်းခြောက်နေ
သလိုပင်။အထက်စီးလည်း ဆန်လွန်းနေတာမို့
ရှောင်းကျန့် နှာမှုတ်လိုက်သည်။

"မလိုက်တော့ပါဘူး။အဲ့မှာ ငါမလုံခြုံဘူး"

"ကျွန်တော် အဲ့တာကို စစ်ဆေးနေတယ်။
ခင်ဗျားကို တစ်ယောက်တည်း ထားခဲ့ပြီး
အပြင်လည်း မသွားတော့ဘူး။ခင်ဗျား ပြန်လိုက်
ခဲ့‌စမ်းပါ။ဒီမှာဆို လူသိသွားလိမ့်မယ်"

(ပြန်လိုက်ခဲ့ စမ်းပါ?စမ်းပါ?)

ရှောင်းကျန့် ရိ‌ပေါ်ကို ကြည့်ရင်း ကြည့်ရင်းနဲ့
ဒေါသထွက်လာသည်။အခန်းထဲမှာ ဘယ်သူမှ
မရှိတာမို့ အော်ချင်စိတ်ကို ထိန်းချုပ်ထားမနေတော့ဘဲ

"မလိုက်ဘူးကွာ၊မလိုက်ဘူး။မင်း ပြန်တော့!!"

"ရှောင်းကျန့်!ခင်ဗျား ဘာဖြစ်နေတာလဲ။
ကျွန်တော် ဒီလောက် ခယနေပြီး ခေါ်နေတာ
ခင်ဗျားအတွက်တွေပဲနော်။နည်းနည်း ရင့်ကျက်စမ်းပါ။အကျင့်ယုတ် ဖို့လောက်ပဲ ခေါင်းမသုံးနဲ့!"

"ငါ့အတွက် ဆိုပဲ။မင်း ဒီကလေးနဲ့ ငါ့ကို
သေလောက်အောင် ဖွက်ထားချင်နေတာ
လူတိုင်းသိတယ် ရိပေါ်။မင်းရဲ့ တောက်ပနေတဲ့
အနာဂတ်ကြီး ပျက်ဆီးမှာစိုးလို့၊မင်းမှာ ကလေး
ရှိတယ်ဆိုတာကိုတောင် မေ့ပြီး အပြင်မှာ
လမ်းသလားနေနိုင်တာလေ။ငါအလန့်တကြား
ဖုန်းဆက်တော့လည်း မင်း ဘာပြောလဲ?
"မအားသေးဘူး"ဆိုတာပဲ ပြောနိုင်တာ မဟုတ်လား။အဲ့တော့ အမြဲ မအားတဲ့ မင်းနားမှာ
မနေနိုင်ဘူး"

"ကျစ်!မအားဘူးဆိုတာ တကယ်မအားလို့လေ။
ခင်ဗျားကို နောက်တစ်ခါ အဲ့လို မဖြစ်စေရဘူးလို့ကတိပေးပြီးပြီပဲ၊ဘာဖြစ်နေတာလဲ။ပြီးတော့
ကျွန်တော်က ကလေးကို ဖွက်ထားချင်တယ်
ဆိုပြီး မစွပ်စွဲနဲ့။ခင်ဗျားက  ကိုယ်ဝန်ဆောင်ထား
ရတယ်ဆိုပြီး ချပြရဲပြီ မလို့လား။ချပြရဲ
ရင်တောင် ကိုယ်ဝန်‌ဆောင်နိုင်တဲ့ Alpha ဆိုပြီး
နာမည်ကြီးချင်လို့လား။ပြဿနာ မရှာချင်စမ်း
ပါနဲ့"

ရိပေါ် ပြောတာ အမှန်တရားတွေချည်းပင်။
ဒါပေမဲ့ ရိပေါ်ပြောတာ မို့လို့ လက်မခံပါ။

𝐀𝐫𝐞𝐚 𝟗𝟓 Where stories live. Discover now