ရိပေါ်၏ ခြေလှမ်းတို့က ယုယွမ်ကိုကျော်ကာ
အနောက်မှ နံရံကြီးဆီ ဦးတည်သွားသည်။
သူက ပန်းချီကားကြီးတစ်ချပ်ရှေ့မှာ သွားရပ်
လိုက်တော့ ယုယွမ်ရော၊ယုသခင်ကြီး၏
မျက်နှာမှာ မဲမှောင်သွားတော့သည်။Leoစစ်ကြောင်းထဲမှ တပ်သားတစ်ဦးက ရိပေါ်
လက်ပြလိုက်သည်နှင့် အနားကို လျှောက်လာပြီး
ပန်းချီကားကြီးကို ဆွဲတွန်းလိုက်၏။ကန့်လန့်ဖြတ် ဖြစ်သွားသော ပန်းချီကားကြီး၏
အောက်၌ လှို့ဝှက်အခန်း၏ ဝင်ပေါက်ကို
တွေ့လိုက်ရသည်။ရိပေါ်က သူ့လက်မှာ ပတ်ထားသော အချက်ပြ
ကိရိယာလေး၏ Light screen ကို ထုတ်ကြည့်
လိုက်သည်။ဖြာထွက်လာသော အပြာရောင်
အလန့်တန်းများ၏ အလယ်တွင် အချက်ပြ
အမှတ်အသားနီလေးက ထင်ရှားစွာ။ကပ်ပါးကောင်နှင့် တပ်ဆင်ပေးလိုက်သော
GPSသည် M earth၏ စွန့်ပစ်လမ်းထဲ သွားလာ
နေသည့် ဆရာဝန်ကြီး၏ ကိုယ်၌ ကပ်ပါသွားခဲ့ပြီး တည်နေရာပြပေးသည်။အမှုစစ်ကြီး
ပြောကတည်းက ထိုဆရာဝန်ကို မသင်္ကာခဲ့တာမို့
သူ ခြေရာခံဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။သို့ပေမဲ့
မထင်မှတ်ထားစွာပင် လှို့ဝှက်ကြံစည်နေသူ
တွေရဲ့ တည်နေရာက ယုအိမ်တော် ဖြစ်နေခဲ့၏။"Password ပြောပါ"
သူက ယုသခင်ကြီးဘက်ကို လှည့်လို့ တည်ကြည်စွာ ဆိုလိုက်သည်။ပုံပျက်ပန်းပျက် ဖြစ်နေသည့်
ထိုသားဖနှစ်ယောက်အား ရဲများက ဖမ်းဆီးဖို့
လုပ်လိုက်ပေမဲ့"မလာနဲ့!!"
ယုသခင်ကြီးက သေနတ်ကို ထုတ်လို့ ရမ်းသမ်း
ပစ်လာသည်။Leoစစ်ကြောင်းမှ တပ်သားတွေရော၊ရဲတွေရောက ကိုယ်စီလက်နက်တွေထုတ်ကာ ယုသခင်ကြီးကို ချိန်ထားကြ၏။"ယုသခင်ကြီး၊အခြေအနေကို ပိုဆိုးအောင်
မလုပ်ပါနဲ့။အပြစ်တွေကို အေးဆေးဝန်ခံပြီး
ပူပေါင်းပေးပါ"အမှုစစ်ကြီးက ဖျောင်းဖျပေမဲ့လို့ ယုသခင်ကြီးသည် နားမထောင်ပေ။သူက ချွေးတွေပျံနေပြီး
ရုပ်ပျက်ဆင်းပျက်ဖြစ်နေကာ နံဘေးမှ သမီး
ဖြစ်သူကို အကာအကွယ်ပေးထားသည်။"မင်းတို့လက်အောက် ဘယ်တော့မှ မရောက်စေ
ရဘူး ဝမ်ရိပေါ်"ဒေါသနှင့် ထွက်လာသည့် ထိုစကားတွေအား
ရိပေါ် ဂရုမထား။သူက လှို့ဝှက်နံပါတ်
မပြောပြသော ယုသခင်ကြီးကြောင့် နည်းပညာ
ကျွမ်းကျင်သူ တပ်သားတွေကို Password
ဖြည်ဖို့ အမိန့်ပေးလိုက်သည်။တပ်သားများက
တံခါးနား ကပ်သွားပြီး Hack ဖို့ လုပ်ကြတော့၏။