"ဒီလောက်ထိ လုပ်ဖို့ မလိုပါဘူး တပ်မှူး ရိပေါ်။
ယုကွမ့်ကို ပြန်လွှတ်ပေးပါ"တပ်မှူးကြီး ဇီက ထိုင်ခုံထက် ချုပ်နှောင်ခံထား
ရသည့် ယုကွမ့်ကို ကြည့်ပြီး ရိပေါ်အား ဒေါသ
ဖြစ်နေ၏။ယုကွမ့် မေ့လဲသွားလို့ သူ့မှာ စိတ်ပူ
ရပါတယ်ဆို ရိပေါ်ကပါ သူ့ချစ်သူကို ဖမ်းချုပ်ထားသေးသည်။"တပ်မှူး ဇီ။စိတ်အေးအေး ထားပါ။ကျွန်တော်တို့
စစ်ဆေးစရာ ရှိနေတယ်"ယုကွမ့်သည် တဖြည်းဖြည်းချင်း သတိရလာသည်။သူ့ မျက်လုံးရှေ့မှာ ရိပေါ်နှင့် တပ်မှူးဇီ
ရပ်နေတာလည်း မြင်သွားရော ခေတ္တမျှ
မျက်နှာသေနှင့် ကြည့်နေ၏။ပြီးမှ သူ့လက်ကို
စတီးလက်ပတ်တွေနှင့် ချုပ်ထားသည်အား
သိသွားပြီး"ဘာ...ဘာလုပ်တာလဲ။ကျွန်တော့်ကို ဘာလို့
ဖမ်းထားတာလဲ။ဇီကော...လုပ်ပါဦး"တပ်မှူးဇီက ဆက်မကြည့်နိုင်တော့ဘဲ ဖြေပေးဖို့
ပြင်ပေမဲ့ ရိပေါ် ထိုသူ့ပုခုံးမှ ဆွဲတားလိုက်သည်။
တပ်မှူးဇီသည် ရိပေါ်က အကြောင်းအရင်း
မရှိဘဲ ဒီလို မလုပ်ဘူးဆိုတာ သိလေတော့
အနည်းငယ် စိတ်လျော့ကာ နောက်တစ်လှမ်း
ဆုတ်သွား၏။ထင်ထားသလို မဟုတ်ဘဲ သူ့ကို ချုပ်နှောင်ထား
သည်အား လာမဖြေပေးသည့် တပ်မှူးဇီ၏
အပြုအမှုကြောင့် ယုကွမ့်က ဒေါသတကြီး
အံကြိတ်သည်။နူးညံ့သော အမူအယာကိုသာ
ပြန်ပြဖို့ ကြိုးစားပေမဲ့ လျင်လွန်းသော ရိပေါ်က
ယုကွမ့် မျက်နှာအပြောင်းအလဲကို မြင်သွား၏။သူက ထိုင်ခုံတစ်ခု ဆွဲယူလိုက်ပြီး ယုကွမ့်အရှေ့
ထိုင်ကာ…"ယုကွမ့်၊ခင်ဗျား ဒီကို ဘယ်လို ရောက်လာ
တာလဲ သိလား"ယုကွမ့်သည် ခပ်ဟဟ ရယ်ရင်းမှ
"ဒါဘယ်လို ခပ်တုံးတုံးမေးခွန်းလဲ ရိပေါ်။"
"ဖြေပါ။ခင်ဗျား ဒီပေါ်မှာ ဘယ်လိုဖြစ်ပြီး
အချုပ်ခံထားရသလဲတောင် မမှတ်မိဘူး
မဟုတ်လား"ယုကွမ့်၏ မျက်လုံးများသည် ချက်ချင်းဆိုသလို
ပြုံးနေရာမှ ရေသေလို တည်ကြည်သွား၏။
သတ်ဖြတ်ချင်စိတ်တွေ ပြည့်နေသော ထို
မျက်နှာမှ ပုံရိပ်တို့ကို တပ်မှူးဇီကပါ မြင်သွားပြီး
မယုံကြည်နိုင် ဖြစ်နေသည်။