တစ်နေကုန် ရှောင်းကျန့်သည် အခန်းပြင်သို့
မထွက်လာပေ။ထမင်းသုံးနပ်လုံးကို အငတ်ခံကာ
ရိပေါ်အား ကောင်းကောင်းကြီး ဆန္ဒပြနေသည်။ညကကိစ္စကြောင့် ကိုယ့်မှာ အပြစ်ရှိသလို
ခံစားရသည်မို့ ရိပေါ်တစ်ယောက် ရှောင်းကျန့်အား ရသလောက် ချော့ခေါ်ပေမဲ့ ခေါင်းမာသည့်
ထိုလူကဖြင့် အသံသေးသေးတောင် မပေး။"ကျွန်တော်တို့ စကားပြောရအောင်။ခင်ဗျား
အဲ့လို ကလေးဆန်ဆန်တွေ မလုပ်လို့ရမလား"မချော့တတ်သူပီပီ သူကတော့ နူးနူးညံ့ညံ့
စကားလုံးတွေ မသုံးတတ်။ထိုစကားတွေက
Omega လေးတွေ၊အချော့ကြိုက်တဲ့ အမျိုးသမီးတွေ အတွက်သာ သုံးလို့ သင့်တော်
သည်ဟု ယူဆထားတာကြောင့် သူနှင့်
ရှောင်းကျန့်အကြားမှာတော့ ပြောထွက်ဖို့ရာ
ကသိကအောက် ဖြစ်လှသည်။"ရှောင်းကျန့်"
တံခါးကို ခပ်နာနာ တစ်ချက်ထုပေမဲ့ ဘာမှ
မတုံ့ပြန်။"ရှောင်းကျန့်"
ဒုတိယ တစ်ခါ ထပ်ခေါ်လိုက်သည်။သို့ပေမဲ့
ထူးခြားမှုမရှိ။ရိပေါ် သက်ပြင်းမောကြီးချကာပင် သူ့
ခြေထောက်တွေကို ငုံ့ကြည့်လိုက်မိသည်။
သူလည်း အနည်းနဲ့အများ စိတ်ညစ် အားနာ
နေရတာပဲကို။တကယ်ဆို ရိပေါ် ဒီအရွယ်လေးနဲ့
အိမ်ထောင်ကို ထိန်းသိမ်းနိုင်ဖို့ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်တဲ့ကိစ္စ။တတ်နိုင်သလောက် သူ့ဘက်က
အဆင်ပြေဖို့ ကြိုးစားနေရပေမဲ့ ရှောင်းကျန့်
ကတော့ ပါဝင်ပူးပေါင်းပေးဖို့ ဆန္ဒမရှိခဲ့ပါ။"ကျန့်ကော...တံခါးဖွင့်ပါဦး။ကျွန်တော်တို့
နှစ်ယောက်တည်း ရှေ့ဆက်ရမဲ့ အနာဂတ်
မဟုတ်ဘူးဆိုတာ ကျန့်ကောလည်း သိတယ်
မဟုတ်လား။ကျွန်တော်တို့မှာ ကလေးလေး
ရှိနေပြီ။အဆင်မပြေတာတွေကို စကားပြောရင်း
ဖြေရှင်းရအောင်လေနော်။"ရှောင်းကျန့်က ဒီနေ့တော့ တံခါးဖွင့်လာမှာ
မဟုတ်တော့မှန်း ရိပေါ်သိသွားသည်။အဆုံးမှာ
လက်လျော့လိုက်ပြီး ရှောင်းကျန့်အတွက် အချိန်
ပေးဖို့သာ ဆုံးဖြတ်လိုက်၏။သူလှည့်ထွက်သွား
တော့မည့် အချိန်မှာပဲ အခန်းတံခါးက ပွင့်ပြီး
ရှောင်းကျန့်တစ်ယောက် အခန်းပြင် ထွက်လာသည်။
