ရှောင်းကျန့် ဒီနေ့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲ
နေသည်။သူ့ ခေါင်းကလည်း ဦးနှောက်ထဲ
အကောင်တစ်ကောင် ပြေးလွှားနေသည့်အတိုင်း
တဆစ်ဆစ်နှင့် အတွင်းကျကျ နာကျင်မှုဖြင့်
ကိုက်ခဲလျှက်။အဆိုးဆုံးကတော့ သူ့မျက်လုံးတွေ အောင့်နေတာ
ဖြစ်၏။မျက်ခွံတွေ လေးနေပြီး မျက်လုံးမှိတ်
ထားမှ နေသာထိုင်သာ အနည်းငယ်ရှိသည်။"ကျန့်ကျန့်။မားမား ဆရာဝန် ခေါ်ပေးရမလား"
သို့ပေမဲ့ ရှောင်းကျန့်က လက်မခံချေ။ရိပေါ်တို့
မိသားစု ဆရာဝန်က အခုတလော ဘာတွေနဲ့
အလုပ်ရှူပ်နေလဲ မသိ၊ရှောင်းကျန့်ကို လာကြည့်
ဖို့တောင် သူ့မှာ အပြေးအလွှား လုပ်နေရသည်။
ကိုယ်က ခေါင်းကိုက်ဝေဒနာလောက်လေးကို
ရောဂါလုပ်ပြီးလည်း မခေါ်ချင်။ပြီးတော့
သူ့အကြောင်းကို ရိပေါ်၏ မိသားစု ဆရာဝန်
တစ်ယောက်သာ သိတာမို့ ဘယ်သူ့ကိုမှ ထပ်ပြီး
အသိမခံချင်တော့။"ရတယ် မားမား၊သား အိပ်လိုက်ရင် သက်သာ
သွားမှာ"ရှောင်းကျန့်က အိပ်ရာထက်မှာပဲ ဟိုလှိမ့်ဒီလှိမ့်
လုပ်နေရသည်။သူ့ ခေါင်းကိုက်တာ ပိုဆိုးလာပြီး
ကိုယ်တွေပါ ပူလာသလိုပင်။ဖျားတာများလား...?
သူတွေးရင်း တွေးရင်း မဆီမဆိုင် ကလေးကြောင့် ဖြစ်တာဟု ထင်လိုက်မိသည်။မားမား
ကတော့ ဆယ့်ငါးမိနစ်တစ်ခါ ရှောင်းကျန့်ကို
လာကြည့်ပေးပြီး စိုးရိမ်နေတာ မရပ်တော့။သူမက ရှောင်းကျန့်စားဖို့ စွပ်ပြုတ်တွေ
သွားလုပ်ပေးရင်းက ရိပေါ်ဆီ ဖုန်းဆက်
လိုက်သည်။ငါးမိနစ်အတွင်း ရိပေါ်က ရောက်လာပြီး ရှောင်းကျန့် ဘယ်မှာလဲဟု စိုးရိမ်တကြီး
မေး၏။"သူ့ အိပ်ခန်းထဲမှာပဲ၊အဖျားတက်တာက ပိုဆိုး
လာတယ်။ခေါင်းကိုက်တယ်လည်း ပြောတယ်။
ပြီးတော့ မျက်လုံးတွေ ရောင်နေသလိုပဲ၊
အန်တီလည်း သူ့ကြည့်ပြီး ဘာလုပ်ရမယ်မှန်း
မသိတော့ဘူး"ရိပေါ်က အန်တီရှောင်း ချက်ထားသည့်
စွပ်ပြုတ်ကို ယူလို့ အိမ်ပေါ်တက်သွားလိုက်သည်။အခန်းတံခါး ဖွင့်လိုက်သည်နှင့် ရှောင်းကျန့်၏ အားနည်းဖျော့တော့စွာ ခုတင်ထက်မှာ
အိပ်စက်လျှက်။