ရိပေါ်သည် ကျိုးချန်ကို ရေခဲ လှံသွားထိပ်လို
အေးစက်စက် အကြည့်စူးစူးများနှင့် မျက်တောင်
မခတ်စိုက်ကြည့်နေခဲ့သည်။ဘီယာတွေ
သောက်လို့ ရင်ပူရပါသည်ဆို၊ရှောင်းကျန့်
အကြောင်းတွေးနေရသေး၏။ထိုကြားထဲ
ကျိုးချန်ကပါ…"မင်း အသက်ရှင်ရတာ ပျင်းနေပြီလား"
ရိပေါ်က ထိုစကားတစ်ခွန်းသာ ဆိုသည်။
ကျိုးချန်သည် ဂရုမစိုက်ဟန် ပုခုံးတွန့်ပြကာဖြင့်
မျက်နှာမဲ့၏။"ဒီတိုင်း သတိပေးတာပါ။မေ့နေတာလား လို့လေ"
မေ့နေတာလားဆို ဟုတ်သည်။ထိုစကားမျိုး
သူ မပြောခဲ့ဖူးသလိုပင် ကျိုးချန်အစမဖော်
မချင်း သူ သတိရမှာ မဟုတ်ပေ။ယုတ်စွဆုံး
ထိုသို့ ရူးပေါပေါ အတွေးမျိုးတွေ တွေးပြီး၊
အရေးမပါတာတွေ ပြောခဲ့တုန်းက ခံစားချက်မျိုး
အခုနေရှာလို့တောင် မတွေ့တော့။ကိုယ့်လမ်းကိုယ် လျှောက်ကြမယ်?
ထိုစကားပြောခဲ့သော လွန်ခဲ့တဲ့ တစ်နှစ်က
ရိပေါ်ဟာ ဦးနှောက်မဖွံ့ဖြိုး သေးလို့များလား။အနာဂတ်ကို လက်ရှိစိတ်ထဲက တွေးနေသလို ဖြစ်လာမယ် ထင်နေတဲ့ မြီးကောင်ပေါက်၊
သောက်ရူး၊ခွေးသား၊မျိုးမစစ်၊
အောက်တန်းစား၊ကျပ်မပြည့်၊.....သူ့မှာ အသက်ပင် မရှူနိုင်တော့။ကိုယ့်ကိုယ်ကိုယ်
ဒေါသထွက်လွန်းလို့ သောက်လက်စ ဘီယာပင်
ဝမ်းထဲမရောက်ချင်ပေ။"အဲ့အကြောင်း ရှောင်းကျန့်ကို စကားသွားမစနဲ့"
"ဘာလို့လဲ"
"မင်းကိစ္စ မဟုတ်လို့ပေါ့ကွာ"
လက်ကျန်ဘီယာကို တစ်ကြိုက်တည်းမော့ပြီး
ကျိုးချန်အနားမှ ထွက်သွားဖို့သာ တွေးလိုက်သည်။ဒီလောက်ဆို ကျိုးချန်လည်း ရှောင်းကျန့်အား ထိုအကြောင်းကို စကားစမှာ မဟုတ်တော့။
ရှောင်းကျန့်ဘက်က ထိုကိစ္စကို မေ့နေသလောက်
အချိန်တိုင်းကို ရိပေါ်ကလည်း မေ့မေ့လျော့လျော့
စီးမျောပေးရုံပင် ဖြစ်သည်။ရိပေါ်ကို အားနာလို့ ကွာရှင်းမည့်အကြောင်း
မပြောဘူးဆိုရင်လည်း သူက တစ်သက်လုံး
ရှောင်းကျန့်အား ပေါင်းသင်းပေးသွားမှာပင်။