Part 12

2.4K 429 121
                                    

"ပါး…ပါးပါး!"

ရှောင်းပါးပါးသည် တံခါးပေါက်မှာ ဒေါသ
တစ်ဝက်နှင့် ရပ်နေခဲ့သည်။ထိုလူအိုကြီး၏
မုတ်ဆိတ်မွေးပြည့်သော မျက်နှာကြီးမှာ
ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးလိုပင်။

ရှောင်းပါးပါး‌အနောက်မှာတော့ ရှောင်းမားမား
ရှိနေပြီး၊သူမက မယုံကြည်နိုင်ခြင်းတွေနှင့်
ပါးစပ်လေးအုပ်လျှက် ငိုမဲ့မဲ့။

"ငါမေးနေတယ်၊ဇနီးက ဘယ်သူလဲ!!"

ရှောင်းကျန့်သည် တစ်ကိုယ်လုံးတုန်ရင်ကာ
ဘာမြှပန်မဖြေနိုင်။သို့ပေမဲ့ သူ့ကိုကြည့်လိုက်
ရင်တော့ တည်ငြိမ်နေသည့်လူလို ဟန်ဆောင်
ကောင်းလှသည်။

"ကျွန်တော်လည်း မသိဘူးဗျ။ကျန့်ကောက
မပြောပြဘူး"

ရိပေါ်သည် ပြုံးစစနှင့်ပင် ရှောင်းကျန့်အား
ဖိနင်းသည်။အခုဆို ရိပေါ်ကို ယုတ်မာသွားတာ
အတွက် ပြန်ပေးဆပ်ရမည်ပင်။ကြည့်ရတာ
သူ့မှာ ဇနီးရှိကြောင်းကို မိဘတွေပါ သိပုံမရ။
မိဘတွေသိပြီး ကွဲသွားရင်ဆိုတဲ့ ကလေး
အတွေးနှင့်ပင် ရိ‌ပေါ်မှာ ပျော်သလိုလို ဖြစ်လာ
ရသည်။

"ရှောင်းကျန့်!ငါမေးနေတယ်။မင်းဇနီးက
ဘယ်သူလဲ"

ခေါင်းငုံ့ထားရင်းမှ မော့ကြည့်လာသည့်
ရှောင်းကျန့်၏ မျက်ခမ်းစပ်တို့မှာ နီရဲလျှက်။
ရိပေါ်က အောင်နိုင်သူလို ပြုံးပြလိုက်သည့်အခါ
အံကြိတ်သွားသေးသည်။

"ကျွန်တော့်မှာ ဇနီး မရှိပါဘူး၊ပါးပါး အထင်လွဲ
တာပါ"

"ငါ့ကို...မလိမ်နဲ့နော်"

အေးစက်သည့် ရှောင်းပါးပါး၏ စကားကို
ထိုသူသည် ခေါင်းသာညိတ်ပြ၏။ရိပေါ်ကတော့
ဒီလောက်နဲ့ ပွဲပြီးသွားမှာကို မလိုချင်တာမို့

"အဲ့တာဆို မနေ့ညကဝယ်တဲ့ ကိုယ်ဝန်အားတိုးဆေးတွေက ဘယ်သူ့အတွက်လဲ။
ဒီအိမ်မှာ ကောင်လေးတစ်ယောက်ရှိတယ်ဆို၊
သူ့အတွက်လား"

"ဒီအိမ်က ကောင်လေးက Betaပါ။သူလုံးဝ
မဖြစ်နိုင်…"

စကားစ ရပ်သွားသည့် ရှောင်းပါးပါးက
ရှောင်းကျန့်ဆီ မြှားဦးပြန်လှည့်လာပြန်၏။

𝐀𝐫𝐞𝐚 𝟗𝟓 Onde histórias criam vida. Descubra agora