အခန်း (1)
အညာနွေသည် ကျလာသောချွေးပင် လေထဲတွင် အငွေ့ပျံ သွားလောက်အောင်ကို ပူပြင်းလွန်းလှသည်။ "နဖူးကချွေး ခြေမကျ" ဟူသော
စကားမှာ အမှန်တော့ ထိုသို့ဖြစ်နိုင်သည်။
အလွန်ပူလွန်းသော အညာ၏နွေအားတင်စားကာ ခြေသို့ပင်မရောက်... လေထဲတွင်ပင် အငွေ့ပျံသွားလောက်အောင်ကို ပူလောင်လွန်းလှသည်ဆို ဆိုခဲ့ဟန်တူသည်။
(ဤကား ကျွန်တော်၏ ယူဆချက် သက်သက်သာ)ထိုသို့သော အညာနွေ၏မာန်ပြင်းပြင်းခဲသောအပူကို သူမတို့ကလေးတစ်သိုက် အပေါ်အုပ်မိုးနေသော ထနောင်းပင်ကြီး အရိပ်ဖြင့် အံတုကာ ခရီးသွားဧည့်သည်တွေအလာကို မျှော်လင့်တကြီး စောင့်စားနေကြလေသည်။
" သရပါရယ်... ပူလောင်ရတဲ့ကြားထဲ...အရိပ်ထဲဝင်နေပါဟယ်... လာကြမှာပေါ့ကွယ်"
သူမက ဘုရားမုခ်ဦး ရှိရာ လမ်းဘက်ဆီမျှော်ကြည့်နေလျက်မှ ကြီးကြီးနွဲ့ဘက်လှည့်ကာ...
"ပူပါဘူး အနွဲ့ရဲ့... အနွဲ့တစ်ယောက်တည်း ပူနေတာ ... ဟင်း....၁၁နာရီတောင်ထိုးတော့မယ် ဘုရားဖူးတွေကလည်း လာခဲလိုက်တာနော်"
သူမခပ်ညည်းညည်းကလေး ရေရွတ်ရင်း နဖူးမှစီးကျလာသော ချွေးတစ်ချို့အား လက်ခံဖြင့်ပင့်သုပ်လိုက်သည်။ ညီမလေး သရဖီ ကတော့ ခပ်လှမ်းလှမ်းက တမာပင်အောက်တွင် သူ့သူငယ်ချင်း လမ်းပြကလေးတစ်သိုက်နှင့် အရုတ်ကဒ်လေးများ ထပ်တမ်း ကစားနေကြလေသည်။
ဒေါ်နွဲ့မူက ဝါးလက်စကွမ်းအားပျစ်ကနဲထွေးလိုက်ပြီး သူမအား ဂရုဏာသက်သော အကြည့်ဖြင့်ကြည့်ကာ ပင့်သက်မောကိုတစ်ဝကြီးရှိုက်လိုက်ပြီး သက်ပြင်းရှည်ကြီးကို လေးတွဲ့စွာ ချလိုက်လေသည်။
သိပ်သနားဖို့ကောင်းတဲ့ကလေး၊ ငယ်စဉ်ကတည်းက သူမ၏မ်ိဘ မျက်နှာရိပ်မျက်နှာကဲ သိပ်ကြည့်တတ်သည့်ကလေး ၊ သူတစ်ပါးအားကိုယ်ချင်းအင်မတန်စာတတ်သောကလေး... မဟုတ်မခံတတ်သော ကလေး....
ဒီကလေးလေးကို ဒိီလိုဘဝကြီးကနေလွတ်မြောက်အောင် ကယ်တင်စောင်မပေးတော်မူပါဘုရား၊ မှန်လှပါ ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိ ရတနာသုံးပါးအား ယုံကြည်မြတ်နိုး စုံမက်ကိုးကွယ်ပါ၏ဘုရား၊ ရွှေမျက်မာန်တော်လည်း ရှပါနဲ့ဘုရာ့ .. ထားရင်လည်းနေ သတ်ရင်လည်းသေရမဲ့ ကျေးတော်၊ကျွန်တော်မျိုးတွေပါဘုရာ့
YOU ARE READING
Dear Tharapa
Romanceသရပါတို့ဘဝမှာ မေမေ ဒေါသအကြီးအကျယ်ထွက်တာကိုထိုစဉ်ကသူမ ပထမဆုံးမြင်ဖူးခြင်းပင်... ဖေဖေ့ကို ပစ္စည်းများဖြင့်ကောက်ပေါက်သည်။ အိမ်ထဲဝင်မခံ အိမ်ရှေ့ပေါက်ဝ တွင်ဖေဖေအိပ်ရသည် ။ ဖေဖေ ဝမ်းနည်း ငိုယိုပြီးတောင်းပန်သည် ...မရ ။ နောက်ဆုံး အိမ်ရှေ့ကပြင်မှာပဲ ဖေဖေ အိပ...