အခန်း(၃)

312 9 0
                                    

" ချစ်သောသရပါ"

အခန်း (၃)
 
သိုးကလေ
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား၊စုံတောပြား၌
နံရှားကြိုင်လွင့်၊ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား၊ပန်းစံကား။
သိုးကလေ
စံကားပွင့်နှင့်
နှိုင်းတင့်နိုးသည်၊ရဲမျိုးသမီး
မောင်ကြီးနှမ၊ညက်လှပြာစင်
မယ့်သည်ပင်သည်၊ခရီးသား
သိုးကလေ
မြိတ်လွတ်စုလည်း
အငယ်တည်းက၊ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊သက်ထက်ဆုံးသည်
နုလုံးမခြား၊စောင့်တရား။
ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်၊ကျိုင်းစင်မြဝါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိ၊တုမရှိ 

"သရပါရေ ဒီနေ့ ညောင်ဦးဘက်သွားရမယ် သမီးလ်ိုက် ဦးမလား "

ကြီးကြီးနွဲ့က ရှေးအဖွားကြီးများထုံစံအတိုင်း နေပူဒဏ်ခံနိုင်ရန် သနပ်ခါးခြေဆုံးခေါင်းဆုံး လိမ်းကျံနေလျက်မှ သူမအား လှမ်းမေးလိုက်လေသည်။

"လိုက်မယ်လေ ကြီးနွဲ့ရဲ့   ဧည့်သည်တွေရှိတော့လည်း လမ်းပြ၊ ဘုရားသမိုင်းရှင်းပြနဲ့ လှူဖို့ရတာပေါ့"

သူမမှာ ခုနစ်ရက်ခုနှစ်လီ တစ်နှစ်စာအတွက် တာဝန်ထမ်းဆောင်ပြီးပြီမို့ ပုံမှန် လမ်းပြ၊သနပ်ခါးလိမ်း၊လက်ပန်းချီဆွဲ စသည့်အလုပ်များကို ပြန်လုပ်လို့ရလေပြီ...

"ဘုရားတွေဘက် မရောက်ဖြစ်လောက်ဘူး သရပါရဲ့  မိုးကုတ်က သူဌေးမ ဒေါ်ဆွေဆွေခင်  ထွက်ပွဲအမီရောက်လာပြီလေ  အဲ့ဒါ ညောင်ဦးစျေးနားက သူ့အိမ်မှာ ... အဖေကြီးတို့ အမေကြီးတို့နဲ့တိုင်တည် အပ်ပေးဖို့သွားရမယ်လေ"

သူမ ခေတ္တမျှစဉ်းစားဟန်ဖြင့် ငြိမ်သက်သွားပြီး...

"တော်ပါပြီကြီးနွဲ့ရယ်... မလိုက်တော့ပါဘူး ဘုရားတွေဘက်ပဲ သွားတော့မယ် ပြီးရင် တံခါးနားဆုံကြတာပေါ့ "

ဒေါ်နွဲ့မူက ဆံပင်အားထုံးပြီးဆံထိုးထိုးကာ သစ်ခွပန်းများဖွေးနေအောင်ပန်လိုက်လေသည်။ ထို့နောက်ဆံပင်အားသေချာစွာပြုပြင်နေရင်းမှ...

" ဒါဆို သမီးဆိုင်ကယ်တစ်စီးသပ်သပ်ယူသွား လိုက်နော် သရဖီပါ အနွဲ့နဲ့လိုက်မှာမို့ "

Dear Tharapa Where stories live. Discover now