အခန်း (၈)
" ဗုဒ္ဓဂုဏော ဓမ္မဂုဏော သံဃဂုဏော မာတာပိတုဂုဏော အာစရိယဂုဏော အစ္ဆိတံ ပတ္တိတံ တုံယှံ ခိပ္ပမေဝသမိဇန္တု သဗ္ဗေပုရန္တုသခံပေါ စန္ဓော ပန္တသော ပဏိဇောတော ရသောရထံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ"(အဘအောင်မင်းခေါင်၏ ပုတီးစိပ် မန္တန်)
စိတ်သာချပါ ဝိဇ္ဇာမပါလိမ့်မည်။##
"သရပါသမီးရေ... ရေနွေးအိုးဆူပြီလား "
"ဆူတော့မယ် ကြီးနွဲ့ရေ ...သရဖီရေ လာဦး မမကို ဒေါ်ပြုံးတို့ကုန်ဆိုင်က ဆားတစ်ထုပ်သွားဝယ်ပေးပါဦးကလေးရေ"
ဖင်ပေါ့သော သရဖီက သူငယ်ချင်းများနှင့် ဒိုးပစ်တမ်းဆော့နေရာမှထကာ ကြီးကြီးနွဲ့ထံမှ ပိုက်ဆံအားယူပြီး ရွာထဲသို့ပြေးထွက်သွားလေတော့သည်။ ထို့တော့မှ ကြီးကြီးနွဲ့က ဟင်းရွက်ကြော်နေသည့်အိုးအား လက်စသတ်ကာ သရပါအနားကပ်လာပြီး
"သရပါလေး... ဟိုကိုယ်တော်လေးကအတော်ချောနော် ...စော်ဘွားသွေးမို့လားမသိဘူး သမီးရယ်... ကျက်သရေရှိလိုက်တာဆိုတာ ကိုယ်တော်ကြီးလိုပဲ အိန္ဒြေရချက် ဆိုတာ "
လာပါချေပြီ ... သူမ၏ မင်းကြီး၊မင်းလေး ဆွေတော် မျိုးတော်အပေါင်း....
"သမီးလေး သရပါ အဲ့ဒါ သမီးလေးကို အဖေကြီးတို့ မ တာ သိလား ... မှန်လှပါ အဖေကြီးတို့ အမေကြီးတို့ ဆွေတော်မျိုးတော်အပေါင်းတို့ဘုရား... အဖေကြီးတို့ရဲ့ချီးမြှောက်မှုကို ဒီထက်မက ထင်ထင်ရှားရှားပြတော်မူပါဘုရား... "
"ကြီးကြီးနွဲ့ရေ.... "
"ဟင်းအိုးသွားကြည့်ပါပြီသမီးလေးရဲ့ "
သူမပြုံး၍သက်ပြင်းလေးသာခိုးချမိလိုက်လေတော့သည်။ ကြီးကြီးနွဲ့ကတော့ သီချင်းလေးတအေးအေး
"ချစ်စရာကောင်းသူကလေးရယ် မောင့် စိတ်ထဲမှာစွဲလန်းတယ် ... ငယ်ရာကကြီးလာသူမို့ သိပါတယ်ကွယ်ကွယ် ... တူနယ် တူနယ်"
သူမ သစ်သီးများလှီးနေရာမှာ
"ကြီးကြီးနွဲ့ရေ...."
"သီချင်းဆိုနေတာပါသရပါလေးရဲ့ "
ထမီရင်လျားကြီးနှင့် ဟိုပြေးဒီပြေးဖြင့် သူမထက်ပင် အပျော်လွန်နေသော ကြီးကြီးနွဲ့အား ကြည့်ကာ အသံပင်ထွက်အောင်ရယ်မိလိုက်လေသည်။ ပြောချင်တာရှိလျှင် ရှေ့နောက်မကြည့် ပြောတတ်သော ကြီးကြီးနွဲ့အား သေချာမှာကြားထားရသည်။
YOU ARE READING
Dear Tharapa
Romanceသရပါတို့ဘဝမှာ မေမေ ဒေါသအကြီးအကျယ်ထွက်တာကိုထိုစဉ်ကသူမ ပထမဆုံးမြင်ဖူးခြင်းပင်... ဖေဖေ့ကို ပစ္စည်းများဖြင့်ကောက်ပေါက်သည်။ အိမ်ထဲဝင်မခံ အိမ်ရှေ့ပေါက်ဝ တွင်ဖေဖေအိပ်ရသည် ။ ဖေဖေ ဝမ်းနည်း ငိုယိုပြီးတောင်းပန်သည် ...မရ ။ နောက်ဆုံး အိမ်ရှေ့ကပြင်မှာပဲ ဖေဖေ အိပ...