အခန်း (၁၇)
"ဆိုင်... အဲ့ဒါဆိုင့်မေမေလားဟင် ...ကြောက်စရာကြီး သရပါ့ကိုသဘောမကျဘူးနဲ့တူတယ်သိလား ...တစ်မျိုးကြီးပဲ"
သူမရင်ထဲ အမျိုးမည်မသိခံစားချက်အပြင် လေးလံသောစိတ်တို့က ရစ်ပတ်လွှမ်းခြုံလာလေ၏။
"မဟုတ်ပါဘူး သရပါရဲ့... အခုမှရုတ်တရက်တွေ့တော့...ဟို...အံ့ဩတာနေမှာပါ...မားကိုမပြောရသေးဘူးလေ.. "
ဟန်ဆောင်ကောင်းသူမို့သာ ဟန်မပျက်ဖြေလိုက်ရသည်... သူ့ရင်ထဲ ခဲဆွဲသလိုလေးလံသွားသည်ကတော့အမှန်ပင်ဖြစ်၏။
သရပါ့ကိုကြည့်ပြန်တော့လည်း မျက်နှာငယ်လေးနှင့်... သူ သရပါ့လက်ကလေးကို ဖျစ်ညှစ်ကာ ဆုပ်ကိုင်ရင်း သူတို့အတွက်စီစဉ်ထားသော သူငယ်ချင်းများရှိရာ VVIP ဝိုင်းသို့ ခပ်တည်တည်ပဲလျှောက်လာလိုက်သည်။ မာမားတို့က သူတို့နှင့်တစ်ဝိုင်းကျော် လုပ်ငန်းရှင်မိတ်ဆွေများဝိုင်းတွင် ခမ်းမိုနှင့်အတူထိုင်နေသည်ကိုတွေ့ရလေသည်။
အသိအကျွမ်းများသူဖြစ်သောကြောင့် စပ်ခွန်ဆိုင်သူမကိုလက်ဆွဲသွားရာတစ်လျှောက် နှုတ်ဆက်ကြ၊ စနောက်ကြလေသည်။
"ဟ... ပါစီတို့ကတော့ surprise ပဲဟေ့"
"စော်မရတော့ဘူးထင်နေတာဟေ့ရောင်ရေ... လင်ယူမယ်မှတ်တာ"
စသည်ဖြင့်အမျိုးမျိုးစနောက်ကြရာ သူမမှာ ဦးခေါင်းလေးသာတွင်တွင်ငုံ့လျက် ချစ်သူ၍လက်ကိုမလွတ်တမ်းဆုပ်ကာ နောက်မှထပ်ကြပ်မကွာလိုက်ပါလာခဲ့ရလေတော့၏။
တချို့ဆိုလျှင်သတို့သားနှင့်သတို့သမီးလာသည်ဟုပင်မှတ်ကြရကား ကင်မရာဖလက်ရှ်တို့ပင် တလက်လက် ထကုန်ရပေသည်။အားလုံးကတပြုံးပြုံးတပျော်ပျော်ပင်။ လူငယ်တွေဦးဆောင်ကာ စိတ်တိုင်းကျလုပ်သော wedding dinner ပေမို့ အများကြီးဇာချဲ့မနေ။ ခတ္တာအကြာတွင် စွမ်းထက်တို့အတွဲ၊ သူတို့သမီးဘက်မှအရံအတွဲတို့ ခြံရံကာ သတို့သားနှင့်သတို့သမီး ထွက်လာပြီး စင်မြင့်ထက်တွင်နေရာယူလိုက်ကြလေသည်။
"မင်္ဂလာသတို့သားနှင့်သတို့သမီးအား မင်္ဂလာပန်းကုံးနှင့် မင်္ဂလာ လက်စွပ်များအား ဆင်မြန်ပေးပါရန် Han Lon Family Enterprises မှ CEO မစ္စလီဟွာရှန်း အားဖိတ်ခေါ်အပ်ပါသည်ခင်ဗျာ"
YOU ARE READING
Dear Tharapa
Romanceသရပါတို့ဘဝမှာ မေမေ ဒေါသအကြီးအကျယ်ထွက်တာကိုထိုစဉ်ကသူမ ပထမဆုံးမြင်ဖူးခြင်းပင်... ဖေဖေ့ကို ပစ္စည်းများဖြင့်ကောက်ပေါက်သည်။ အိမ်ထဲဝင်မခံ အိမ်ရှေ့ပေါက်ဝ တွင်ဖေဖေအိပ်ရသည် ။ ဖေဖေ ဝမ်းနည်း ငိုယိုပြီးတောင်းပန်သည် ...မရ ။ နောက်ဆုံး အိမ်ရှေ့ကပြင်မှာပဲ ဖေဖေ အိပ...