အခန်း(၁၆)

145 4 0
                                    

အခန်း (၁၆)

ဤသို့ ဤသို့ဖြင့် သမက်လောင်းအား အမှတ်ကောင်းရုံတင်မက ဂုဏ်ထူးတန်းပါဝင်ထားသည့်အပြင် ခြံထဲတွင်ဧည့်ခံသည့်ညကတည်းက ပင် သမီးဖြစ်သူမှာ စဝ်ခွန်ဆိုင်အပေါ်တွင်ရင်ခုန်စိတ်လှုပ်ရှားနေကြောင်း ရိပ်စားမိပြီးသားဖြစ်ပေသည်။ ထို့ပြင် လူငယ်များပင်ဖြစ်သော်လည်း စဝ်ခွန်ဆိုင်တို့၏ကူညီရိုင်းပင်းမှုများ၊ကိုယ်ချင်းစာမှုများကိုမျက်မြင်တွေ့ရသည့်ပြင် အားနည်းသူများဘက်မှဖေးမတတ်သည့်စိတ်ဓါတ်ကိုလည်း သိထားပြီးပြီမို့ လက်မခံစရာ..မယုံနိုင်စရာအကြောင်းမရှိ ။ မိမိတို့ဘက်ကပင် ပြန်၍အားနာ စိုးရိမ်မိရသည်လေ... လူနေမှုအဆင့်အတန်းချင်းက ကွာခြားလှသည်မဟုတ်ပါလား။

ထို့ပြင် စဝ်ခွန်ဆိုင်ပင် ဒီလောက်အရှိန်ဝါကြီးနေပါလျှင် သူ၏မိခင်သာဆိုရင်ဖြင့် အဘယ်မျှ ထုထည်ကြီးမားမည်ကို မခန့်မှန်းမိ၍မဟုတ် ...သို့သော် ထိုပြဿနာများကိုထား... မိဘအပေါ်အမြဲသိတတ်၊ အနစ်နာခံတတ်သော သမီးကြီးသရပါရဲ့ ပျော်ရွှင်မှုများကိုမဖျက်ဆီးရက် ပေ။ အစကတားမည်ကြံသော်လည်း လူလေးကနွမ်းလျနေပေမဲ့ စိတ်အားထက်သန်မှု များဖြင့်ပြည့်နှက်နေသာအရောင်တောက်တောက်မျက်ဝန်းလေးတွေအားသနားသောကြောင့်မတားရက်တော့။  ဒေါ်နွဲ့မူကလည်း ဧည့်သည်များက ၁၂ရက်နေ့ ၁၃ရက်နေ့မှပြန်ကြမည်ဖြစ်သဖြင့် လိုက်၍မရ... ထို့ပြင်သရဖီလေးကလည်းရှိနေသေးသဖြင့်  သရပါကိုသာ စဝ်ခွန်ဆိုင်ထံ ယုံကြည်စိတ်ချစွာဖြင့် မင်္ဂလာဆောင်ပြီး တစ်ရက်နှစ်ရက်ခန့်လည်ပြီးပြန်လာပို့ရန် မှာကြားလိုက်လေတော့၏။

ရန်ကုန်တွင်လည်းသရပါ့အတွက်ပူစရာမရှိပါပေ။ စဝ်ခွန်ဆိုင်၏နေအိမ်တွင် ခြံစောင့်လင်မယားနှင့် အိမ်ကိုထိန်းသိမ်းရန် အိမ်တော်ထိန်းသဘောဖြင့် စောင့်ရှောက်နေသော အန်တီဝါလည်းရှိနေသောကြောင့်ပင်။ ဒါတောင်မှ မောင်မင်းကြီးသားက မင်္ဂလာဆွမ်းကျွေး ထားမလားဟုမေးနေသေး၍  အလျင်လိုရန်မလိုကြောင်း သဘောတူကြောင်း ၊စိတ်ချကြောင်း အလီလီအထပ်ထပ်ပြော၍လွှတ်လိုက်ရလေချေတော့၏။

##

      "နှောင်း"

ဆောင်းတငွေ့ငွေ့၊ဆောင်းတရားခြွေ
ဆောင်းညတွေဝယ်၊ဒီအလွမ်းတွေပြေပါ့မလား

Dear Tharapa Where stories live. Discover now