အခန်း (၄)
ပုဂံနေဝင်ဆည်းဆာက ပန်းချီကားတစ်ချပ်ကို ခြယ်မှုန်းထားသလိုပင် ... သက်ဝင်လှပလွန်းလှသည်။ ထ်ိုအချိန်ဆိုလျှင် Sunset View ကြည့်ရန် ရွှေဆံတော်ဘုရားတွင် ခရီးသွားဧည့်သည်များ ပြည့်ကျပ်နေမည်မှာမလွဲပင်။
ပုဂံတွင် နေဝင်ချိန်ကြည့်လို့ရသည့်ဘုရား ကျွန်တော် လေ့လာရသလောက် ခုနှစ်နေရာရှိပါသည်။
သို့သော် ၂၀၁၉ ကစ၍ စေတီ ပုထိုးတွေရဲ့ ကြံ့ခိုင်မှုအတွက် ရွှေဆံတော်ဘုရားလိုနေရာမျိုးများအား တက်ခွင့်မပြုတော့ ။
(ယခုအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သောအချိန်သည် ၂၀၁၀ -၂၀၁၂ ခုနှစ်ခန့်တွင်ဖြစ်ပါသောကြောင့် အချိန် ၊ နေရာ၊ အနေအထားများကွာခြားမှုရှိပါတယ်။ )
စာဖတ်သူမိတ်ဆွေများ အလည်အပတ်ရောက်ဖြစ်ရင် Sunset, Sunrise View ကြည့်လို့ရတဲ့နေရာလေးတွေကို ကျွန်တော်သိသလောက် ထည့်ရေးပေးလိုက်ပါတယ်။
1- စူဠာမဏိ တောင်ကုန်း view point
2- ညောင်လက်ဖက် ရှုခင်းကြည့်တောင်ကုန်း
3- အရှေ့အိုးထိန်းတောင်
4- တစ်ယောက် ၈၀၀၀ ကျပ်ပေးရတဲ့ Bangan Viewing Tower ( ယခုတော့ရမရမသိပါ)
5 - နောက်ထပ်တစ်နည်းကတော့ နံနက်စောစော ဧရာဝတီမြစ်ထဲ ငှက်စီးပြီးလည်း View ကြည့်လို့လှပါတယ်
6- ဧရာဝတီမြစ်ကမ်းနံဘေးက စာရေးသူအနှစ်သက်ဆုံး ထဲက တစ်ခု "လောကနန္ဒာဘုရား"
7- ဗူးဘုရား(ဤကား စကားချပ် ၊ မိတ်ဆွေစာဖတ်သူတို့ သွားဖြစ်တဲ့အခါ သွားစရာနေရာလေးတွေ ပိုတာပေါ့ခင်ဗျာ)
ထိုနေ့က သူမ ဘယ်မှလျှောက်မသွားဖြစ်ခဲ့...ကလေးတွေနဲ့အတူ အကြော်ဆိုင်ထိုင်တော့လည်း တို့ကနန်း ဆိတ်ကနန်း သာစားဖြစ်သည်။ သူမ ရင်တုန်နေသည်လား၊ ရင်ခုန်နေသည်လား ဝေခွဲမရ
သို့တည်းမဟုတ် အပျိုပေါက်စလေးများ ဖြစ်နေကျထုံးစံအတိုင်း ခပ်ဖြောင့်ဖြောင့် ကောင်လေးများနှင့် ဆုံလျှင် ဖြစ်တတ်သည့် သဘာဝဖြစ်နေမည်လော။
အို...မဖြစ်နိုင် ။ ဘယ်လိုနည်းနှင့်မျှမဖြစ်နိုင်
သူမအသက်ပင် နှစ်ဆယ့်နှစ်နှစ်ကျော်လေပြီ ။ မြီးကောင်ပေါက်လေးများလို ရင်မခုန်တတ်။ ဘုရားဖူးဧည့်သည် ချောချော လေးများလည်းမကြာခဏသူမဆုံဖူးသည်၊ လမ်းပြလုပ်ဖူးခဲ့သည် ၊ သူမ မည်သို့မျှရင်မခုန်တတ်ခဲ့၊ ယုတ်စွအဆုံး ရွာထဲ မြို့ထဲမှ လုလင်ပျို ၊လုလင်အိုတို့အစုံ သူမအား ကြိုးစားခဲ့ဖူးသည်... သို့သော် သူမ စိတ်လှုပ်ရှားခြင်းအလျဉ်းမရှိခဲ့။

YOU ARE READING
Dear Tharapa
Romanceသရပါတို့ဘဝမှာ မေမေ ဒေါသအကြီးအကျယ်ထွက်တာကိုထိုစဉ်ကသူမ ပထမဆုံးမြင်ဖူးခြင်းပင်... ဖေဖေ့ကို ပစ္စည်းများဖြင့်ကောက်ပေါက်သည်။ အိမ်ထဲဝင်မခံ အိမ်ရှေ့ပေါက်ဝ တွင်ဖေဖေအိပ်ရသည် ။ ဖေဖေ ဝမ်းနည်း ငိုယိုပြီးတောင်းပန်သည် ...မရ ။ နောက်ဆုံး အိမ်ရှေ့ကပြင်မှာပဲ ဖေဖေ အိပ...