အခန်း(၆)

209 3 0
                                    

အခန်း (၆)

"ဝဏ္ဏဒိဗ္ဗ နာမတွင်သည်..ပုပ္ပါးတောင်ကလပ်...ဟေ့  ပြည်ဝင်တဲ့သား
ယောကျာ်းဘသား ဘုရားဆုပန်...
မြင့်မြတ်တဲ့ ဇဗ္ဗူကျော်  အတူခေါ်ခဲ့လေး
ရန်စွယ်တွေ ခွင်းပ ...အလင်းရအောင် ဆောင်ကျဉ်းပါလှည့်

မဟာစည်တီး မိုးကြီးညံ​ညံ ရွှေရည်ငွေရည်
သွန်းဖြိုးရွာလျက် ... ခန္ဓာဝန်ချ... ဌာနေကထွက် ကယ် မ ကြည့်ရှု ဂန္ဓာရီလှည့်ပြီ... အဖေကြီးမင်းခေါင် အောင်ပါစေသား အောင်စေသားဟေ့ ... အောင်ပါစေသား အောင်စေသား"

##

ခြံဝိုင်းတံခါးဝ ရောက်တော့ ဖေဖေ့ဆိုင်ကယ်တွေ့ရသဖြင့် အံ့အားသင့်သွားမိသည် ။ တော်ရုံ ကြားရက်ထဲ ဖေဖေပြန်မလာတာများလေ၏။ ပိတ်ရက်များမှသာ လာနေလေ့ရှိသည် ၊ ဒါတောင် တစ်ခါတစ်ရံမှသာ... သူစိတ်ကူးပေါက်ရင် ပေါက်သလို ပုပ္ပါးတောင်တွင်ပင် ပုတီးစိပ်ရင်းအိပ်သည်ကများလေသည်... ထန်းတောတွင်တော့ နေ့လယ်ပိုင်းနေလေသည်...

ဖေဖေဟာ မေမေမရှိတော့ကတည်းက မပျော်တော့၊ အရယ်အပြုံးနည်းသွားကာ ပုတီးပဲစိပ်နေတာများတော့သည်... အရာရာကို သံယောဇဉ်လျှော့ချလိုက်ဟန်တူသည်။
သရပါတို့ညီအစ်မနှင့် မေမေ့ကိုသာ ယှဉ်ရွေးရမည်ဆိုခဲ့လျှင် သူမတို့ကို မရွေးမှာအသေအချာပင် ။ ထိုမျှဖေဖေသည် မေမေ့ကို ကမ္ဘာထင်ခဲ့၏

သူမ  မှတ်မိသေးသည်။ သူမ ၈တန်း၊ သရဖီလေး သူငယ်တန်း တုန်းက ....  ဖေဖေ တစ်ဖက်ရွာတွင် အလှူရှိ၍ သောက်စားပြီး တော်တော်လေးမူးလာသည်။ မူးလာတာက ကိစ္စမရှိ မေမေအမှတ်တရဝယ်ပေးထားသော ဆွဲကြိုး ကျပျောက်လာခြင်းပင် ။

သရပါတို့ဘဝမှာ မေမေ ဒေါသအကြီးအကျယ်ထွက်တာကိုပထမဆုံးမြင်ဖူးခြင်းပင်... ဖေဖေ့ကို ပစ္စည်းများဖြင့်ကောက်ပေါက်သည်။ အိမ်ထဲဝင်မခံ အိမ်ရှေ့ပေါက်ဝ တွင်ဖေဖေအိပ်ရသည် ။ ဖေဖေ ဝမ်းနည်း ငိုယိုပြီးတောင်းပန်သည် ...မရ ။ နောက်ဆုံး အိမ်ရှေ့ကပြင်မှာပဲ ဖေဖေ အိပ််ရသည်... ဆောင်းညမို့အတော်ချမ်းဓါတ် ကစိမ့်စိမ့်... ဖေဖေက စောင်ထမခြုံ... ခြေရင်းတွင် မေမေက စောင်တစ်ထည်ပစ်ပေးသွားသည်... ဂျစ်ကန်ကန်ဖြင့် တမင်ထမခြုံခြင်းပင်။

Dear Tharapa Where stories live. Discover now