အခန်း(၇)
##
" တကယ်မသိလို့ပါ စော်ဘွားလေးရယ် ... ဒီကိုလည်း နင်တို့က လာခဲတာကိုး ကွယ် ... ပိုင်ရှင် ဦးသန်းကိုလည်းတောင်းပန်ပါတယ် ...ဘေးကသမီးလေးလည်း အန်ကယ်တောင်းပန်ပါတယ်နော်"
လူဝကြီးက သူ၏အဝလွန်၍ ဖောင်းကားနေသော ဗိုက်ပူကြီးအား အနိုင်နိုင်သယ်၍ ကားပေါ်မှ ဆင်းဆင်းချင်းပင် စဝ်ခွန်ဆိုင်အား တရိုတသေ နှုတ်ဆက်လိုက်လေသည်။ နဖူးမှထွက်လာသောချွေးများက စီးပင်ကျနေသည်။
သူက သူ၏ ကားဒရိုင်ဘာကမ်းပေးသော မျက်နှာသုတ်ပဝါအားယူ၍သုတ်လိုက်ပြီး
"ဟိတ်ကောင် ရှောက်သီး... စော်ဘွားလေးကိုသေချာတောင်းပန်လိုက်စမ်း"
ရှောက်သီးဆိုသောလူက လူဝကြီးနောက်တွင် ကျုံ့ကျုံ့လေး မတ်တပ်ရပ်လျက်...
စဝ်ခွန်ဆိုက်က လက်ကာပြလိုက်ပြီး lucky strike စီးကရက်တစ်လိပ်အားထုတ်၍မီးညှိလိုက်ပြီး
"နေပါစေတော့ ...လုံလောက်ပါပြီ ...နေကောင်းရဲ့လား ဦးလောက်ဟူ "
"ကောင်းပါရဲ့စော်ဘွားလေး... မယ်တော်ရော ကျန်းမာရဲ့လား ခင်ဗျာ ...ဂါရဝလာပြုပါဦးမယ်လို့စကားပါးပေးပါဦး "
"ပြောလိုက်ပါ့မယ်... ဒါနဲ့ခင်ဗျားတို့လူတွေလာရှုပ်တာ ဒိီနယ်သားတွေစိတ်အနှောင့်အယှက်အတော်ဖြစ်သွားတယ် ... အဲ့ဒါဘယ်လို..."
လူဝကြီးက ပြာပြာသလဲဖြင့်
"ဟာ... စိတ်ချပါ စီစဉ်ထားပါတယ် အမ်းငွေကို နှစ်ဆတိုးပေးဖို့စီစဉ်ထားပါတယ် စိတ်ချပါ စိတ်ချပါ"
စဝ်ခွန်က စိတ်ပျက်ဟန်ဖြင့် ခေါင်းကိုခါယမ်းလိုက်ကာ...
"ကျွတ်... ခက်တာပဲ ... ခင်ဗျားပေးတဲ့ငွေလောက်ကတော့ ကျုပ်ဆယ်ဆမက ပေးလိုက်လို့ရတယ် "
လူဝကြီးက အထိတ်တလန့်ဖြစ်သွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ...
"ဒါ... ဒါဆို... ဘယ်.. ဘယ်လို လုပ်ပေး"
" အခုခင်ဗျား project တွေကိုဖျက်သိမ်းပေးရမယ်... နောက်တစ်ခုကတော့ အမ်းငွေတွေကို ပြန်မယူရဘူး အထူးသဖြင့် နောက်ဆို ဒိီပတ်ဝန်းကျင်မှာ မိုးနဂါး company ကလူတွေ မတွေ့ချင်ဘူး "
YOU ARE READING
Dear Tharapa
Romanceသရပါတို့ဘဝမှာ မေမေ ဒေါသအကြီးအကျယ်ထွက်တာကိုထိုစဉ်ကသူမ ပထမဆုံးမြင်ဖူးခြင်းပင်... ဖေဖေ့ကို ပစ္စည်းများဖြင့်ကောက်ပေါက်သည်။ အိမ်ထဲဝင်မခံ အိမ်ရှေ့ပေါက်ဝ တွင်ဖေဖေအိပ်ရသည် ။ ဖေဖေ ဝမ်းနည်း ငိုယိုပြီးတောင်းပန်သည် ...မရ ။ နောက်ဆုံး အိမ်ရှေ့ကပြင်မှာပဲ ဖေဖေ အိပ...