အခန်း(၁၅)
"ဇိတံမေ အောင်ပြီ
ဇိတံမေ အောင်ပြီ
ဇိတံမေ အောင်ပြီဟေ့"ကားလေးက ပုပ္ပါးမှပုဂံသို့တရိပ်ရိပ်ပြေးနေလေသည်။ နှစ်ယောက်သားအတွေးကိုယ်စီဖြင့်ငြိမ်သက်လာကြသောကြောင့် တစ်ဦးကိုတစ်ဦးစကားမဆိုမိ...
ပုဂံမြို့အဝင်ရောက်ခါနီးမှ စွမ်းထက်က ....
"ပါစီ...မင်းငါဘာလို့ငြိမ်နေလဲမမေးတော့ဘူးလား"
သူမသိ၍မဟုတ်သိသည်... စွမ်းထက်ကအနည်းငယ်ထူးခြားသည်ဟုဆိုရမည်...ဒီကောင် စိတ်တွေလေးလံလာလျှင် မကြာခင်ပြဿနာမုချတက်တတ်သည်... ခဏခဏဆိုတော့မယုံ၍မရတော့...
" မင်းစိတ်တွေလေးနေပြန်ပြီလား... "
"....."
"ဟေ့ရောင်ငစွမ်း...ကားမောင်းနေတာငါပါဟ မင်းကလည်း ငိုင်လိုက်တာ အသေကောင်ကျနေတာပဲ"
"မင်းသရပါနဲ့ တွဲလိုက်ပြီမဟုတ်လား... စောသေးတယ်လေကွာ ဟူး"
စွမ်းထက်ကလေပူတွေမှုတ်ထုတ်လိုက်ရင်းညည်းညူလိုက်လေသည်။
"ဟ မင်းပဲ ကြိုက်ရင်ဝိုက်ဆို...အမျိုးမျိုး..."
"ကျွတ်... မင်းကမြန်လွန်းတယ်လေကွာ ငါက ၃လလောက်အချိန်ယူ ၊ မာမားအရိပ်အကဲကြည့်ရင်းဖြည်းဖြည်းချင်း နားသွင်းစေချင်တာ အခုဟာက မင်းကွာ... _ီး တွေဖြစ်ကုန်တော့မှာပဲ ...ဟူး.... ငါ့စိတ်တွေစောက်ရမ်းလေးနေတယ်ကွာ မင်းသိလား....ဟင်း"
စွမ်းထက်၏လေသံကတကယ်ကြီး ခဲဆွဲထားသည့်နှယ်.... ကြားရသည့်သူအဖို့မှာပင် စိတ်ကိုလေးလံစေလောက်အောင်ကို အမှိုင်းဓါတ်များကပြည့်နှက်နေလေသည်။
"ငစွမ်းမင်းကလည်းကွာ... ငါရည်းစားရတာ Congratulation လုပ်ဖို့မတွေးပဲ စိတ်ညစ်စရာတွေ လျှောက်ပြောနေတယ်...မင်းပဲငါ့ကိုအမြဲပြောနေတာလေ ဘယ်အရာဖြစ်ဖြစ်အစွန်းမရောက်ဖို့ "
"အေးပါ...ဆောရီးသူငယ်ချင်းရာ ငါအတွေးလွန်နေတာနဲ့ မင်းကိုဖိပြောမိနေတာ... ခွေးမသား ကွန်ဂရက်ကျူလေးရှင်း ကွာ ... ဒါပေမဲ့ မင်းတို့အများကြီးရင်ဆိုင်ရတော့မယ်သားကြီး"
YOU ARE READING
Dear Tharapa
Romanceသရပါတို့ဘဝမှာ မေမေ ဒေါသအကြီးအကျယ်ထွက်တာကိုထိုစဉ်ကသူမ ပထမဆုံးမြင်ဖူးခြင်းပင်... ဖေဖေ့ကို ပစ္စည်းများဖြင့်ကောက်ပေါက်သည်။ အိမ်ထဲဝင်မခံ အိမ်ရှေ့ပေါက်ဝ တွင်ဖေဖေအိပ်ရသည် ။ ဖေဖေ ဝမ်းနည်း ငိုယိုပြီးတောင်းပန်သည် ...မရ ။ နောက်ဆုံး အိမ်ရှေ့ကပြင်မှာပဲ ဖေဖေ အိပ...