အခန်း -၁၉
"ငြိုပလေ ... ငြိုပလေ မိုးဒေဝါ
မျက်မာန်ရှ မျက်ဒေါသ မောဟတို့ပြင်
တုနှိုင်းမဲ့ရတနာ....မြင်ပါဘူးရယ်လေး
သံသရာ လည်နေတုန်းလေ...ဆပ်လိုက်ဝဠ်ကြွေး။ "##
" အိပ်နေတုန်းလား..."
သူ၏အမေးအား အားကျ်ိုင်းက ခေါင်းဆတ်ပြလိုက်ပြီး လိုက်ကာခန်းဆီးများကို အလင်းရောင် မဝင်စေရန် သေချာစစ်ဆေးလိုက်လေသည်။
"မအိပ်သေးပါဘူး... ငါခွန်ဆိုင်နဲ့နှစ်ယောက်တည်းစကားပြောချင်တယ် "
အားကျိုင်းက ချက်ချင်းပင် သူမအား ဦးညွတ်ကာ အခန်းအပြင်သို့ထွက်သွားလေတော့၏။ သူက လက်ထဲတွင် ကိုင်ဆောင်လာသော ပန်းများအား သူမကုတင်နံဘေး စားပွဲပေါ်ရှိ ပန်းအိုးလေးထဲထိုးစိုက်လိုက်သည်။
"ဘာတွေလျှောက်လုပ်နေတာလဲ ...ကိုယ့်အသိုင်းအဝိုင်းမျက်နှာ ကိုယ်မကြည့်တော့ဘူးလား"
သူခတ်မဆိတ်နေလိုက်ပြီး မျက်လုံးတစ်ဖက်ဒေါင့်ကပ်ကာ သူမအား တစ်ချက်ကြည့်လိုက်သည်။
"ခွန်ဆိုင်.... သား ဒီတစ်ခါ မာမားအပေါ်တအားများတယ်ကွယ်... "
သူမကထထိုင်လိုက်ရင်း ဘေးမှ ခန်းဆီးရီမုကိုကောက်ယူကာနှိပ်လိုက်လေရာ ခန်းဆီးများမှာ ဘေးသို့လိပ်သွားပြီး လူများ၊ကားများ၊ဆိုင်ကယ် လက်တွန်းလှည်းများ... မိုးထိုးနေသောတိုက်တာများ....
" ဟောဒီ bangkok မြို့ကြီးကိုကြည့်လိုက်မာမား. လက်ရှိဆောက်နေဆဲ project တွေနဲ့... ချင်းမိုင် ပတ္တရား လည်းထိုနည်းလည်းကောင်းပဲ... လူငယ်တွေရဲ့ အတွေးအခေါ်၊ ခံယူချက်တွေ အစစအရာရာ တိုးတက်လာနေပြီ ... မာမားလည်း ပတ္တရားကလူငယ်တွေနဲ့ project တစ်ချို့လုပ်ဖို့စီစဉ်ထားတာပဲ ဒီဘက်ခေတ်မှာ ရှေးရိုးစွဲအယူတွေ၊ လူတန်းစားခွဲခြားမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေကို ခဝါချခဲ့သင့်တယ် "
သူကတည်ငြိမ်ရင့်ကျက်သောလေသံဖြင့် ပြတင်းပေါက်မှတစ်ဆင့် ဘန်ကောက်မြို့၏ မီးရောင်စုံအလှများကိုငေးမောရင်း ဆိုလိုက်သည်။
မဲ့ပြုံးပြုံးလိုက်ရင်း စီးကရက်တစ်လိပ်ကိုမီးညှိလိုက်သော သူမအား ပြတင်းမှန်မှတစ်ဆင့်မြင် ဖြစ်အောင်မြင်လိုက်သေးသည်။
YOU ARE READING
Dear Tharapa
Romanceသရပါတို့ဘဝမှာ မေမေ ဒေါသအကြီးအကျယ်ထွက်တာကိုထိုစဉ်ကသူမ ပထမဆုံးမြင်ဖူးခြင်းပင်... ဖေဖေ့ကို ပစ္စည်းများဖြင့်ကောက်ပေါက်သည်။ အိမ်ထဲဝင်မခံ အိမ်ရှေ့ပေါက်ဝ တွင်ဖေဖေအိပ်ရသည် ။ ဖေဖေ ဝမ်းနည်း ငိုယိုပြီးတောင်းပန်သည် ...မရ ။ နောက်ဆုံး အိမ်ရှေ့ကပြင်မှာပဲ ဖေဖေ အိပ...