Dear tharapa
အခန်း(၅)
"ဝူး...ဂျစ် ဂျစ် ကလစ် "
"ဟာ ဒုက္ခပါပဲ ...အရေးထဲဆိုင်ကယ်ကဖောက်ပြီကွာ နောက်ကျကုန်တော့မှာပဲ"
သူမစိတ်ပျက်လက်ပျက်ဖြင့် ဆိုင်ကယ်ပေါ်မှဆင်းကာ ဆိုင်ကယ်အား ဟိုကိုင်ကြည့်၊ ဒီကိုင်ကြည့်ဖြင့်စစ်ဆေးလေ၏ သို့သော် သူမဆိုင်ကယ်မပြင်တတ်။
ခက်လေပြီ... ၆နာရီပင်ထိုးပြီးလေပြီ မိုင် ၂၀ကျော်လိုသေးသည် ခရီးတစ်ဝက်ပင်မပေါက်သေး လမ်းဘေး ဝဲယာ ထန်းတောများကြားမှ နေလုံးမှာ တစ်စထက် တစ်စ မြင့်တက်လာနေလေပြီ...
"ဟင်း... မတတ်နိုင်ဘူးလေ နောက်ကျလို့ စောင့်တော့လည်းစောင့် မစောင့်တော့လည်း အခြားကလေးတွေအလုပ်ရတာပေါ့လေ"
သူမခပ်ညည်းည်းလေးသာမုဒိတာပွါးလိုက်လေသည်။ ရာသီဥတုလေးကအေးစိမ့်စိမ့်လေးပေမယ့် သူမ နဖူးတွင် စိန်ပွင့်လေးများနှယ် ချွေးစက်လေးများက တလက်လက်...
ဆ်ိုင်ကယ်တွန်းသွားလျှင်ပင် အနီးဆုံးရွာတန်းရောက်ဖို့အတော်ဝေးလေသည်...
( ထိုတုန်းက အခုကျွန်တော်တို့ ထန်းတော ဆိုင်ကြီးတွေ မရှိသေးဘူးခင်ဗျ၊ ရွာတန်းရှည်တွေ နဲ့ ထန်းရည်ဆိုင်လေးတွေပဲ ကြိုကြားကြိုကြား တွေ့ရတတ်ပါတယ် )" ဟေး သရပါလေး ... "
ဆိုင်ကယ်သံနှင့်အတူ သူမရပ်နေရာလမ်းနံဘေးသို့ဦးတည်လာသည်ကား ထီးလိုမင်းလိုဘုရားတွင် လုံခြုံရေး နှင့်ဘုရားသန့်ရှင်းရေး တာဝန်ခံ ဘဘဦးရွှေဘော် ... ရွာထဲတွင်လည်း အရပ်လူကြီးလိုဖြစ်နေ သည်ကတစ်ကြောင်း၊ ကလေးများနှင့်ညဆို သူ၏ခြံထဲရှိကွပ်ပျစ်ကြီးပေါ်တွင် ဝိုင်းထိုင်ခိုင်းပြီး မုန့်ပဲသွားရေစာများကျွေးပြီး ပုံတို ပတ်စများ ပြောပြလေ့ရှိသောကြောင့် ရွာအရှိလူများက လေးစားချစ်ခင်ကြလေ၏။
"သမီး ဆိုင်ကယ်က ဆီမလိုက်တာထင်တယ်"
ဘဘက စစ်ဆေးပြီး သူမအားပြောလိုက်လေသည်.. သူမက စိတ်ညစ်သွားဟန်ဖြင့် မျက်နှာလေးကိုမဲ့လိုက်ပြီး သက်ပြင်းလေးတစ်ချက်ခိုးချလိုက်လေသည်။
YOU ARE READING
Dear Tharapa
Lãng mạnသရပါတို့ဘဝမှာ မေမေ ဒေါသအကြီးအကျယ်ထွက်တာကိုထိုစဉ်ကသူမ ပထမဆုံးမြင်ဖူးခြင်းပင်... ဖေဖေ့ကို ပစ္စည်းများဖြင့်ကောက်ပေါက်သည်။ အိမ်ထဲဝင်မခံ အိမ်ရှေ့ပေါက်ဝ တွင်ဖေဖေအိပ်ရသည် ။ ဖေဖေ ဝမ်းနည်း ငိုယိုပြီးတောင်းပန်သည် ...မရ ။ နောက်ဆုံး အိမ်ရှေ့ကပြင်မှာပဲ ဖေဖေ အိပ...