အခန်း(၂) ရဲ့အပိုင်း ၁

458 10 3
                                    

အခန်း(၂)  .....ရဲ့ အပိုင်း -၁

"အတုလေးရယ်နဲ့ ယှဉ်ကာပြိုင် 
  ဖဲမွေ့ရာရွှေကော်ဇော
  ရောနှောလို့ထိုင်

ပျိုတိုင်းကြိုက်ပါတဲ့နှင်းဆီခိုင် နှင်းဆီခိုင်
ခွင်လုံးပိုင်တဲ့ ဝိုင်းတော်သား
ဝေးရာကရှား "

-နတ်ချင်း-

"ဖြန်း... ဖြန်း"

ခြင်ရိုက်သံကြောင့်သူ ဖိုးစွမ်းအား မျက်လုံးပြူးကြည့်ကာသတိပေးလိုက်သည်။ ဖိုးစွမ်းက ငါသိပါတယ်ဟူသော မျက်နှာပေးနှင့် ပြန်ပြူးကြည့်လေသည်။

"ချွတ် ... အားလုံ၊ အားကျိုင်း ၃ နာရီနဲ့ ၉ နာရီကောင်လေးတို့"

သူ၏စကားအဆုံးတွင် အမွှာ နှစ်ယောက်က သူ၏ ဘယ်တောင်ပံနှင့် ညာတောင်ပံ တွင် ကိုယ်စီ နေရာယူ အသင့်ပြင်လိုက်ကြ၏။

အားကျိုင်းက မြေကြီးကိုနားဖြင့်ကပ်ကာ ငြိမ်ဝပ်စွာဖြင့် သေချာနားထောင်နေလေသည်။ သူသည် ခွန်ဆိုင့်အပေါ် အင်မတန် သစ္စာရှိကျိုးနွံသော ညီအကိုပမာ တပည့်ရင်းတစ်ယောက်ဖြစ်လေသည်။

သူ့အကို အားလုံကတော့ သိပ်ကျပ်မပြည့် ၊သို့သော်လည်း ဗမာ့သိုင်း၊သိုင်းပြောင်းပြန် အလွန်ကျွမ်းကျင်သည်။ လူတစ်ယောက်အားလက်ဗလာဖြင့် အသက်ပျောက်သွားအောင် တိုက်ခိုက်နိုင်သည်။

စဝ်ခွန်ဆိုင်အတွက်ဆိုလျှင် ငရဲကိုပျော်ပျော်ကြီးသွားမည့်သူပင်။ ခွန်ဆိုင့် ကိုအင်မတန်ချစ်သောသူ။

ထိုအမွှာညီအစ်ကိုမှာ ခွန်ဆိုင်ငယ်စဉ်ကတည်းက ခွန်ဆိုင့်မယ်တော်၏ အချစ်ဆုံး မောင်းမ  နွမ့်ခမ်း ဆိုသော မိန်းမလှကြီး၏ သားများဖြစ်ကြလေသည်။

"ဝူး ..ဝူး ဝေါ ဝရော"

Offroad ကားအင်ဂျင်သံများတစထက်တစ်စ နီးကပ်လာလေပြီ... လမ်းမှာ တရားဝင်လမ်းမဟုတ် ... တောလမ်း ... သာမန်ဆလွန်းများဖြတ်၍မရ ... လမ်းကြမ်းသည်။

ယာဉ်တန်းရှေ့ဆုံးတွင် လက်နက်ကိုယ်စီဖြင့် Ford F-150 FX4 ပေါ်တွင် လက်နက်ကိုယ်စီဖြင့်လူများ ၊ ထိုကားအနောက်တွင်တော့ Mercedes Offroad Gtype ကား..ထိုကားနောက်တွင်လည်း နောက်ထပ် Ford တစ်စီးဖြင့် ခြံရံလာကြလေသည်။.. Mercedes ထဲတွင်တော့ လောက်ကိုင်မှ လောင်းကစားရုံပိုင်ရှင်၊မှောင်ခိုဂိုဏ်းခေါင်းဆောင် ဖူလုံနှင့်အတူ စွမ်းထက် အရူးအမူး လိုချင်နေသော  နန်းမူဆိုသော ဖူလုံ၏ အတွင်းရေးမှူး ကောင်မလေးပါမည်မှာမလွဲပင်။

Dear Tharapa Where stories live. Discover now